နာဇီလက်အောက် ကျရောက်နေတဲ့ ပါရီမှာ နေရတဲ့ ဘဝကို ဆီမွန်ဒီဗူးဘွားက ဒီလိုပြောဖူးတယ်။
“အကျဉ်းထောင်ကြီးထဲနေရသလိုပါပဲ။ ထောင်ရဲ့တင်းကျပ် တဲ့စည်းမျဉ်းတွေကိုခံနိုင်ရည်ရှိဖို့တခုတည်းသောနည်းလမ်း ကတော့ မိတ်ဆွေအပေါင်းတွေ ပုံမှန်ဆုံကြ၊ သောက်ကြစား ကြရင်း စကားစမြည်ပြောကြရတာပါပဲ”တဲ့။
အဲ့လိုနဲ့ ကဖေးဒီဖလောမှာ သူပုန်အနုပညာရှင်တွေ၊ အသိပ ညာရှင်တွေ ပုံမှန်တွေ့ဆုံဝိုင်းဖွဲ့ကြတာပေါ့၊ ဒီဗူးဘွားတို့၊ ကမူးတို့၊ ဆာ့တ်တို့က တဖက်က ဝိုင်းဖွဲ့ကြရင်း တဖက်ကနာဇီဆန့်ကျင်ရေးစာစောင်တွေ၊ လှုပ်ရှားမှုတွေ လုပ်ကြတယ်။
စာရေးဆရာဖွန်ဆာမောရက်စ်တော့ “အဲ့ဒီနေ့ရက်တွေဟာ မိတ်ဆွေရင်းနှီးမှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးတဲ့ကာလ တွေလို့”နောက်ပိုင်း ပြန်ပြောဖူးပါတယ်၊
မှန်ပါတယ်။အကျပ်တည်ဆုံးကာလတွေ၊လောကကြီးမှောင် မိုက်ဖုံးနေတဲ့အချိန်ကာလတွေမှာ ရင်ဘတ်ချင်းတူတဲ့ မိတ် တွေကြားထဲက တွေ့ဆုံမှုတွေဟာ၊ နှီးနှောဖလှယ်မှုတွေဟာ အင်မတန်မှ အရေးကြီးလှပါတယ်။
ဒီမိတ်ဆွေတွေနဲ့အတူ ဥာဏ်ပညာကို မြေကတုတ်လုပ်ရင်း ချစ်ခြင်းတရားနဲ့ ရှင်သန်နေထိုင်ရတာဟာ စိတ်ညစ်ညူးစ ရာကာလတွေကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းပဲ မဟုတ်လား။
No comments:
Post a Comment