လောင်းကြေးနိုင်ရင် မုန့်ဖိုးပေးမယ် သူငယ်ချင်းတို့
နိုင်မှာကလဲ သေချာတယ်လေ။
ဒီရေတက်တာဟာ ပင်လယ်ထဲက ကျောက်တုံးကြီးက ရေအန်လို့ ဆိုတဲ့
ပါချုပ်ဆရာတော် တရား အသံဖိုင်လေး ပြန်ရှာပေးကြပါဦး။
ကျနော့်စိတ်ထဲမှာ ဒီလူ့ အပေါ် ဘာမှ မရှိပါဘူး။
ဘာမှလည်း မခံစားရပါဘူး။
သင်ခန်းစာရစေလိုတာ တခုတော့ ရှိတယ်။
၁။ သူ့လိုပဲ လူအများစုဟာ ကိုယ်လေးစားယုံကြည်သူတဦးကို တကိုယ်လုံးပစ်ပြီး ယုံကြည်တတ်ကြတယ်။
~ တကယ်တော့ လူဆိုတာ လူ့ကျင့်ဝတ်အရလဲ
ဖေါက်ပြန် ပြောင်းလဲတတ်တဲ့ သဘော ရှိပါတယ်။
*ဒါကို သတိထားတတ်သင့်တယ်။
~ နောက်တခုက ကိုယ်ယုံကြည်ရတဲ့ အကြောင်းရင်းကို အသေးစိတ် နားလည်ထားသင့်တယ်။
ဆိုလိုတာက ဒီလူက ခိုးမယ့်လူ မဟုတ်ဘူး။ လိမ်မယ့်သူ မဟုတ်ဘူး၊ စသဖြင့် ယုံကြည်ရပေမယ့်
~ တခြား မဆိုင်ရာကို ရောပြီး မယုံကြည်ရဘူး။
ဥပမာ ပညာတတ်ဆရာဝန်ဖြစ်နေပေမယ့် တခြား သူနားမလည်တဲ့ ဆင်ခြင်တုံတရားဆိုင်ရာမှာ အားနည်းနေတာ၊ သူ့လောဘအရ ‘နတ်မတာကို ယုံကြည်နေတာ’ စတာမျိုးတွေ ရှိနေတတ်ပါတယ်။
~ ဒါကြောင့် ‘ ပါချုပ်ဆရာတော်’ကို ဘုန်းကြီးတပါးအဖြစ် ယုံကြည်သင့်သည်အထိ ယုံကြည်လို့ ရပါတယ်။
~ စာတတ်သူ ဖြစ်တာကြောင့် ဘာသာရေးစာတွေ ကျွမ်းကျင်တာကိုလဲ ယုံကြည်လို့ ရပါတယ်။
~ ဒါပေမယ့် ‘ ရှေးခေတ်’ လူတွေ ဥာဏ််တုံးစဉ်က ရေးခဲ့တဲ့ သဘာဝလောက အကြောင်းတွေဟာ
‘ သိပ္ပံပညာ’ ထွန်းကားလာတဲ့အခါ ရယ်စရာ ဖြစ်လာတာကို သာမန် ဗဟုသုတရှိသူတိုင်း သိကြပါတယ်။
~ ဒါကြောင့် အဲ့ဒီစာတွေကို ဘယ်သူကပြောပြော၊ ဒါဟာ ရယ်စရာဟာသ၊ လှောင်စရာ ဖြစ်နေမှာပါပဲ။
~ ဒါတွေကို ယုံကြည်တာဟာလဲ လွဲချော်မှု ပါပဲ။
* အဲ့ဒီတော့ အဲ့ဒီလို ယုတ္တိမတန်တာတွေကို ‘ ငါတို့ လေးစားရတဲ့ ပါချုပ်ဆရာတော်ကြီး’ က ပြောတာ ဖြစ်နိုင်ပါ့မလား ဆိုတာမျိုး မတွေးသင့်ပါဘူး။
~ သူက ကျက်မှတ်ထားတဲ့စာတွေ ထူးချွန်လို့ လေးစားရတာမို့
၁။ ဆင်ခြင်တုံတရား ဆိုင်ရာကိစ္စမှာ
၂။ သဘာဝတရားအကြောင်းကို ဆွေးနွေးရာမှာ
သူဟာ ‘ တခြားသူထက်သာသူ’ အဖြစ် မရှိနေဘူး ဆိုတာကို ရိုးရိုးလေး နားလည်ရမှာပါ။
