Monday, November 3, 2025

အသားလုံးစွပ်ပြုတ်ပူပူလေး

ညနေစာအတွက် အခုလို ဂျပန်တိုဟူး အသားလုံးစွပ်ပြုတ်ပူပူလေး ချက်စားကြည့်ပါ ။

✨ဝက်ကြိတ်သား ( 100 g ) ကို ငရုတ်ကောင်း ၊ ဆား ၊ ဟင်းခတ်မှုန့် စတာတွေကို အနည်းငယ် စီထည့်ပါမယ်။ ဂျင်း ၊ ကြက်သွန်ဖြူ ကို အနည်းငယ်ထောင်းကာ အရည်ညှစ်ထည့်ပါမယ်။ ကော်မှုန့် တဇွန်း / ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း ခန့် ထည့်ပါ ။ ပါဝင်ပစ္စည်းများကို အကုန်သမအောင်နယ်ကာ ၁၀မိနစ်ခန့် အသားနှပ်ထားပါမယ် ။

✨ဟင်းချို ပြုတ်ဖို့အတွက် ရေနွေးဆူလာပြီဆိုရင် ခုနက အသားနှပ်ထားတာတွေကိုလုံးပီး ထည့်ပါမယ်။ အသားကျက်လျှင်ရေပေါ် ပေါ်လာပါလိမ့်မယ်။ အသီးအရွက်အတွက် မုန်ညှင်းဖြူ ကို ထည့်ပါမယ်။ ဟင်းချို အပေါ့အငံ အတွက် အရသာမှုန့် နဲ့ ငရုတ်ကောင်း အနည်းငယ်ပဲ ထပ်ထည့်ပါမယ်။ မိမိစားချင်တဲ့ အသီးအရွက်တွေလည်း ထည့်ကာ ချက်ပြုတ်နိုင်ပါသေးတယ်။ အရသာအတွက် မိမိစိတ်ကြိုက်ပြင်ဆင်ကာ စားသုံးနိုင်ပါတယ် ။ ပီးလျှင် ဂျပန်တိုဟူးလေး ထည့်ကာ နောက်ထပ် ၅မိနစ်ခန့်ချက်ပီးလျှင် ဟင်းချိုပူပူနွေးနွေးလေး ရပါပီ 🥰

✨စားခါနီးမှ ကြက်သွန်မြိတ်လေးတွေထည့်ကာသုံးဆောင် နိုင်ပါတယ်။

🍲ချဉ်စပ်ကြိုက်သူလေးတွေက ငရုတ်သီးစိမ်း / ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပီး စားခါနီးမှ သံပုရာသီး ညှစ်ကာသုံးဆောင်နိုင်ပါတယ်ရှင်။

🍜ထမင်းမစားချင်သူလေးတွေ ဆိုလျှင်လည်း အခုလိုစွပ်ပြုတ်လေးထဲကို ဝဥကြာဇံလေး တခွေခန့်ထည့်ကာ ကြာဇံပြုတ်လေးလိုလုပ်စားလို့လည်းရပါတယ်။

✅ တနေ့တာမှာ အသီးအရွက် / အသား / ငါး / ပဲ အမျိုးမျိုး / ဥ အမျိုးမျိုး စတာတွေကို သင့်တင့်မျှတစွာ
စားသုံးဖို့ မမေ့နဲ့နော် 🥰

Dietplan တွေမှာ တနေ့တာအတွက် လုံလောက်ပီး စားသုံးရမယ့် Calories ပမာဏအလိုက် တွက်ပေးထားလို့ကျန်းမာရေး အတွက်လည်း စိတ်မပူရပါဘူးနော်။ Plan ကြောင့် ကျန်းမာရေးပိုကောင်းလာကြတာပဲရှိပါတယ် ။ ❤️

✅တစ်ယောက်ချင်းစီရဲ့ တနေ့တာလိုအပ်တဲ့ Calorie / လျော့စားသင့်တဲ့ပမာဏ / ရောဂါအခံအလိုက်ဆောင်ရန် / ရှောင်ရန် စတာတွေ မတူညီကြတဲ့အတွက် Plan တွေမှာ Group လိုက်မရှိပါဘူး ။ ❌

🍀တစ်ဦးချင်းသီးသန့် တွေပဲရှိပါတယ်ရှင် ။

Dietplan တွေမှာ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပြိီဆို အခုပဲ စတင်လိုက်ပါ 🥰😍
အသေးစိတ်ကို Messenger မှာ စုံစမ်းနိုင်ပါတယ်။

အကုန်လုံး ကျန်းမာလှပကြပါစေရှင် 🥰

#dietconsultant_healthydietplan #healthydiet #SharingIsCaringIsLoving #dietplanning #cooking 

Saturday, November 1, 2025

​ဆွေနီးမျိုး​ဝေးများ

 " ​ဆွေနီးမျိုး​ဝေးများ "

