ကျွန်တော်အမြဲပြောနေကျ ပါပဲ။ ဒါပေမယ့် အဲ့စကားက တော်တော်ရယ်ရတယ်။ ပြေးပါမယ်ဆိုမှ ခြေထောက်နှစ်ဖက်နဲ့မပြေးလို့ တစ်ဖက်ထဲနဲ့ပြေးလို့မှရတာ။
ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် အပြေးကော၊ စက်ဘီးကော သေချာ training လုပ်ထားတဲ့သူတွေကလွဲလို့ တခြားလူတော်တော်တော်များများမှာ အဲ့ပြသနာရှိတယ်။ ခြေထောက်တစ်ဖက်တည်းကိုပဲ အားပြုပြီး ပြေးမိတာ။ Muscle Imbalance လို့တော့ခေါ်ကြတယ်။ လူတစ်ယောက်က ပြေးရင်ပဲ ဖြစ်ဖြစ် စက်ဘီးစီးရင်ပဲဖြစ်ဖြစ် ညာသန် (သို့မဟုတ်) ဘယ်သန်ဆိုပြီး ရှိတတ်ကြတယ်။ ဒါကြောင့် မသိလိုက်မသိဘာသာနဲ့ သန်တဲ့ခြေထောက်ဘက်ကို ပိုပြီးအားစိုက်မိတတ်ကြပါတယ်။
အားပြုမိတဲ့ခြေထောက်က ပိုအလုပ်လုပ်ရပြီး ပိုညောင်းမယ်။ ဒဏ်ရာရလွယ်မယ်။ အားနည်းတဲ့ ခြေထောက်ကျတော့ ဟန်ချက်မထိန်းနိုင်ဘဲ ဒဏ်ဖြစ်လွယ်ပြန်ကော။ တချို့ဆို ခြေထောက်တစ်ဖက်ကပဲ ဟိုနားက နာ ဒီနားကနာ။ ပြေးပွဲဆို ကြွက်တွေလိုက်တယ်ဆိုတာ muscle imblance ရဲ့ တစ်စိတ်တစ်ပိုင်းပါတယ်။ ဘယ်လိုသိနိုင်မလဲဆိုရင်တော့ ခြေထောက်တစ်ဖက်တည်းကပဲ ပိုနာနေတာ၊ ဖိနပ်အောက်ခြေပွန်းတာ ဆို တစ်ဖက်ဖက်ကို အားသန်နေတာပဲ။
ဘယ်ညာ ခြေထောက်နှစ်ဖက်လုံး ညီညီညာညာလေး (Cadence & Rhythm) ပြေးနေမယ်ဆိုရင် လူလဲ နဲနဲပိုသက်သာတယ်။ ခြေထောက်လဲ သိပ်မညောင်းဘူး။ Long Run ဆို ပိုသိသာတယ်။ ပိုလဲသတိထားရတယ်။ နောက်တစ်နည်း ဘယ်လိုသိနိုင်မလဲဆို ကို့ဖိနပ်သံကိုယ်နားထောင်ရင်လဲသိတယ်။ ကာဗွန်ဖိနပ်ဆို ပိုသိသာတယ်။ elite runner တွေပြေးနေသလိုမျိုး "တောက်.. တောက်.. တောက်.. တောက်"ဆိုပြီး စည်းချက်ညီနေလား တစ်ဖက်က အသံကျယ်နေပြီး တစ်ဖက်က အသံတိုးနေလား သိနိုင်တယ်။
ပြေးနေတုန်း ခဏလောက် သေချာသတိလေးကပ်ပြီး "ငါ့ခြေလှမ်းတွေ ညီရဲ့လား" ဆိုတာကို သိအောင်လုပ်ရမယ်။ ပြေးစက်ပေါ်ဆို ခြေထောက်နောက်ကနေ ဗွီဒီယိုရိုက်ထားရင်လဲ ခြေသလုံးမာဆယ် ကိုကြည့်မယ်။ ခြေအကျကိုကြည့်မယ်။ ဖိနပ်အိသွားတာကိုကြည့်မယ်ဆိုလဲ သိနိုင်တယ်။
ဖြစ်ခဲ့ပြီဆိုရင်ဘယ်လိုပြင်မလဲဆိုတော့
ပြေးနေရုံနဲ့တော့မလောက်ဘူး။ single-leg လေ့ကျင့်ခန်းတွေလုပ်ရမယ်။ squat တွေထိုင်တာတို့ စတဲ့ လေ့ကျင့်ခန်းတွေလုပ်ရမယ်။ လမ်းပေါ်က မျဉ်းဖြူကြောင်းတစ်ခုကို ဗဟိုထားပြီး ဘယ်ညာ ညီညီညာညာ နင်းပြီးပြေးတဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ရင်လဲ ပျောက်သွားနိုင်ပါတယ်။ နဲနဲတော့အချိန်ယူရတယ်။
ဒါက ကျွန်တော်စက်ဘီးစီးတုန်းကနဲ့ ပြေးတုန်းက အတွေ့အကြုံကိုရေးတာပါ။ ဘာ research မှာတော့မရှိဘူး။ အားကစားအကြောင်းရေးတဲ့ website တွေ၊ youtube က သင်ဆရာတွေတော့ရှိတယ်။ ကျွန်တော်ပြောတဲ့ထဲမှာ မှားနေတာတွေလဲရှိမှာပါ။ မင်းဟာက ဟုတ်လို့လား၊ မဖြစ်နိုင်ဘူးကွာ၊ မယုံဘူးကွာ ဆိုလဲ ရပါတယ်။ ကို့ဉာဏ်လေးနဲ့သာ ဆင်ခြင်ပြီးသာ လုပ်ပါဗျာ။ ဘားမှမဟုတ်ဘူး သူများပြေးတာကြည့်ပြီး စဉ်းစားမိလို့ ထရေးတာ။ ပြေးတဲ့သူတွေ ဘဲခြေထောက်လိုကြီး လှမ်းပြီး ကွတ ကွတကြီးပြေးတာလဲ နောက် စိတ်ကူးပေါက်ရင်ထရေးဦးမယ်။ စာနဲပြီး ပုံများအောင်လဲ ကြိုးစားပါ့မယ်
No comments:
Post a Comment