Friday, September 18, 2026

မြန်မာပြည်က (စပိုင်ရူလိုင်းနား/စပီရူလိုင်းနား)

 မြန်မာပြည်မှာ (စပိုင်ရူလိုင်းနား/စပီရူလိုင်းနား) Spirulina ကို မော်လမြိုင်ကောလိပ် အဏ္ဏဝါဇီဝဗေဒဌာနက ရေညှိပညာရှင်ဒေါက်တာမင်းသိမ်းကရှာဖွေတွေ့ရှိခဲ့ပြီး စီပွါးဖြစ်ထုတ်တဲ့အထိ စွမ်းဆောင်ခဲ့ပါတယ်

အဏ္ဏဝါသိပ္ပံဌာနကဆရာက ဘယ်လိုဖြစ်ပြီး အထက်အညာကတွင်းတောင်ကိုရောက်သွားတာလဲလို့ မေးစရာဖြစ်နေပါတယ်
ဆရာက PhD ကို Marine Algae နဲ့ဘွဲ့ရခဲ့ပြီး အဏ္ဏဝါဇီဝဌာနထူထောင်တဲ့အထဲမှာပါပေမယ့် BS Botany (ရုက္ခဗေဒ) နဲ့ဘွဲ့ရခဲ့တာပါ
Spirulina ကိုရှာဖွေမတွေ့ခင် အတော်ကြာကြာကတည်းက မုံရွာမှာရှိတဲ့ တွင်းတောင်ကထွက်တဲ့ တွင်းပိုးလေးတွေကို မန္တလေး၊ မုံရွာမှာ လ္ဘက်ထဲထဲ့စားဖို့ပလပ်စတစ်အိပ်လေးနဲ့သပ်သပ်ထုပ်ပြီး လ္ဘက်အကြော်စုံ အထုပ်ထဲမှာထဲ့ရောင်းကြတာ မှတ်မိကြမှာပါ
တွင်းတောင်နားကရွာတွေက ရာသီအလိုက် မိုးရာသီ​ဆိုရင် တွင်းပိုးကို ရွာရဲ့စီးပွါးရေးအ​နေနဲ့အမြဲထုတ်ကြတဲ့အပြင် ကွမ်းရွက်လည်းစီးပွါးဖြစ်စိုက်ကြပြီးတွင်း​တောင်ကကွမ်းရွက်ကနာမည်ကြီး​ပြီးစျေး​ကောင်းရတယ်
ကျွန်မတို့ Honors အတန်းတက်​တော့ ကျွန်မတို့ရဲ့ဆရာဒေါက်တာမင်းသိမ်းက နိုင်ငံခြားခရီးတိုတခုကပြန်လာ​ပြီးအဖိုးတန်တဲ့ စိမ်းပြာ​ရေညှိကို မီး​တောင်​ဟောင်း​တွေမှာ​ပေါက်တတ်တယ်ဆိုတာသိလာတယ်
ဒီအကြောင်းကို ကျွန်မ မော်လမြိုင်ကောလိပ်တက်စဥ်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဓါတုဗေဒဌာန ကထိက ဒေါက်တာခင်မောင်ညိုလည်း ပို့စ်ရေးထားပါတယ်
ပန်းရိုးမပြက္ခဒိန်မှာတွင်း​တောင်ပုံကြီး​တွေ့ပြီး မီး​တောင်​ဟောင်းဆိုတာသိရပြီး မုံရွာက လ္ဘက်သည်​တွေက တွင်း​တောင်က​နွေရာသီဆိုရင် အပုပ်နံ့​တွေက​ဘေးရွာကလူ​တွေပါမ​နေနိုင်​အောင်နံတယ်လို့​ပြောကြ​တော့ အသားပုပ်နံ့ဆိုတာ​သေခြာသွားပါတယ်
အဲ့ဒါနဲ့ နမူနာသွားယူဖို့လူလွှတ်ပြီး စစ်​ဆေးတာ​တွေလုပ် နိုင်ငံခြားလည်းပို့ပြီးစမ်းသပ်​တော့ Spirulina ​ရေညှိဆိုတာ​သေချာသွားတယ်
Spirulina ဟာ Cell တခုတည်းပါတဲ့ Cyanobacteria လို့ခေါ်တဲ့ စိမ်းပြာ​ရောင်ရေညှိဖြစ်တယ်
ဒေါက်တာမင်းသိမ်း Spirulina ကိုလေ့လာဖို့စပြီးစီစဥ်ဆောင်ရွက်တဲ့နှစ်က ကျွန်မတို့ Honors တက်နေတဲ့နှစ် ၁၉၈၃-၈၄
ဆရာက ဘွဲ့လွန်အတန်းတက်နေတဲ့ကျောင်းသားတွေထဲက Spirulina ကိုစိတ်ဝင်စားရင် လေ့လာရေးခရီးလိုက်ဖို့ဆိုပြီးခေါ်တော့ ကျောင်းသားတွေ အများကြီးပဲသွားကြတယ်
ကျွန်မလိုက်မသွားဖြစ်ပါဘူး
နောက်ပိုင်းလည်း Honors အတန်းတက်ပြီးမှာ Master ဆက်မတက်တော့ဘူးလို့ဆုံးဖြတ်လို့ မရောက်ပါဘူး
ဆရာနဲ့ လိုက်သွားတဲ့အဖွဲ့ထဲမှာ ပါသွားပြီး သုတေသန ဆက်လုပ် နောက်ပိုင်းစီးပွါးဖြစ်ထုတ်တဲ့အထိလုပ်ခဲ့တဲ့ ကျွန်မရဲ့ အတန်းထဲကသူငယ်ချင်း မပြုံး (ခင်ပြုံးလွင်) ပြန်ပြောပြတဲ့ Spirulina အစဦးပိုင်း သုတေသနအတွေ့အကြုံတွေကိုမျှဝေတာပါ
တွင်းတောင်မှာ သုတေသနလုပ်ဖို့ကို အစိုးရခွင့်ပြုချက်ယူရတယ်၊ အဲဒီအချိန်က​ဒေါက်တာ​မောင်ဒီ ကပညာ​ရေးဝန်ကြီးဖြစ်​နေပြီး ဆရာနဲ့ရင်းနှီး​တော့ အစိုးရအဖွဲ့ကို သူဘဲတင်​ပေးပါတယ်
အစိုးရအဖွဲ့ခွင့်ပြုချက်ရ​တော့ Pilot Scale ကိုပညာ​ရေးဌာနအ​နေနဲ့လုပ်ငန်း​ဆောင်ရွက်ရတယ်
လိုအပ်တဲ့စစ်​ဆေးမှု​တွေကို နိုင်ငံခြားပို့ပြီးစစ်​ဆေးပြီး လူစားသုံးလိုရတဲ့အာဟာရတန်ဖိုးကြီးတဲ့စိမ်းပြာ​ရေညှိဆိုတာအတည်ပြုပြီးမှ တွင်း​တောင်ကို ကွင်းဆင်းပြီး စမ်းသပ်ထုတ်လုပ်မှု စပြီးလုပ်ကြတယ်
စမ်းသပ်ထုတ်လုပ်​နေတဲ့အချိန်မှာ Spirulina နဲ့ပါတ်သက်တဲ့ သု​တေသန​တွေလုပ်ကြရတယ်