■ လူမျိုးဟူ​သော အစုအဖွဲ့တစု၏ တည်ရှိမှုကို ပြဖို့ရာ ခုနှစ်သက္ကရာဇ်​တွေကို ​နောက်ပြန်လှန်​လေ့ရှိတယ်။ ထိုအခါ ပွိုင့်တခုကို​ရွေးရတယ်။ ​လွန်ခဲ့​သော နှစ် ၂၅၀ ကိုပြန်သွားမလား , လွန်ခဲ့​သော နှစ်တ​ထောင်ကို သမိုင်းလှန်မလား , လွန်​လေပြီး​သော နှစ် ၅၀၀၀ အ​ထောက်အထားကို ပြန်တူးဆွကြမလား။ ဒါသည်ပင် နိုင်ငံပြုဝါဒတချို့၏ အ​ခြေခံ ဖြစ်လာတယ်။ ဇာတိ ၊ မာန​တွေကို ယင်းသမိုင်းကို အ​ခြေခံပြီး တည်​ဆောက်ကြတယ်။
​ရှေးရိုးစွဲနိုင်ငံ အများစုက​တော့ ​အစုအဖွဲ့တည်ရှိမှုကို ​စော​လေ​ကောင်း​လေ , အိုမင်း​လေ ကျက်သ​ရေရှိ​လေဟု မှတ်ယူကြတယ်။ " လူမျိုးဆို အိုမှ " ဟု ​လှေနံဓါးထစ်လိုက်တယ်။ " ရာသက်ပန်တည်ရှိလာ​သည် " ဟူ​သော စကားလုံးကို နားဝင်ချိုလှတယ်။
​​ယုတ္တိမတန်​သော မင်းဆက်​တွေကို ​သောင်းဂဏန်း​ခန့် ​ရေတွက်ပြခြင်းသည် မထူးဆန်းလှပါ။ မဟာသမ္မတမင်းနှင့်မှ တိုက်ရိုက်မျိုးရိုးတည်​ဆောက်လိုကြတယ်။ ​ဒဏ္ဍာရီဆန်ဆန် သတ္တဝါများနှင့် ​ဆွေမျိုးစပ်ကြတယ်။ ​နေနတ်မျိုးနွယ်မှ သက်ဆင်းလာကြတာရှိတယ်။ ​
■ ဟိုး ဆရာ , စောတိုင်း​ အဆင်​ပြေတာမဟုတ်။ အတိတ်ကို ခုနှစ်​ပေါင်း သိန်း​ကျော်လို့ သန်းဂဏန်းထိ ​ဝါရင့်​သော ​ဆွေမျိုးစပ်ဝါဒ လုပ်လိုက်ရင် ​မျောက်တံငါ​တွေ ​​ , ​မျောက်လွှဲ​ကျော်​တွေ ကိုပါ ​နိုင်ငံသား​ပေး​နေရမယ်။ အချို့ရာဇဝင်ထဲပါသလို မင်းဆက်​တွေကို ​သောင်းဂဏန်း မက ဆွဲဆန့်လိုက်လျှင် လူမဟုတ်​သေး​သော ဟို​မ​ရောက်ဒီမ​ရောက် သတ္တဝါများကို ပလ္လင်​ပေါ်တက်​​နေတာမျိုး ဖြစ်​နေမယ်။
ဆင့်ကဲဖြစ်စဥ်အရ ​နောက်ကိုဆုတ်​လေ​လေ ဒိုင်နို​​ဆော​တွေ​, ပက်ကျိ​တွေပါ အမျိုးတော်စပ်လာလိမ့်မယ်။ ချင်ပန်ဇီတ​ကောင်သည် လူသားတို့နှင့်နှင့် ၂သိန်း၈​သောင်း​လေး​ထောင် ဝမ်းကွဲ​တော်စပ်တယ်။ ​ဝေလငါး , လင်းပိုင်​ , ​ခွေးနှင့် ​ကြောင်တွေဟာ ယ​နေ့လူ​တွေနှင့် ၂၁ သန်း , ပုဇွန်ထုပ်ဟာ ၃၂၇ သန်း ဝမ်းကွဲ​တော်စပ်ပြီး အမီးဘားပိုး သည်လည်း ( 897 millionth cousin, 11 billion times removed ) ​အမျိုးစပ်တယ်။