~ ဒီရေအကြောင်း ပြောရင် ဦးထွန်းလွင် စကားကို ရိုရိုသေသေ နားထောင်ရမှာဖြစ်ပြီး ပါချုပ်ဆရာတော် ပြောရင်တော့ သူငယ်တန်းကလေး တောက်တီးတောက်တတ် ပြောသလို သဘောထားရမှာပါ။
~ နောက်တခု သင်ခန်းစာက ‘ စိတ်ပိုင်းဆိုင်ရာ’ ပါ။
~ ငါယုံကြည်ထားတဲ့လူ၊ ယုံကြည်ထားတဲ့ အကြောင်းအရာကို မှားတယ် လို့ ကြားရတဲ့အခါ လူတွေဟာ ဒေါသနဲ့ တုံ့ပြန်ကြပါတယ်။
~ အကြောင်းကတော့ ‘ ဒီလို မှတ်ထားရတာကို ဂုဏ်ယူတယ်၊ ဒီလို သိထားရတာကို ပျော်မွေ့နေလို့ပါပဲ’။
~ တိုးတက်လာနေတဲ့ သိပ္ပံပညာခေတ်မှာ ရှိပြီးသား ဗဟုသုတကို တိုက်စားပစ်မယ့် အရာတွေက တနေ့တခြား များလာမှာ သဘာဝပါပဲ။ မသိသေးတဲ့ အကြောင်းအရာများစွာကို ဖေါ်ထုတ် ရှာဖွေနေလို့ပါပဲ။
~ တခြားနိုင်ငံတွေက ‘ နည်းပညာအသစ်၊ အသိအသစ်’ တွေနဲ့ စိတ်ကို ဖွင့်ထားပြီး လေ့လာနေချိန်မှာ
မြန်မာပြည်သား အများစုဟာ ‘ ပဝေသဏီက အမှိုက်ဗဟုသုတ’ တွေနဲ့ ဂုဏ်ယူနေမိတတ်ကြပါတယ်။
~ အဲ့ဒီလို ဂုဏ်ယူစရာ မဆိုထားနဲ့။ သာမန် အချက်အလက်တခုကိုတောင် လူဟာ မှတ်ထားတာကြာရင် အဲ့ဒီအချက်အလက်အပေါ် သစ္စာခံချင်လာတဲ့ သဘောရှိပါတယ်။
ဥပမာ သခင်ကိုယ်တော်မှိုင်းက ဘယ်ဇာတိ ဆိုတာမျိုးပေါ့။
~ ကိုယ်မှတ်ထားတာကို ‘ မှားတယ်’ လို့ အပြောခံရတာဟာ
စိတ်ကို လေ့ကျင့်ထားသူ မဟုတ်ရင် ‘ ဆဲတယ်’ လို့ ခံယူမိကြပါတယ်။
~ သူတို့စိတ်ထဲ ‘ အလကားကောင်၊ အသုံးမကျတဲ့ကောင်’ အမှားကြီးကို အကြာကြီး မှတ်ထားတဲ့ကောင် လို့ ဘာသာပြန်ယူကြပါတယ်။
~ ငါက သာမန်လူတဦးပါပဲ။ ကြားဖူးတဲ့အထဲ မှန်တာ၊ မှားတာ မျိုးစုံကို စီစစ်ဖို့ အချိန်မရဘဲ ၊ စီစစ်ဖို့ အရည်အချင်း မပြည့်စုံဘဲ မှတ်ထားရပါတယ် ဆိုတာကို ရိုးရိုးလေး သဘောပေါက်ဖို့ပါပဲ။
~ ကျောင်းစာတွေဆိုရင် ၉၀ % လောက်က နားမလည်ဘဲ အလွတ်ကျက်ထားကြတာပါ။
~ ဘာသာရေးစာပေနဲ့ အယူအဆ အများစုဟာလည်း မစီစစ်ဘဲ ပစ်ယုံထားကြတာတွေပါ။
အနှစ်ချုပ် သတိပေးလိုတာကတော့
၁။ ဘုန်းကြီ တဦးချင်း ကိုယ်ကျင့်တရားမှာလဲ ပြဿနာ ရှိနေတယ်။
၂။ အဖွဲ့အစည်းရဲ့ စည်းမျဉ်း၊ အလုပ်လုပ်ပုံကလဲ ပြဿနာ ရှိတယ်။
၃။ ကျမ်းစာတွေရဲ့ မခိုင်မာမှုကလဲ ပြဿနာ ရှိတယ်။