သုတေသနသွားလုပ်တဲ့အချိန်တုန်းက ကျောင်းသား ကျောင်းသူတွေက ဘုန်းကြီး​ကျောင်း နဲ့ ရွာသူကြီးအိမ်​မှာနေကြရတယ်
​နောက်ပိုင်းမှာ မဟာဝိဇယ​စေတီတည်တုန်းက တွင်း​တောင်ကမီးသင့်ကျောက်​ကြွေပြားထုတ်တဲ့အချိန်က ဝန်ထမ်းအိမ်ရာ​တွေကိုလွှဲယူပြီး​ တောင်​ပေါ်မှာ​နေကြတယ်
ဆရာက ဉာဏ်အမျှော်အမြင်ရှိတော့ သုတေသန စကတည်းက မဟာသိပ္ပံ ကျောင်းသားတွေကို​ ထုတ်လုပ်မှုအတွက် အ​ထောက်အကူပြုတဲ့ Thesis ခေါင်းစဥ်တွေတ​ယောက်တမျိုး​ ချ​ပေးခဲ့တယ်
၈၄ က​နေ ၈၈ အတွင်းမှာ အဏ္ဏဝါ​ကျောင်းသား ၂၀ ​ကျော်ရှိတယ်၊ ၈၈ အရေးအခင်းဖြစ်တော့ အားလုံးနားရတယ်၊ တချို့လည်းပြီးအောင်ဆက်မလုပ်ကြဘူး
နောက်တော့ ၁၂​ယောက်​လောက်​​တော့ကျန်ပြီး၊ အခုထိ ကျန်​နေတာ ၆ ​ယောက်ရှိတယ်
မုံရွာသူ မပြုံး က သဘာဝအင်း​တွေရဲ့ ရာသီအလိုက်​ပြောင်းလဲမှု Seasonal Variation ကို Thesis လုပ်ရ​တော့ လတိုင်း sample ယူ data ​တွေ​ကောက်ရတယ်
တွင်း​တောင်၊ တွင်းမ၊ ​တောင်​ပျောက် အင်း၃ ခုစလုံးရဲ့ data ကိုယူရတယ်
ကျွန်မတို့ မာမီလို့ခေါ်ကြတဲ့ မမေယုခိုင် က Culture၊ ကိုတိုး​အောင်က Harvesting၊ မခင်ဖုန်းက Nutrient ပါဝင်မှု အစရှိသဖြင့်ပေါ့
Thesis လုပ်တဲ့ သုတေသန ရလဒ်​တွေက​နေ စီးပွားဖြစ်စလုပ်ဖို့စီစဥ်ကြတယ်
အစိုးရအဖွဲ့ကိုတင်​တော့ စီးပွားဖြစ်ထုတ်မယ်ဆိုရင် ပညာ​ရေးကထုတ်လို့မရ​တော့ ​အ​ကောင်အထည်​ဖော်မယ့် ဝန်ကြီးဌာန​ရွေးကြတယ်
အင်းအိုင်​တွေကထုတ်တာမို့ ​မွေးမြူ​ရေးနဲ့​ရေလုပ်ငန်းကလိုခြင်တယ်၊ ဆရာက အဲဒီ့ဌာန​အောက်​ရောက်ရင် တန်ဖိုးနိမ့်သွားနိုင်လို့ ​အာဟာရဖြည့်​ဆေးဝါးအ​နေနဲ့ထုတ်ခြင်တယ်​ပြောလို့ စက်မှု(၁) ဝန်ကြီးဌာန​အောက်က မြန်မာနိုင်ငံ​ဆေးဝါးလုပ်ငန်းစက်ရုံ ​အောက်​ရောက်သွားတယ်
မြန်မာနိုင်ငံ​ဆေးဝါးလုပ်ငန်းစက်ရုံ
အဏုဇီဝ(စိမ်းပြာ​ရေညှိ) ထုတ်လုပ်​ရေးဌာနပေါ့
ထုတ်လုပ်​ရေးလုပ်ငန်းတွေစ​တော့ ​နေစရာအတွက် ယောကျ်ားလေးတွေက ဘုန်းကြီး​ကျောင်းမှာနေကြပြီး မိန်းက​လေးတွေကရွာထဲကအိမ်ဌား​နေကြတာ
စားတာက​တော့ အဖွဲ့ခွဲထားပြီး အလှည့်ကျချက်ကြပြီး စျေးကို​တော့ဘုတလင်မှာသွားဝယ်ရတယ်
လုပ်ငန်းစတာက ၁၁.၁.၈၈ ဆို​တော့ Thesis လုပ်ရင်းနဲ့ ​ပုတ်ပြတ်ဝင်လုပ်ကြတာ​ တလ ၂၀၀ကျပ်
ရွာကလူ​တွေက သူတို့သားသမီး​တွေပညာတတ်ရင် လစာမဖြစ်စ​လောက်နဲ့ဝန်ထမ်းလုပ်ရမှာ၊ ဝန်ထမ်း တလစာကသူတို့ဖိနပ်တဘက်ဖိုး​တောင်မရဘူးလို့​ပြောကြတယ် 😁
သူတို့ကကွမ်းရွက်ကို၁၅ ရက်တခါခူး​ရောင်းပြီး​ရွှေစုကြတာ အဲတုန်းကတကျပ်သားမှ ၁၆၀၀ ကျပ်လောက်ရှိတဲ့အချိန်
တွင်းပိုးရာသီက ဝါတွင်း မိုးရာသီ​၊ ရေညှိက ​​ဆောင်းကုန်နွေကူးရာသီမှာ အ​ပေါများဆုံးထွက်လို့ ရာသီချိန်မတူ​တော့ ရွာသားတွေနဲ့ ပြသနာမရှိပါဘူး
တွင်းပိုးရာသီမှာသူတို့အလုပ်သူတို့လုပ်ကြ ဆရာနဲ့ သူ့တပည့်တွေက ရေညှိရာသီမှာလုပ်ကြပေါ့
တွင်းတောင်ထဲကရေရဲ့ pH က 9.5 - 11.5 ဆိုတော့ Alkaline
တွင်းတောင်ရဲ့ ဂေဟစနစ်ပျက်သွားတယ်ဆိုတာ ကြားကြမှာပေါ့
ဂေဟ​ဗေဒပျက်သွားလို့ ​ရေညှိ​ရော တွင်းပိုး​​ရော များများမထွက်​တော့ပါဘူး
Spirulina ကိုတော့ အခုအင်း​ဘေးမှာကန်​တွေနဲ့မျိုးထိမ်းထားပြီး အဲ့ဒီ့မျိုးနဲ့​ရေခါးမှာ​ပြန်​မွေးပြီးထုတ်​နေပါတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်က ပင်ပင်ပန်းပန်း ကြိုးစားပြီး ဖေါ်ထုတ်ခဲ့တဲ့ သဘာဝကပေးတဲ့ ရှားပါးတဲ့သယံဇာတကြီးပျက်စီးသွားတာကတော့ နှမြောဖို့ကောင်းပါတယ်
ဂေဟပျက်သွားတဲ့အကြောင်းကို ကျွန်မတို့ရဲ့ စီနီယာကြီး အားလုံးက ကိုဇော်ဖီးလို့ခေါ်ကြတဲ့ ကိုဇော်ဇော်ဖေ သေသေချာချာရေးနေပါတယ်