■ တိရိစ္ဆာများအားလုံးသည် အ​ခြေခံတူညီ​သော နျူကလီရစ်အက်ဆစ် ဖြင့်တည်​ဆောက်ထား​သော DNA Genome ကိုမျှ​ဝေထားကြပြီး ​ဆွေမျိုး​ဝေးလာသည်နှင့် အမျှ DNA ကွာခြားတယ်။ Identical အမြွှာများ၏ DNA သည် ထပ်တူနီးပါး အကျဆုံးဖြစ်ပြီး ချင်ပန်ဇီနှင့် လူသည် ၉၈.၈ ရာနှုန်း , ​ကြောင်မျိုးစိတ်များနှင့် ၉၀ ရာနှုန်းတူတယ်။ Mutations နှင့် ပတ်ဝန်းကျင်၏ သက်​ရောက်မှုများသည် သတ္တဝါတဦး၏ မျိုးဗီဇကို စဥ်ဆက်မပျက် ​ပြောင်းလဲနေ​စေပြီး ယင်းက​နေ မျိုးဆက်များစွာ အကြာတွင် သီးခြား မိသားစု , သီးခြား လူမျိုး , သီးခြား မျိုးစိတ်သတ္တဝါအဖြစ် ကွဲပြားသွား​စေတယ်။
ဆိုရရင် ကိုယ့်​​နေလည်စာ ပန်းကန်ထဲက ကန်စွန်းရွက်နှင့်ပင် ​ဆွေမျိုးစပ်ချင်လျှင်ရ၏။ သစ်ပင် , ပိုးမွှားအပါအဝင် ကမ္ဘာထက်က သက်ရှိအားလုံးတို့သည် Last Eukaryotic Common Ancestor (LECA) ဟုဆို​သော သတ္တဝါတမျိုးက​နေ လွန်ခဲ့​သော နှစ် သန်း ၁၆၀၀ အထက်က သီးခြားမျိုးကွဲသွားကြတယ်။ ယင်းမတိုင်ခင်က ဆဲလ်တခုတည်းဖြင့်သာ ဖွဲ့စည်းထားသော သက်ရှိများသာ ရှိခဲ့ကြတယ်။
■ ​ခေတ်သစ်လူသားတို့အ​နေဖြင့် မျိုးကန်း​တော့ ​ဘေးမှ လက်မတင်​လေး လွတ်ခဲ့​သော ကာလရှိ၏။ လွန်​လေပြီး​​သော နှစ် ၉သိန်းခန့်က ​ရှေးဦးလူသား အ​ရေအတွက်ကျဆင်း ခဲ့ပြီး ကမ္ဘာတလွှား ၁ ​​ထောင်​ကျော် စွန်းစွန်းခန့်သာ ကျန်​ခဲ့ဖူးတယ်။ ထို Genetic Bottleneck ကမှတဆင့် ပြန်လည်မျိုးပွား များပြားလာကြခြင်းပင်။
Mitochondrial DNA ကို မိခင်ဘက်မှသာ ဆက်ခံနိုင်ရာ ယ​နေ့ လူသားအားလုံးတို့၏ မိခင်မျိုးရိုး Maternal Lineage သည် လွန်​လေပြီး​သော နှစ် ၁၅၅ ၀၀၀ ခန့်က ​နေထိုင်ခဲ့​သော အမျိုးသမီးတဦးထံ ​Trace လုပ်၍ရ​သော​ကြောင့် ယင်းသည်ပင် ယ​နေ့ရှင်သန်​နေ​သော လူအားလုံးတို့၏ ဘုံဘွားဘွားကြီး ( Maternal Common Ancestor ) လို့ဆိုကြတယ်။ Mitochondrial Eve ( ဧဝ ) လို့ အမည်​ပေးထားတယ်။
■ ​​ဝေးကွာလှ​သော ကာလမှ မလှမ်းမကမ်းကို ​ခေတ်ကို ပြန်ကြမယ်။ လူတဦးတွင် မိဘ ၂ ဦး , ဘိုးဘွား ၄ ဦး , အ​ဘေး ၈ ဦး စသဖြင့် နှစ်ဆတိုးသွားရာ လွန်ခဲ့​​သော နှစ်တ​ထောင်ခန့်ဆိုပါက ဘိုးဘွား တထရီလျံ ( ၁၀၀၀ ၀၀၀ ၀၀၀ ) ​ကျော် ခန့်ရှိရမယ်။ ယင်းဂဏန်းသည် မျိုးဆက်တခုကို ၂၅ နှစ်ခန့်ခြားပြီး ​ထောင်စုနှစ်အတွက် မျိုးဆက် ၄၀ ဟု တွက်ခြင်းမှရတယ်။ ( 2^40 )