၄။ ရှင်းလင်းသော အယူအဆရေးရာကို မပြောနိုင်ခြင်းမှာလဲ ပြဿနာ ရှိပါတယ်။
ဘုန်းကြီးအားလုံးကို တရားတွေ မေးပြီး တိုက်ကြည့်ပါ။ မျိုးစုံ ဖြစ်နေမှာကို တွေ့ရမှာပါ။
~ အပြင်ကျောင်းပညာရေးထက် ပိုဆိုးတဲ့ အလွတ်ကျက်ပညာရေးကနေ ‘ သာမန် လူ့ပတ်ဝန်းကျင် ဗဟုသုတ ‘ မရှိသူတွေ ဖြစ်တဲ့
~ တောနေ ဆင်းရဲသားမိသားစုကနေ ကြီးပျင်းလာသူတွေက လူတွေကို ကျင့်ဝတ်ဆိုင်ရာ အယူအဆ ရှင်းပြမှုမှာ
၁။ ဘာသာရေးအရ အချက်အလက်မှန်နေရင်တောင်
၂။ ပြင်ပဗဟုသုတ နဲ့ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းမှာ
~ အားနည်းချက်တွေ ပါနေမယ် ဆိုတာ သိသာတဲ့ ကိစ္စတခုပါပဲ။
~ နောက်တခုက ‘ ပါဠိ’ ဘာသာစကားဟာ အခု ပြောသူ မရှိတော့တဲ့ ဘာသာစကား ( dead language ) ပါ။
~ စကားလုံးတွေကို ဘာသာပြန်တဲ့အခါ အခြေအနေ၊ အချိန်အခါ ၊ ခေတ်၊ ပတ်ဝန်းကျင် ( context ) အရ
*ဘာကိုဆိုလိုသလဲ* လို့ ပုံဖေါ်နားလည်ရတာမျိုးပါ။
ဥပမာ
~ ဆေးပညာကို မသင်ထားဘဲ အင်္ဂလိပ်စာ တတ်ရုံနဲ့ ဖတ်လို့ နားမလည်ပါဘူး။
ကျန်တဲ့ ဥပဒေပညာ၊ စီးပွါးရေးပညာ အားလုံးအတူတူပါပဲ။
~ ဒါကြောင့် အတွေးအခေါ် အယူအဆ မပါရင်
‘ ပါဠိ’ စာတွေ ဘာသာပြန်ကျွမ်းကျင်ရုံနဲ့ ဆိုလိုရင်းကို ပုံဖေါ်ဖို့ အခက်အခဲရှိပါသေးတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~ ဒါကြောင့်
၁။ ဘုန်းကြီးတွေကို ဘာသာရေးအရ အားကိုးရမှုမှာ တောင် မသေချာ မရေရာမှုက သဘာဝအရ ရှိနေပြီးသားပါ။
၂။ ပြင်ပ ဗဟုသုတ နဲ့ သဘာဝရေးရာကိစ္စကတော့
အလွဲတွေ အများကြီး ပြောကြမှာက သဘာဝပါ။
* အရေးအကြီးဆုံးက
၁။ သာသနာကိုလည်း လိုက် မကာကွယ်နေပါနဲ့။
၂။ ကြည်ညိုရသူကိုလဲ လိုက် မကာကွယ်နေပါနဲ့။
~ ကိုယ့်ရဲ့ ကြည်ညိုမှုက မိမိကိုယ်ပိုင်ကိစ္စမို့ ဘယ်သူကမှ မဖျက်ဆီးနိုင်ပါ။
~ ငါ့ဘုန်းကြီးလေး ချမ်းသာပါစေ၊ ပိုက်ဆံတွေ အများကြီးရပါစေ၊ ဆိုတဲ့ ဂေါပက တွေကတော့ ချွင်းချက်ပါ။
၃။ မိမိအတွက် ဘာသာရေးက ဘာရနေသလဲ ဆိုတဲ့
အကျိုးစီးပွါးကိုပဲ ကာကွယ်ကြပါ။
~ အဲ့ဒါက အရေးအကြီးဆုံးပါ။
No comments:
Post a Comment