Saturday, September 5, 2026

catalytic converter codes ဖျက်ပြီးလည်း check engine light ပြန်ပေါ်

 ဒီ ကားပိုင်ရှင်က Van cargo မောင်းသူဖြစ်ပါတယ်၊(ဘောစီပေါ့)

သူက Kentucky မှာနေတယ်၊ တစ်ရက် မှာ
စာရေးသူ ကို Cb မှာ စာပို့လာတယ်၊ဘယ်ကလည်း ဘာညာဘာညာ၊friend added ကျတယ်ပေါ့၊ စာရေးသူကို ကားအကြောင်းမေးပြီး သူ့ကားပြင်ချင်တဲ့အကြောင်းပြောလာတယ်။ဒီတော့ သူ့ကားမှာ သူပြောပုံးအရ ကားက ac ဖွင်းပြီးဆိုရင် battery sign ပြလာတယ်၊ သဘောက low voltage လား၊ alternator ကနေ charging မဝင်တာလာပေါ့၊ ဒါပေမဲ့ ac မဖွင့်ရင်တော့ ဘာမှ မပြဘူး။ အဲ့အချိန်တုန်းက battery အားမဝင်ရခြင်းရဲ့အကြောင်းတွေ စာရေးသူ တင်တဲ့ပိုစ့်မှာ သူတွေ့ တော့ သူက alternator လဲဖို့ စာရေးသူကို ပြောလာတယ်။ အဲ့ချိန် စာရေးသူ ဖို့ဝိန့်မှာ ကားပြင်ဖို့ရှိတာနဲ့ သူလည်း Kentucky ကနေ Michigan ကို ပစ္စည်းလာပို့ရင်း ဖို့ဝိန်ဘက်ကို ပြန်အိပ်မယ်လို့ ပြောပြလာတယ်၊ဒါဆို စာရေးသူနဲ့ အဲ့မှာ တွေ့ကြမယ်ပေါ့ ၊နောက်နေ့ ဖို့ဝိန့်မှာ ကြာ
ကြာ အိပ်ပျော်နေတဲ့ကားတစ်စီး ကို ပြင်ပြီးတာနဲ့ သူပေးတဲ့လိပ်စာအတိုင်း ရောက်သွားတယ်။ သူဆီရောက်တော့ သူ ready ဝယ်ထားတဲ့ alternator ကို ခနလေးအတွင်း တပ်ပေးလိုက်ပါတယ်။ သူ့ alternator အဟောင်းမှာ ပြသနာက positive volt အားထွက်တဲ့ နတ်တိုင်ငုတ်တိုက ချောင်နေတာကို တွေ့တယ်။ ဒါကြောင့် ကားရဲ့အရှိန်တုန်ခါမှုကနေ volt အား လိုသလောက် မထွက်နိုင်တာလို့ ယူဆရပါတယ်။ အဲ့ alternator တပ်ဆင်နေချိန်မှာ ဒီကားပိုင်ရှင်က တစ်ခြားကားအကြောင်းတွေကို စာရေးသူကို မေးရင်း ဒီကား မှာ check engine ထဲက code အတိုင်း catalytic converter ကို အသစ်လဲထားတယ်၊ ဒါပေမဲ့ check engine က catalytic code ပေါ်လာနေတုန်းပဲ၊ဒါနဲ့ စာရေးသူလည်း catalytic နဲ့ ပတ်သက်တာတွေ ဘာညာ သူကို ရှင်းပြရင်းနဲ့ သူ့ကားရဲ့ catalytic converter ကြည့်တော့ လုပ်ထားပေးတဲလူက ဘယ်လိုလုပ်ပေးလဲမသိပါဘူး ပုံထဲကမြင်ရတဲ့အတိုင်းပါပဲ၊ အဲဒါ ဘယ်သူ လုပ်ပေးတာလည်း မေးရင်းနဲ့ သူ့ကိုဒါက ဘာလို့ ဒီ codes ပြန်ပေါ်လာရတာလည်းဆိုတော့ လုပ်ထားတာတွေက မသေသပ်တဲ့အပြင် o2 sensor ကိုပါ တွဲ welding ထားသေးတယ်🥴🥴🥴🥴ပြီးရင် သူ့ကို စာရေးသူ ထပ်မေးကြည့်တယ်၊ catalytic converter ကောင်းမကောင်း catalytic ဇကာ ကိုရော ကောင်းမကောင်း စစ်ကြည့်မိသေးလား🤔 သူက မသိဘူးတဲ့၊ check engine မှာ code ပေါ်လို့ အဲ့ဒါလဲရမယ်ဆိုတာနဲ့ သူ့တယ်ရင်းတစ်ယောက်က recommend ပေးလို့ Mexico နယ်စပ်မှာ လမ်းကြုံတာနဲ့ လုပ်လိုက်တာတဲ့။အဲဒါနဲ့ စာရေးသူက အခုလို သူတို့လုပ်ထားတဲ့ ပုံစံနဲ့ဆိုရင် ဘယ်တော့ မှ check engine light ပျောက်မှာမဟုတ်ပါဘူး၊ တစ်ကယ် ပြင်ချင်လို့ စာရေးသူ လုပ်ပေးရမယ်ဆိုရင် catalytic converter ready directly install နဲ့ o2 sensors လေးလုံးအပါအဝင် မှာခိုင်းလိုက်ပါတယ်။
ထိုနောက် စာရေးသူ ဖို့ဝိန့်မြို့ကို ထပ်
ရောက်တော့ တစ်ခြားကားပြင်တာနဲ့ သူ့ကားကို ညနေပိုင်း စလုပ်လိုက်ပါတယ်🫣🥴🫣🥴🫣 အဲ့ဒါ သူကားမှာ အရင်လူလုပ်ထားပေးတဲ့ဟာကို လိုက်ဖြုတ်တာ အခါတိုင်း တစ်နာရီ၊နှစ်နာရီဖြုတ်တပ် လုပ်ပြီးသွားရမယ့်အလုပ်ကို အဲ့နေ့မှာ မပြီးလို့ နောက်နေ့ပါ ထပ်ပြီး ဖို့ဝိန့်ကို ပြန်သွားထပ်လုပ်ရတယ်။ အားလုံးအသစ် တပ်ပြီးသွားပေမဲ့ sensor က အသစ်မရတော့ အဟောင်းပဲ ပြန်ထည့်သုံးထားလိုက်တယ်၊ ဒါပေမဲ့ codes ဖျက်ပြီးလည်း check engine light ပြန်ပေါ်လာပါတယ်လို့ သူပြန်ပြောပြပါတယ်၊ sensor ကို မှာထားလို့ ရောက်လာတဲ့အခါ တစ်ကယ်လို့ အဲ့ sensor တွေတပ်ပြီး catalyst converter code ပြန်ပေါ်လာသေးရင်တော့ ဒီ code ပေါ်လာရခြင်း ပြသနာက catalytic converter ပျက်တာ မဟုတ်တော့ဘူးဆိုတာကို စာရေးသူ က သူ့ကို ဒီ code ဟာ တစ်ခြား ပြသနာကြောင့် ပေါ်လာတတ်တာလည်းရှိတယ်လို့ ဘာညာရှင်းပြခဲ့ပါတယ်။ထိုကြောင့်ကာ