သို့​သော် လွန်ခဲ့​သော နှစ်တ​ထောင်ခန့်က ကမ္ဘာ့လူဦး​ရေသည်ပင် သန်း ၃၀၀ ခန့်သာရှိ​သေးရာ တထရီလျံထက် အလွန်​လျော့နည်း၏။ ဤသို့ဖြစ်ရာခြင်းမှာ မိမိတို့နှင့် အမျိုးမ​ဝေးလှ​​​သော , ဝမ်းကွဲနီးစပ်​​​​သော ( လူမျိုးတူ , ယဥ်​ကျေးမှု ဘာသာစကားတူညီ​​သော ) သူများဖြင့်သာ ​အိမ်​ထောင်ရက်သားကျ​​လေ့ရှိသော​ကြောင့် ဘိုးဘွားချင်း ထပ်သွား​သော​ကြောင့်ပင်။
မျိုးဆက်​ကျန်ရစ်သည်ဆိုခြင်းမှာ အချို့သူများသည် အိမ်​ထောင်သား​မွေး မပြု​​​သော​ကြောင့် လည်း​ကောင်း , သားသမီးမထွန်းကား​သော​ကြောင့်လည်း​ကောင်း မျိုးဆက်မကျန်ပါ။ ထို Line တန့်သွားသူများ မှတပါး ​ခရစ်နှစ် ၁၀၀၀ ဖွား အခြားသူများအတွက် ယင်းတို့မှ သက်ဆင်းလာသူ ယ​နေ့​ခေတ်တွင် သား​မြေး သန်းဂဏန်းခန့် ရှိ​နေ​​တော့မယ်။ ပ​ဒေသရာဇ်များသည် အရပ်သားများထက် မျိုးပွားနိုင်မှု မြင့်​လေရာ ယ​နေ့တွင် ဂျင်ဂျစ်ခန်၏ မျိုးဆက် ၁၆ သန်းရှိပြီး အာရှအလယ်ပိုင်း တလွှားတွင် ၄င်း၏ မျိူးဗီဇပါဝင်မှု အလွန်မြင့်တယ်။
■ ယင်းတို့ဆိုလျှင် ​၂၁ရာစု မြမ္မာတဦးသည် ပုဂံ​​ခေတ်တွင် ဧရာဝတီမြစ်ဝှမ်းအတွင်း ​နေထိုင်ခဲ့​သော မျိုးဆက်ကျန်ရစ်အုံးမယ့် ပုဂံပြည်သား အားလုံးနှင့် ဆက်စပ်နိုင်တယ်။ သမိုင်းဝင် ဘုရင်အ​များစုကို ဘိုး​ဘေးလို့ Claim လျှင် မှန်ကန်ဖို့ ရာနှုန်းများတယ်။ ထို့အတူ ဧရာဝတီမြစ်ဝှမ်းကို အဆိုပါ ကာလခန့်က ဝင်​​ရောက်​​ရွေ့​ပြောင်းနေထိုင်ခဲ့မည့် တပါး​သော မျိုးနွယ်စုလူဦး​​ရေ ရာဂဏန်းမျှပင်လျှင် ပုဂံသားတို့နှင့် ( Intermarriage ) လက်ဆက်ကြပြီး ​ရော​နှောဖြစ်သွားပါက ယ​နေ့ မြမ္မာတို့၏ ဘိုးဘွားစာရင်း​တွင် ​ရောက်နေလိမ့်မယ်။
​ဆွေမျိုး​တော်စပ်ခြင်းဆိုသည် အနီးအ​​ဝေး​ပေါ် မူတည်ပြီး သတ်မှတ်ခြင်း ဖြစ်ရာ အထက်တွင်ဆိုသလို လူသားမဟုတ်​သော မျိုးစိတ်များနှင့်ပင် ဆက်စပ်၍ ရတယ်။ လူသားချင်းဆိုလျှင် ထင်ထားသည်ထက် ပိုမိုနီးစပ်ကြတယ်။ သမ္မတအိုဘားမားနှင့် ​ဂျော့ဒဗလျူဘုရှ့်တို့သည် ၁၇ ရာစုက​နေထိုင်ခဲ့​သော ​ကိုလိုနီ​ရွေ့​ပြောင်းအ​ခြေချသူတဦးက​နေ ဆက်စပ်ပြီး ၁၀ ဝမ်းကွဲ​တော်စပ်တယ်။
လူတ​ယောက်ကို ​တွေ့တဲ့အခါ ​ဆွေမျိုးဘယ်​လောက် နီးစပ်သလဲ ​တွေးမိကြပါသလား။
၃၀ ​အောက်တိုဘာ ၂၀၂၅

ကြက်ချဉ်စပ်လေး

အလွက်ကျက်သင့်/မကျက်သင့်

 ဘယ်သူက ဘယ်လိုစလိုက်တဲ့ပြဿနာဆိုတာ မသိပေမယ့် အလွက်ကျက်သင့်/မကျက်သင့်ဆိုတာကြီး ခဏခဏတွေ့နေရလို့နည်းနည်းလောက်ပြောချင်လာတယ်။ကျနော်တို့က တော့ ကျက်တာကို ဝါသနာမပါဘူး။ တိုက်လည်းမတိုက်တွန်းဘူး.. ပျင်းလို့ပါ။ ပညာရှင်မို့လို့မဟုတ်ဘူး။ ကျက်ဖို့မတိုက်တွန်းပေမယ့်လည်း ကျက်မှ ဖြစ်တော့မယ်ဟေ့ဆိုရင်တော့ ကျက်ပေါ့လေ..ဘယ်တတ်နိုင်မလဲ။

ဒါပေမယ့်ကျနော်တို့က ဘာသာစကားသင်ကြားရေးမှာ ကျက်တာကိုအားမပေးဘူးပြောတာပါ။ တက္ကသိုလ်ဝင်တန်းလိုမျိုး ဘာသာရပ်ပေါင်းစုံလည်းပါတယ်၊ အချိန်ကလည်း အပြည့်အဝမရ၊နောက်ပြီးဘာသာစကားလို စာမေးပွဲမေးခွန်းကိုပြင်ထားပြီး သင်ရိုးကိုကျ ဘာသာရပ်လိုပြင်ဆင်ထားတဲ့ (ဒါကတော့အွန်လိုင်းမှာဖတ်မိလိုက်တဲ့ ကျူရှင်ဆရာတဦးရဲ့အလိုအရပါ..၊ ကျနော်စိတ်မဝင်စားလို့သေချာမလေ့လာမိ/မသိသေးပါ)စာမေးပွဲအတွက်ဆိုရင်တော့ ဘာသာစကားသင်သလို အချိန်တခုပေးပြီးသေချာသင်ပေးလို့ အဆင်မပြေတာမျိုးတွေလည်း ဖြစ်နိုင်တယ်ပေါ့ဗျာ။
ကျနော်တို့တုန်းက (၉၈/၉၉/၂၀၀၀ကာလတွေတုန်းက)လည်း ဆရာ/မတွေက စာမေးပွဲမေးခွန်းကို အခြေခံပြီး အောင်မှတ်အမြန်ရစေဖို့နည်းလမ်းတွေနဲ့ပဲ အသင်ကြားခံခဲ့ကြရတာပါပဲ။ ၆၅ မှတ်ဖိုးကွက်တိ က ပြဋ္ဌာန်းစာအုပ်ထဲက မေးတာဆိုလို့ ပြဋ္ဌာန်းစာအုပ်ကို အလွတ်ကျက်ခိုင်းတဲ့ဆရာ/မတွေ အများကြီးပါ။ အက်ဆေး၊ပေးစာ/ပြန်စာနဲ့ ဇာတ်ကောင်သရုပ်ဖော်မရေးနိုင်ရင်နေပစေ.. သဒ္ဒါ ၁၀ မှတ်မရရင်နေပစေ၊ အဲ့ဒီ ၆၅ မှတ်သာ အပိုင်လုပ်ထားရင်အေးဆေးအောင်တယ်ဆိုတဲ့တွက်ကိန်းနဲ့ပါ။ ဒီလိုနည်းနဲ့အောင်လာခဲ့တော့ ဘွဲ့ရပြီးသော်လည်း ..ကျောင်းမှာ အင်္ဂလိပ်စာကကို ၁၀ နှစ်ကျော် သင်ရိုးထဲပါလာလို့သင်ခဲ့သော်လည်း စာတကြောင်းဖြောင့်အောင်မရေးတတ်၊ သူများရေးထားတာကို မဖတ်တတ်တဲ့မျိုးဆက်တခုမက ပေါ်လာတာပါပဲ။ နောက်ပိုင်းမှ (ဆိုလိုတာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ)သာ နိုင်ငံတကာကျောင်းတွေပေါ်လာ..ပုဂ္ဂလိကကျောင်းတွေကနေ အင်္ဂလိပ်လိုပြောဆိုသင်ကြားတဲ့စနစ်တွေလုပ်လာတော့မှသာ အင်္ဂလိပ်စာကိုမကြောက်တဲ့မျိုးဆက်တခုထွက်လာတာပါ။ ဒါတောင် ကျေးလက်နေကျောင်းသားတွေနဲ့ မြို့ဆင်ခြေဖုံးက မတတ်နိုင်တဲ့ကျောင်းသားတွေ အဖို့က ဒုက္ခရောက်ဆဲပါပဲ။ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို ဒါတွေနဲ့ပတ်သက်ရင် ပထမဦးဆုံးတာဝန်ရှိတာ နိုင်ငံတော်အစိုးရပါ။ အခုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရမရှိတဲ့အခြေအနေလည်းဖြစ်တယ်..နိုင်ငံကလည်း ပဋိပက္ခပေါင်းစုံနဲ့ ရုန်းကန်နေရဆဲကာလဖြစ်နေလို့ ဒီဟာကို ခဏထားပြီး လက်ရှိအနေအထားမှာ ဘယ်လိုလုပ်လို့ရမလဲဆိုတာ နည်းနည်းစဥ်းစားကြည့်ချင်ပါတယ်။