ဒီ catalytic converter တွေ့နဲ့ ပတ်သက်ပြီး စာရေးသူ သိတာ ကြုံတာလေး ပြောပြချင်ပါတယ်။ဒီတော့ catalytic converter နဲ့ပတ်သက်ပြီး 1-p0420၊2-p0421၊3-p0430၊4,p0431၊5-p0401 စသည်ဖြင့်
6-p0402 and p0410 code အမျိုးမျိုး တွဲပေါ်လာတာပဲဖြစ်ဖြစ်၊ code တစ်ခုနှစ်ခုပဲပေါ်တာပဲဖြစ်ဖြစ် catalytic converter ပျက်တယ်လို့ သတ်မှတ်ထားလို့မရပါဘူး။ဘာလို့ဆိုတော့ စာရေးသူ ဒီ code တွေနဲ့ ပတ်သက်ပြီး ကြုံတွေ့တဲ့ ကားထဲမှကားတစ်
စီးက catalytic converter အထဲက ဇကာ ကျိုးပျက်ကွဲနေတာတောင် catalytic converter နဲ့ပတ်သက်တဲ့ code မပြပါဘူး၊ ဘာမှမဆိုင်တဲ့1-p2101၊2-p2110၊3-p1121
4-p0507 code ပြနေပါတယ်။
အဲတုန်းက စာရေးသူ တေည်တော်လေးတိုင်ပတ် ခေါင်းစားသွားခဲ့တယ်။ ကားက စက်နိုးရင် ရတယ်၊ မောင်းသွားရင်တော စက်သေသေသွားတယ်။ အဲ့ကားက သူ့သခင်ပြောတာ မောင်းနေရင်း ရုတ်တစ်ရက် စက်ရပ်သေသွားတာ၊စက်ပြန်နိုးရပေမဲ့လည်း မောင်းသွားနေချိန် ကားကမရုန်းဘူး သွားတာအရမ်းနှေးနေလို့ acceleration တင်ရင် စက်ရပ်သေးသွားပါတယ်။သူပြောအတိုင်း စာရေးသူ ကြည့်တော့ fuel pump ကြောင့်ဖြစ်မယ်ပေါ့၊အဲ့ဒါ ပေါ်လာတဲ့ code အတိုင်း ပြသနာ လိုက်ရှာတာလည်း ဘာမှမတွေ့၊ gas pump pressure ကြည့်တော့ အကောင်းကြီး၊ နောက်ဆုံး စာရေးသူ သတိထားမိတာက စက်စနိုးချိန် ထိုင်ခုံအောက်က အသံ တစ်မျိုးထွက်နေသလို ကြာရလို့ catalytic converter
ကို ဖြုတ်ထုတ်လိုက်တယ်၊အဲ့မှာ ပြသနာက စတွေ့ပါတယ်၊ catalytic converter ထဲမှာအရှေ့ဇကာ က ကျိုးကြေပြီး အနောက်ဇကာကိုအမှုန့်တွေ ပိတ်ဆို့နေတယ်၊ဒါကြောင့် ကားကပြေးနေရင် အသက်ရှုကြပ်လာလို့ စက်
ရပ်သေသွားတယ်လို့ပဲ စာရေးသူ မှတ်ယူပါတယ်၊ ထို့နှောက် catalytic converter အသစ်တစ်လုံး မှာပြီးလဲထည့်လိုက်​တော့ ပေါ်လာခဲ့တဲ့ codes တွေက သူအလိုလို ပျောက်သွားတယ်။ အခုထိ သုံးနှစ်ကျော်ပြီးဘာမှပြသနာမရှိ သူ့သခင်မောင်းနေတုန်းပါပဲ၊
ထို့အကြောင်းအရာနဲ့ ပတ်သက်ပြီး
စာရေးသူအဓိက ပြောပြချင်တာ
တစ်ကယ် catalytic converter လဲရမယ်၊ပျက်တယ်ဆိုရင် ကားရဲ့လက္ခဏာက
စက်နိုးလို့ ရတယ်၊ငါးမိနစ်ကနေ ဆယ်
မိနစ်လောက်ဆို စက်ပြန်သေပါတယ်၊ ဆီအနံ့သို့မဟုတ် မီးခိုးအနံ့ engine အခန်းထဲကနေ
ရနေမယ်။အဲဒါက စက်ခနခန သေသွားရတဲ့အကြောင်းအမျိုးမျိုးထဲက ဒီ catalytic converter ကြောင့်လည်း ဖြစ်တတ်တယ်ဆိုတာ ကားownerတွေကို သိစေချင်ပါတယ်။
နောက်တော့ catalytic converter code ဘာလို့ ပေါ်လာရတာလဲလို့ စာရေးသူအတွက် မေးခွန်းရှိတယ်ဆိုတာ သိပါတယ်။
ပြောပြရမယ်ဆိုရင် အများကြီးပဲ၊
အဓိက က 👉ဆီ+လေ+ရေ+sensors+gasket+exhuat leak +injector+spark ပြီးတော့ codes နဲ့ တွဲပြီးပေါ်လာတဲ့codes စတာတွေကြောင့်ဖြစ်ပါတယ်၊ 👈ဒါပေမဲ့ စက်နိုးတာ၊ သွားတာ၊လာတာ၊မောင်းတာတော့ (check engine light ပေါ်လာတာလွဲလို့) ပုံမှန်ပဲ ခံစားရပါမယ်။ထပ်ရှင်းပြရရင် စာရှည်သွားလိမ့်မယ်
ဒီတော့ check ပေါ်လာလို့ ဒီ cat code နဲ့ပတ်သက်ပြီး ပေါ်လာခဲ့ရင် ဆိုင်က အဓိကထားပြီး catalytic converter လဲဖို့ပဲ ပြောဆိုလာလိမ့်မယ်။တစ်ကယ်လို့ လဲမယ်လို့ ပြောလိုက်တဲ့အခါ အဲမှာ sensors, spark plug ဘာညာဘာညာ ပါ လဲရမယ်ဆိုပြီး ပြောဆိုလာပါမယ်။ဒီတော့ 👉$0000.00👈ပေါ့
အဲဒါ cat codes နဲ့ပတ်သက်လို့ စာရေးသူ ပြောပြတာကို သတိရလိုက်ပါ😉😉😉😉
👉cat ပျက်ရင်စက်နိုး၊စက်ပြန်သေတယ်👈
👉cat မပျက်ရင် စက်နိုး ပုံမှန်မောင်းသွားလာလို့ရတယ်👈😁😁😁
စာရေးသူလည်း ကားowner ဖြစ်တဲ့အတွက်
Workshopပိုင်ရှင်တွေ ကားဆရာကြီးတွေဘယ်တော့မှမပြောပြတဲ့ ဒီအကြောင်းအရာတွေကို စာရေးသူ လို ကား owner တွေ
သိအောင် sharing လိုက်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏🙏

I'm a Gut Doctor. Here's How I Eat Anti-Inflammatory Without Spending a Fortune 💸

တူနာငါး သံဗူး

 Tuna သံဗူးက Processed Food ဆိုတာမှန်တယ်။ Processed foods ဖြစ်တိုင်းကျန်းမာရေးနဲ့မညီညွှတ်ဘူးဆိုတာမဟုတ်ဘူး 

🤩

တူနာငါး သံဗူးက သက်တမ်းကြာရှည်ခံအောင် မွမ်းမံထားတဲ့ Ultra-Processed Food (အာဟာရဓာတ် ကင်းမဲ့ပြီး သကြား၊ ဆီများတဲ့မုန့်များ) နဲ့ လုံးဝ ကွာခြားပါတယ်။

ပုံမှန်အားဖြင့် လတ်ဆတ်တဲ့ တူနာငါးကို စက်ရုံမှာ အပူပေး ကျက်အောင်ပေါင်းပြီး ငါးအသားချည်းပဲ သံဗူးထဲ ထည့်ပါတယ်။ ဆားရည် (Salt water/Brine) သို့မဟုတ် ရေ၊ ဆီ ထည့်ပြီး သံဗူးကို လေလုံအောင် ပိတ်ပြီး အပူချိန် မြင့်မြင့်နဲ့ပိုးသတ်လိုက်တာပါ။ Minimally Processed ဖြစ်လို့ အဆင်ပြေ လွယ်ကူတဲ့ High Protein Source တစ်ခုအဖြစ် စားနိုင်ပါတယ်။

Tuna သံဗူးရဲ့ ကောင်းကျိုးများ
✅High Protein
✅Omega-3 Fatty Acids ပါဝင်တယ်
✅Low Calorie , Low Fat . အထူးသဖြင့် ရေစိမ် သံဗူး (Tuna in Water) တွေက ကယ်လိုရီနဲ့ အဆီ ပမာဏ နည်းပြီး ဗိုက်ပြည့်စေပါတယ်။
✅သယ်ဆောင်ရလွယ်၊ သိုလှောင်ရလွယ်ပြီး လောနေတဲ့အချိန်မျိုးမှာ သုပ်စား၊ တန်းစားလို့ ရတာကြောင့် စားတဲ့အနပ်မှာ protein မပါမှာကိုစိတ်မပူရတော့ဘူး။

သတိပြုရမည့် ဆိုးကျိုးလေးတွေလည်းရှိပါမယ်။
✅တူနာငါးဟာ ငါးကြီးမျိုးဖြစ်လို့ Mercury ဓာတ် ပါဝင်နိုင်ခြေ ရှိပါတယ်။
✅သံဗူးတာရှည်ခံအောင် ဆားရည်စိမ်ထားတတ်တာကြောင့် သွေးတိုးရှိသူတွေ သတိထားရပါမယ်။

ကျနော်တို့က တူနာသံဗူးကို "နေ့တိုင်း၊ အနပ်တိုင်း" စားနေကြတာ လည်းမဟုတ် ၊ တစ်ပတ်မှာ ၁-၂ ကြိမ်လောက်စားရုံနဲ့တော့ Mercury အန္တရာယ် မရှိဘဲ ကောင်းကျိုးတွေကိုပဲ အပြည့်အဝ ရရှိစေမှာပါ။
ဝယ်တဲ့အခါ ဆီစိမ် (in Oil) ထက် ရေစိမ် (in Water) ကို ရွေးချယ်ပါ။
စားခါနီး ရေစစ်ထုတ်ပြီးမှ စားရင် Sodium ပမာဏကိုလည်း လျှော့ချပြီးသား ဖြစ်သွားပါမယ်။