အခြေအနေကတော့ ဆရာ/မ က ဥာဏ်ကိုပိုပြီး လွှာသုံး/ပိုအပင်ပန်းခံရမယ့်အခြေအနေပါ။ အင်္ဂလိပ်စာအခြေခံအားနည်းတဲ့ကလေးတွေအနေနဲ့နွေရာသီကျောင်းပိတ်ရက် ၃ လကို အင်္ဂလိပ်စာအခြေခံပိုင်အောင် သေချာလေ့လာသင့်ပါတယ်။ အရေးအဖတ်ကိုချည်းမလုပ်ဘဲ..ပြောတာ နားထောင်တာအပါအဝင် ယဥ်ပါးသွားအောင်/မကြောက်တော့အောင် သင်ပေးတတ်တဲ့ဆရာ/မတွေဆီမှာ သေချာတက်ထားသင့်တယ်။
ခုမှ သင်ရမယ့် ဆရာတွေအနေနဲ့က မေးခွန်းဟောင်းတွေထဲ အကြိမ်ရေအများဆုံးသုံးတတ်တဲ့ content word တွေကို စာရင်းလုပ်ပါ။ ၃၀၀-၅၀၀ လောက်ဆိုရပါပြီ။ အဲဒီထဲက တရက်ကို ၁၀-၁၅ လုံးလောက်ကိုပဲcontextual learning လုပ်ခိုင်းပါ။ ဥပမာ- ambitious ဆိုပါစို့။ She is ambitious လို့ မမှတ်ခိုင်းဘဲ Aung Aung is an ambitious student who wants to study medicine at YMU ဆိုပြီးမှတ်ခိုင်းပါ။ ပြီးရင် Why မေးခွန်း ထပ်ထုတ်ပြီး inspire လိုစကားလုံးမျိုးနဲ့ထပ်တွဲလို့ရပါတယ်။ because he is inspired by a story about a doctor စသဖြင့် ထပ်တွဲပါ။ ဒါကို contextual learning လို့ခေါ်ပါတယ်။ game လိုမျိုးတောင် ကစားခိုင်းလို့ရပါသေးတယ်။ ကျောင်းသားအရေအတွက်ပေါ်မူတည်ပြီး အဖွဲ့တွေခွဲ ကစားရမှာပေါ့လေ။
နောက်ပြီးသူတို့ကိုယ်ပိုင် Vocabulary Notebook လုပ်ခိုင်းပါ။ Monday မှာ week 1 ၊ Tuesday မှာWeek 1+week 2 review၊ Wednesday မှာ စကားလုံးအသစ်၊ Thursday မှာ Week 1+3 review စသဖြင့် အလှည့်ကျ သွားကြည့်ပါ။ အဲဒါ Spaced Repetition System (SRS) လို့ခေါ်တယ်။ စကားလုံးတွေဒီတိုင်းမမှတ်ခိုင်း၊ ဝါကျ မတည်ဆောက်ခိုင်းပါနဲ့ chunking လုပ်ပါ..အတွဲလိုက်မှတ်ခိုင်းပါ။ ဥပမာ success ဆိုရင် acheive success/ remarkable success စသဖြင့်ပေါ့။ make a mistake, take a decision, fully aware of စသဖြင့်ပေါ့ဗျာ။ App အကူအညီ (ဖုန်းရှိရင်) နဲ့လည်း သင်လို့ရတယ်။ အလကားရတဲ့ app တွေရှိပါတယ်။ ဥပမာ- Anki တို့ Quizlet တို့လိုမျိုးပေါ့။
စကားလုံးတွေမှတ်တဲ့အခါ Multi-sensory Approach နဲ့တွဲမှတ်တတ်အောင်ခိုင်းပါ။ ဥပမာ- emotion ဆိုတဲ့ဗဟိုကနေ happy, sad, angry, anxious… ထွက်သွားတဲ့ mapလိုမျိုးတွေ ဆွဲပြီးမှတ်ခိုင်း/အဲဒါကို ဝါကျလုပ်ခိုင်းတာမျိုးပေါ့၊ Auditory ကြားအောင်သင်ဖို့အတွက် Words တွေကို pronunciation နဲ့တွဲပြီး သင်ပါ၊အတန်းထဲမှာ choral repetition လုပ်ပါ (တစ်ယောက်တည်းမကျက်ပဲ အားလုံးအတူတူ ထပ်ခါထပ်ခါပြောတာ၊ လိုအပ်ရင် သက်ဆိုင်ရာစကားလုံးတွေအတွက် ယူကျုတို့ podcast တို့ဖွင့်ပေးလို့ရရင် ဖွင့်ပေးလိုက်ပေါ့။ Kinesthetic (လှုပ်ရှားတာနဲ့ဆက်စပ်ပြီးမှတ်နိုင်ဖို့)အတွက် TPR(Total Physical Response)သဘောသုံးပြီး words တွေကို actions နဲ့တွဲပါ၊ဥပမာ: “expand” ဆိုရင် လက်ကို ဖြန့်ပြီးပြတာ၊ “shrink” ဆိုရင် လက်ကို/ကိုယ်ကိုကျုံ့ပြတာ၊ exasperate (တအားကိုစိတ်တိုတဲ့ပုံစံလုပ်ပြပြီး)ပြီးမှ အနက်ကို စိတ်/ရုပ် သွင်ပြင်နဲ့တွဲခိုင်းပေါ့။ ပြီးမှ ဝါကျလုပ်ခိုင်းပေါ့။ ဝါကျလုပ်တဲ့အခါ နဂိုမှတ်ထားတဲ့ အနက်ဆင်စကားလုံးတွေနဲ့အုပ်စုဖွဲ့ပြီး တွဲလုပ်ခိုင်းပေါ့။ ဥပမာ exasperate, steal, desperate, upset, စသဖြင့်ဆိုပါစို့။ My brother exasperates me when he grabs my phone. At such moment, I tend to upset him by calling him out. Then, he becomes desperate. ဒီလိုနည်းလမ်းကတော့ Sensory Motor Experience နဲ့မှတ်ခိုင်းပြီး အတွဲလိုက်ပြန်သုံးခိုင်းတဲ့နည်းပါ။ meaningful cluster of sentences တွေကနေ တဆင့် single idea တခုကို ညွှန်းနေတဲ့စာပိုဒ်တွေဆီဦးတည်ပါ။ နောက်တော့မှ စာပိုဒ်ချင်းချိတ်ဆက်ပုံတွေထပ်သင်ရပါမယ်။ ပြီးမှ အက်ဆေးပေါ့ဗျာ။ အဲဒီအဆင့်အထိကို တယောက်ချင်းမဟုတ်ဘဲ အဖွဲ့လိုက် လုပ်လို့ရပါတယ်။
ဥပမာ-ဆရာကနေ စပြီး ဒီနေ့တော့ week 1 /2 ထဲက စကားလုံးတွေချည်းပဲ သီးသန့်သုံးပြီး စာပိုဒ်လုပ်ကြမယ်ဟေ့ဆိုပြီး အုပ်စုခွဲ စကားလုံးတွေခွဲပေးပြီးတော့ Topic sentence တခုကို မဲနှိုက်ပြီးရေးခိုင်းပေါ့။ ဆိုကြပါစို့-Soe Thein was absent from class yesterday ဆိုတာကစတယ်ဆိုပါစို့။ နောက်အုပ်စုက ဒါကိုဆက်ရပါမယ်။ He caught cold as he walked back home from school ဆိုတာမျိုးပေါ့။ နောက်တအုပ်စုကနေဆက်ပြီး He was so forgetful that he left his raincoat at home. ဆိုတာမျိုးပေါ့ဗျာ။ နောက်ဆုံးစာပိုဒ်တပိုဒ်ပြီးတဲ့အခါ ဆရာက ပြန်စစ်ပြီးမေးရပါမယ်။ ပြန်သုံးသပ်ခိုင်းရမယ်။ logical ဖြစ်လား..ဘာလွတ်နေလဲဆိုတာပေါ့။
စာကြောင်းနဲ့စရတာပျင်းတဲ့အခါ ပုံတပုံ၊ ဗီဒီယိုတိုတခု သို့မဟုတ် သီချင်းတပုဒ်၊ ကဗျာတပုဒ်၊ အဆိုတော် သို့ ဆယ်လီတယောက်အကြောင်း စသဖြင့် အမျိုးမျိုးထွင်လို့ရပါတယ်။
ပြဋ္ဌာန်းစာအုပ်နဲ့ချိတ်ဆက်သင်ရာမှာလည်း ဆက်စပ်ခေါင်းစဥ်တွေကို ကျောင်းသားတွေနဲ့ ဒီလိုပဲ အုပ်စုခွဲ ဦးနှောက်ခါးတောင်းကျိုက်ခိုင်းပြီး သင်ကြည့်ပေါ့ဗျာ။ ကျနော်အလုပ်ဖြစ်ခဲ့တဲ့နည်းတွေပါ။