သံဗူးထဲ ဓာတု ကြာရှည်ခံဆေး မပါသော်လည်း အချို့ Brand တွေမှာ ဒါတွေပါတတ်ပါတယ်။
👉Vegetable Broth / Hydrolyzed Protein (အရသာ ပိုကောင်းအောင်နဲ့အစိုဓာတ် ထိန်းဖို့)
👉Pyrophosphate / Citric Acid (ငါးအသား အရောင် မပြောင်းဘဲ သဘာဝအတိုင်း လှနေစေဖို့)

ဒါကြောင့် ဝယ်တဲ့အခါ Ingredients စာရင်းကို ကြည့်ပြီး Tuna, Water, Salt ဒီ ၃ မျိုးတည်းသာ ပါဝင်သော Brand များကို ရွေးချယ်ရင် အသန့်ရှင်းဆုံးနှင့် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဖြစ်သွားပါမယ်ရှင်

ကျန်းမာပါစေရှင်

ဇီဇဝါစိုး

ကိုယ်ခံအားကောင်းစေမယ့် သဘာဝစွပ်ပြုတ် 🍲

 ဖျားနာမှုတွေ အဖြစ်များတဲ့ ခုလို ရာသီမှာ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးတွေအတွက် မဖြစ်မနေ လုပ်ကျွေးသင့်တဲ့ စွပ်ပြုတ်လေးမို့ လုပ်နည်းအဆင့်ဆင့်ကို ပုံလေးတွေနဲ့ ပြောပြပေးလိုက်ပါတယ်ရှင်။

မိမိ ကြိုက်နှစ်သက်ရာ အရိုး နှင့် ပဲတစ်မျိုးမျိုးကို သုံးပါ။ နန္ဒာကတော့ ဆိတ်ဒူးရိုးကို အသုံးပြုထားပါတယ်ရှင်။ အရိုးတွေကို ရေနွေးဆူဆူမှာ ၁၀ မိနစ်ခန့် တစ်ရေပြုတ်သွန်ပြီးမှ အသုံးပြုလည်းရပါတယ်နော်။

မတူညီတဲ့ အသီးအနှံ အနည်းဆုံး ၃ မျိုးထည့်ပါမယ်။ ပြီးရင် ကြက်သွန်မြိတ်၊ ဂျင်းထည့်ပါမယ်။ ကြက်သွန်ဖြူကိုတော့ ကြက်ရိုး၊ ဝက်ရိုး အသုံးပြုမယ့်သူတွေ ထည့်ပေးပါ။

အားလုံးကို ကိုယ်ပြုတ်မယ့် အိုးတစ်ခုထဲ ထည့်ပါမယ်။ ဘယ်အိုး မဆို၊ ဘယ် မီးဖိုမဆို ရပါတယ်။ ရေကို အရိုး နဲ့ အသီးအနှံတွေမြုပ်အောင် ထည့်ပြီး အရသာအတွက် ဆားတစ်မျိုးပဲ အနည်းငယ်ထည့်ပေးပါတယ်ရှင်။ အချိုအရသာက အရိုး နဲ့ အသီးအနှံတွေထဲက စိမ့်ထွက်လာမှာမို့ တခြား ဘာဟင်းခတ်မှုန့်မှ ထည့်စရာမလို သဘာဝအတိုင်း ပြုတ်လို့ရပါတယ်နော်။

နန္ဒာကတော့ ဒီ လျှပ်စစ်မြေအိုးလေးကို သုံးပါတယ်။ အားလုံးပြီးရင် အဓိကက အဖုံးဖုံးပြီး မီးအအေးဆုံးလေးနဲ့ အချိန် ၃ နာရီခန့် အနည်းဆုံး ပြုတ်ပေးဖို့ပါ။ အဲ့လိုပြုတ်ရင် ရေလည်း တအားမခမ်းပါဘူး။ ခမ်းသွားရင်လည်း ရေနွေးလေး လိုသလို လိုက်ပြီး တည်ပေးပါ။

နန္ဒာကတော့ ၄ နာရီလောက် တောက်လျှောက်တည်ထားလိုက်တာ နောက်ဆုံးမှာ အရိုးထဲကရော အသီးအနှံတွေထဲကပါ သဘာဝ အာဟာရ နဲ့ အချိုဓာတ်တွေ စိမ့်ထွက်ပျော်ဝင်နေတဲ့ ကိုယ်ခံအားမြှင့်စွပ်ပြုတ်တစ်ခွက် ရလာပါတယ်ရှင်။ လူကြီး နဲ့ ကလေးတွေ၊ နလန်ထစ လူမမာတွေအတွက် ခွန်အားပြည့်စေပြီး လုပ်ပေးတဲ့သူအဖို့လည်း လုပ်ရလွယ်လွန်းတာမို့ မဖြစ်မနေ လုပ်သောက်ကြပါနော်။

စေတနာဖြင့် -
အချက်တစ်လိုင်း နန္ဒာ

Relationship ပျက်စီးစေခြင်း

 Relationship တွေမှာလေ

အပေါင်းအသင်းတွေရဲ့ အကြံဉာဏ်တွေ
ပြောစကားတွေက ရာခိုင်နှုန်းတစ်ခုထိသက်ရောက်မှုရှိပါတယ်။ ကျွန်တော် ကျွန်တော့်သူငယ်ချင်းတွေရဲ့
RS တွေမှာဆို အကြံလည်း မပေးဘူး။
ထင်မြင်ချက်လည်း မပေးဘူး။
လာပြောရင် သေချာနားထောင်ပေးလိုက်တယ်။

ဘာလို့ အကြံတွေ ထင်မြင်ချက်တွေ
မပေးဘူးလဲဆိုရင် ကိုယ့်ထင်မြင်ချက်
ကိုယ့်ပြောစကားတစ်ခုကြောင့်၊
သူတို့ RS ပျက်စီးသွားတို့ ပိုဆိုးသွားတာတို့ဆိုရင်
သူတို့အတွက်လည်းမကောင်းဘူး။
ကိုယ့်အတွက်လည်း မကောင်းဘူး။
ကိုယ့် သူငယ်ချင်းဖြစ်နေတဲ့အတွက်
Personal bias ရှိကိုရှိတယ်။
ကိုယ့် သူငယ်ချင်းဘက်ကပဲ
ကိုယ်ကနေပေးချင်တာလေ
သူမှားနေရင်တောင်
"အဆုံးသတ်ဖို့ ခက်နေကြတဲ့ ဒီဇာတ်လမ်းမှာ"ဆိုပြီး
Background music လေးဆိုပေးချင်တာ
ဒါပေမယ့် မဆိုပေးဘူး။

ကိုယ့်ပြောတဲ့စကားတစ်ခွန်း ထင်မြင်ချက်တစ်ခုက
ကိုယ့်သူငယ်ချင်းမဟုတ်တဲ့ တဖက်ကလူကို
အများကြီး ထိခိုက်သွားနိုင်တယ်။
ကိုယ်က သူပြောတာတွေချည်း နားထောင်ပြီး
ဟိုဘက်ကို မကောင်းတွေ ဇွတ်မြင်ပြီး
အဲ့ကောင်နဲ့မပေါင်းနဲ့ဘာညာ ပြောလိုက်မိရင်
တဖက်တခြမ်းကို မသိရပဲ ကိုယ့်ရဲ့
မြောက်ထိုးပင့်ကော် မီးလောင်ရာလေပင့်စကားတွေက
တဖက်လူကို အများကြီးထိခိုက်သွားစေနိုင်တယ်။

ကိုယ့်လူက သူမကောင်းတာကို ချန်ပြောစမြဲလေ
ဟိုဘက်က မကောင်းတာတွေချည်း
လှိမ့်ပြောတော့ နဂိုသူငယ်ချင်းဆိုတဲ့
Personal bias နဲ့ပါပေါင်းပြီး
ဟိုဘက်ကို ကိုယ်က ကာယကံရှင်ထက်
ပိုရွံပြီး ဖြတ်လိုက်၊ မတွဲနဲ့ မပေါင်းနဲ့
ဆိုတာတွေ သွားပြောမိရင်
တဖက်လူအတွက် အများကြီးနစ်နာပါတယ်။
လူနှစ်ယောက်ရှိတဲ့ ဆက်ဆံရေးတစ်ခုမှာ
နှစ်ယောက်လုံးရဲ့ side ကနေပြောတာတွေ
နားထောင်ပြီးရင်တောင် ချက်ချင်းထင်မြင်ချက်
ပေးဖို့ခက်ပါတယ် ဒါကြောင့် တဖက်တည်းပြောစကားတွေကို နားထောင်ပြီး သူများ RS တွေထဲဝင်မပါတာ
အကောင်းဆုံးပါ။

ရှေးလူကြီးတွေပြောတာသိပ်မှန်တယ်
ကြား သုံး ကြား မဝင်ကောင်းပါဘူး။
ကိုယ့်ကြောင့် ကိုယ့်ရဲ့ စကားတစ်ခွန်းကြောင့်
မြောက်ထိုး ပင့်ကော်တွေကြောင့်
တဖက်တခြမ်းပဲ သိထားတဲ့
Information တွေလောက်နဲ့
သူငယ်ချင်းတွေရဲ့ relationship တွေကို
ဝင်ရောက်စွက်ဖက်အကြံပေးတာတွေ
ထင်မြင်ချက်ပေးတာမလုပ်ပါနဲ့။
ခပ်ရိုင်းရိုင်းပြောရင် ဝင်အာမချောင်ပါနဲ့ပေါ့
လာပြောရင် သူငယ်ချင်းဆက်ဆံရေးအရ
နားထောင်ပေးလိုက် ရေလိုက်ငါးလိုက်ပြောပေးလိုက်
ဒီလောက်ဆို ‌လုံလောက်ပြီ။

ကိုယ့်ရဲ့အာချောင်ခြင်းတွေက
တဖက်လူတွေအတွက် ဆုံးရှုံးမှုတွေနဲ့
ရင်ဆိုင်တတ်ရပါတယ်။

ဒါပါပဲ။

စစ်မှန်တဲ့ ယောက်ျားပီသမှု

 စစ်မှန်တဲ့ ယောက်ျားပီသမှုဆိုတာ အပေါ်ယံ ဟန်ဆောင်မှုတွေနဲ့ ကြွက်သားတွေကြားမှာ မရှိဘဲ၊ စိတ်ပိုင်းဆိုင်ရာ အနက်ရှိုင်းဆုံး အသိဉာဏ်နဲ့ ခိုင်မာတဲ့ အတွင်းစိတ် ခံယူချက်တွေမှာသာ တည်ရှိပါတယ်။


၁။ အမှောင်ဘက်ခြမ်းကို လက်ခံထိန်းချုပ်ထားနိုင်ခြင်း (Integrating the Shadow)

တကယ့်ယောက်ျားဆိုတာ အန္တရာယ်ကင်းတဲ့၊ ဘာမှမလုပ်တတ်တဲ့ သိုးသူငယ်လို လူမျိုး (Harmless man) မဟုတ်ပါဘူး။ သူများတွေ မတွေးရဲတဲ့ အန္တရာယ်ပြုနိုင်စွမ်း၊ ကြမ်းတမ်းနိုင်စွမ်း သူ့မှာ အပြည့်ရှိပေမဲ့ အဲဒီအရာတွေကို သူတပါးကို အနိုင်ကျင့်ဖို့ မသုံးဘဲ၊ မိမိရဲ့ အသိဉာဏ်နဲ့ စည်းကမ်းအောက်မှာ အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့သူ (Controlled Monster) သာ ဖြစ်ပါတယ်။

၂။ ရလဒ်အပေါ် စိတ်ခံစားချက် မှီခိုမှုကင်းခြင်း (Outcome Independence)

သူဟာ လုပ်စရာရှိတဲ့ အလုပ်တစ်ခု၊ ပြောစရာရှိတဲ့ စကားတစ်ခွန်းကို အကောင်းဆုံး လုပ်တယ်။ ဒါပေမဲ့ အဲဒီရလဒ်အပေါ်မှာ စိတ်ခံစားချက်အရ လုံးဝ မှီခိုမနေဘူး။ အလုပ်တစ်ခု ကျရှုံးသွားလို့၊ သို့မဟုတ် မိန်းကလေးတစ်ယောက်ကို ဖွင့်ပြောလို့ ငြင်းခံရလို့ဆိုပြီး သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-worth) က တစ်စက်လေးမှ ယိမ်းယိုင်မသွားပါဘူး။

၃။ အထီးကျန်မှုကို အပြည့်အဝ ခံနိုင်ရည်ရှိခြင်း (The Capacity for Solitude)

ကိုယ့်တစ်ယောက်တည်း နေရတဲ့ အချိန်တွေကို ကြောက်ရွံ့မနေဘူး။ အထီးကျန်တာကို မခံနိုင်လို့၊ ပတ်ဝန်းကျင် အသိအမှတ်ပြုခံချင်လို့ဆိုပြီး မလိုအပ်တဲ့ အပေါင်းအသင်းတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ မိန်းကလေးတွေနဲ့ အချိန်ကုန်ခံပြီး ရောယှက်မနေဘူး။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ လုံလောက်နေတဲ့သူ ဖြစ်ပါတယ်။

၄။ အာရုံစိုက်မှုကို တန်ဖိုးအကြီးဆုံးအဖြစ် ကာကွယ်ခြင်း (Guarding Attention)

ဒီခေတ်မှာ လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုဟာ အာရုံစိုက်မှု (Attention) ပဲဆိုတာ သူနားလည်တယ်။ ဒါကြောင့် ဈေးပေါတဲ့ ဖျော်ဖြေမှုတွေ၊ ဆိုရှယ်မီဒီယာက အတင်းအဖျင်းတွေ၊ အပြာကားတွေမှာ သူ့ရဲ့ အာရုံတွေကို အလဟဿ စုပ်ယူမခံဘူး။ သူ့ရဲ့ အာရုံကို သူ့ရဲ့ လုပ်ငန်းနဲ့ ရည်မှန်းချက်အတွက်ပဲ သုံးဖို့ အပြင်းအထန် ကာကွယ်ထားတယ်။

၅။ အချစ်ခံရခြင်းထက် အလေးစားခံရခြင်းကို ရွေးချယ်ခြင်း (Respect > Affection)

လူတိုင်းက သူ့ကို သဘောကျဖို့၊ ချစ်ဖို့ထက်၊ သူ့ကို လေးစားဖို့ကိုပဲ ပိုအလေးထားတယ်။ မိန်းကလေးတစ်ယောက်က သူ့ကို ဘယ်လောက်ပဲ ချစ်ပြနေပါစေ၊ အလေးအနက်ထားမှုနဲ့ လေးစားမှု (Respect) မပါတဲ့ ဆက်ဆံရေးဆိုတာ အမှိုက်တစ်ခုလိုပဲ ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် အညှာအတာကင်းစွာ ဆန်းစစ်နိုင်ခြင်း (Ruthless Self-Audit)

ကိုယ့်အမှားတွေ၊ အားနည်းချက်တွေကို အတ္တ (Ego) နဲ့ ဖုံးကွယ်မထားဘူး။ ကိုယ်ညံ့ရင် ညံ့ကြောင်း၊ ကိုယ်မှားရင် မှားကြောင်း ကိုယ့်ကိုယ်ကိုယ် လိမ်ညာလှည့်စားခြင်းမရှိဘဲ၊ ခွဲစိတ်ဆရာဝန်တစ်ယောက်က လူနာကို ခွဲစိတ်သလို ခံစားချက်ကင်းကင်းနဲ့ ပြတ်ပြတ်သားသား ဝန်ခံဆန်းစစ်နိုင်တယ်။

၇။ စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်ခြင်း (Frame Control)

တခြားသူတွေရဲ့ စိတ်ခံစားချက် အတက်အကျ၊ ဒေါသနဲ့ ပရမ်းပတာ အခြေအနေတွေထဲကို လွယ်လွယ်နဲ့ မျောပါမသွားဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တည်ငြိမ်မှု (Frame) ကို အခိုင်အမာ ထိန်းထားနိုင်ပြီး၊ ပတ်ဝန်းကျင်က သူ့ကို လွှမ်းမိုးတာမျိုး အခံမခံဘဲ သူ့ရဲ့ တည်ငြိမ်မှုအောက်ကိုသာ တခြားသူတွေကို ဆွဲသွင်းနိုင်တယ်။

၈။ သက်သောင့်သက်သာရှိမှုကို ရန်သူလို သဘောထားခြင်း (Embracing Discomfort)

သက်သောင့်သက်သာရှိတဲ့ နေရာ (Comfort Zone) ဟာ ယောက်ျားတစ်ယောက်ရဲ့ စွမ်းရည်တွေကို ဖြည်းဖြည်းချင်း သတ်ပစ်တဲ့ သင်္ချိုင်းဆိုတာ သိတယ်။ ဒါကြောင့် ကိုယ်နဲ့စိမ်းတဲ့ အရာတွေ၊ အဆင်မပြေတဲ့ စိန်ခေါ်မှုတွေကို ရှောင်ပြေးမယ့်အစား ကိုယ့်သဘောနဲ့ကိုယ် အမြဲတမ်း ရှာဖွေရင်ဆိုင်ပြီး စိတ်ဓာတ်ကို သံမဏိလို ရိုက်သွင်းတယ်။

၉။ အလျှော့ပေးစေ့စပ်လို့မရတဲ့ ကိုယ်ပိုင်နယ်နိမိတ် (Non-Negotiable Boundaries)

သူ့ဘဝအတွက် ခိုင်မာတဲ့ စည်းမျဉ်းတွေရှိတယ်။ ဘယ်လောက်ပဲ အရေးပါတဲ့ အလုပ်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ ချစ်ရတဲ့သူ ဖြစ်ပါစေ၊ သူ့ရဲ့ အခြေခံတန်ဖိုး (Core Values) တွေကို ထိခိုက်လာရင်၊ လာရောက်ချိုးဖောက်လာရင် တွန့်ဆုတ်မနေဘဲ နောက်လှည့်မကြည့်ဘဲ စွန့်လွှတ်ရဲတဲ့ သတ္တိရှိတယ်။

၁၀။ အချိန်အကန့်အသတ်ရှိကြောင်း အမြဲနှလုံးသွင်းခြင်း (Memento Mori)

လူဆိုတာ တစ်နေ့သေရမယ် ဆိုတာကို အမြဲသတိရတယ်။ ဒါကြောင့် မလိုအပ်တဲ့ ပြဿနာတွေမှာ အချိန်ကုန်ခံတာ၊ "မနက်ဖြန်မှ လုပ်မယ်" ဆိုပြီး အချိန်ဆွဲတာတွေကို သူ လုံးဝ ခွင့်မပြုတော့ဘူး။ ဒီကမ္ဘာပေါ်မှာ သူ့ရဲ့ အချိန်တွေ ကုန်ဆုံးနေပြီဆိုတဲ့ အသိကပဲ သူ့ကို အဓိပ္ပာယ်ရှိတဲ့ အရာတွေကို ချက်ချင်း အကောင်အထည်ဖော်ဖို့ အပြင်းထန်ဆုံး တွန်းအား ဖြစ်စေပါတယ်။