စာတတ်တယ်၊ စကားတတ်တယ်ဆိုတာ

 ကျနော် ခဏခဏပြောဖူးသလို ထပ်ပြောပါရစေ။ စာတတ်တယ်၊ စကားတတ်တယ်ဆိုတာက သေးသေးလေးကို စကားအလင်္ကာ ဝေဝေဆာဆာနဲ့ ချဲ့ထွင်ပြောတတ်၊ ရေးတတ်တာပါ။ အပြန်အလှန်အားဖြင့် စကားတန် ဝေဝေဆာဆာနဲ့ အရှည်ကြီးရေးထားတာတွေကို အနှစ်ထုတ်ပြီး ချုံ့ရေးတတ်၊ ပြောတတ်တာကို ဆိုလိုတာပါပဲ။ ဒီစွမ်းရည်နှစ်ခုလုံးမရှိရင် စာတတ်တယ်လို့ မပြောနိုင်သေးပါဘူး။ တခုတည်းတတ်ရုံနဲ့ မလောက်သေးပါဘူး။

ကျနော်တို့ကျောင်းသားဘဝတုန်းက ရီဒါဒိုင်ဂျက်စ်မဂ္ဂဇင်း အဟောင်းတွေကို စာအုပ်တန်းမှာ ခဏခဏဝယ်ဖြစ်တယ်။ စျေးလည်း တအားသက်သာလို့ရော၊ ရေးဟန်တွေ၊ ဇာတ်လမ်းတွေက ရသပိုပါတယ်၊ သဘောကျစရာကောင်းတယ်လို့ ထင်လို့ပါပဲ။
၁၉၂၀ လောက်ကနေ ၁၉၆၀ လောက်ထိ စာအုပ်တွေဟာ မြန်မာပြည်ကို တိုက်ရိုက်တင်သွင်းလာတဲ့ စာအုပ်တွေချည်းပါပဲ။ တချို့တလေက အိန္ဒိယကနေ ဝင်တာရှိမယ်ပေါ့။ နောက်ပိုင်းကျ ဟောင်ကောင်ကနေပဲ ရိုက်ပြီး ဖြန့်တော့တယ်။ ဘာလို့လဲ မသိဘူး။ နောက်ပိုင်းဗားရှင်းတွေ အခုထိပေါ့ကို ကျနော် အရင်အဟောင်းတွေလောက် မကြိုက်တော့ပါဘူး။ အရင်တုန်းကဆို အင်းဝစာအုပ်ဆိုင်ကနေ လစဥ်လည်း မှာဖူးတယ်။ ယှဉ်ဖတ်ကြည့်တာ တော်တော်လေး သိသာသွားတယ်။ ဟိုတုန်းက စာဟန်တွေက ရသကဲတယ်။ နောက်ပိုင်းစာတွေက စီးပွားရေးပိုဆန်လာတယ်။ ခေတ်ကြောင့်နေမှာပါ။
ဟိုတုန်းက ရီဒါဒိုင်ဂျက်စ်မဂ္ဂဇင်းတွေမှာ အနောက်တိုင်းက နာမည်ကြီးစာအုပ်တွေကို အကျဥ်းပြန်ရေးတဲ့ ဝတ္ထုအကျဥ်း (Readers’ Digest Condensed Book) ကဏ္ဍ ရှိတယ်။ နောက်ပိုင်း မြန်မာဘာသာပြန်လောကက နာမည်ကြီးစာအုပ်တချို့ကို ကျနော် အဲဒီကဏ္ဍကနေ ဖတ်ဖူးခဲ့တာပါ။
ဥပမာ ဆရာတင်မောင်မြင့် မဟေသီမှာ အခန်းဆက်ရေးခဲ့တဲ့ မမရေချယ် ရဲ့မူရင်းဝတ္ထု My Cousin Rachel by Daphne Du Maurier ကိုပေါ့။ နောက်တခါ ဆရာမကြီးစာအုပ်တွေပါပဲ။ Jamaica Inn က မောင်သိန်းဆိုင်က ခင်ပပမြိုင် ဆိုပြီး ပြန်မှီးထားတယ်။ နောက်ပြီး အထောက်တော်လှအောင် ပြန်တဲ့ ရဘက်ကာ (Rebecca) ဆိုတာတွေဟာ ကျနော် ရီဒါဒိုင်ဂျက်စ်ဝတ္ထုအကျဥ်းမှာ ဖတ်ဖူးခဲ့တာတွေပါ။ နောက်ပြီး ဗိုလ်ချုပ်ကြီးအိုင်ဗန်ကိုနော့ဗ် ရေးတဲ့The Race to Berlin ဆိုတဲ့ ဟာကို တပ်နီတော်ဘာလင်သိမ်းစဥ်က ဆိုပြီး ဗိုလ်အောင်စိန်မြန်မာပြန်တယ်။ အဲဒါကိုလည်း RCB ထဲမှာပဲ ဖတ်ဖူးတာ။ တခြားဖတ်ဖူးတာတွေလည်း အများကြီးပါ။
အင်မတန် ရသမြောက်တဲ့ ဝတ္ထုတွေကို ရသလည်း မပျက်၊ မူရင်းဝတ္ထုသွားကိုလည်း မထိခိုက်စေဘဲ ပြောင်မြောက်စွာ အကျဥ်းချုံ့ပြန်ရေးသွားတာတွေကို လေ့လာချင်ရင် အဲ့လိုစာတွေ ဖတ်ကြည့်ပါ။ မူရင်းနဲ့ ယှဉ်ဖတ်လေ၊ သိလေ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် တကယ်စိတ်ဝင်စားစရာကောင်းတာက ချုံ့တဲ့နည်းလမ်းပါ။ ဥပမာ Rebecca ဆိုရင် မူရင်းစာအုပ်က ၄၄၉ စာမျက်နှာ ရှိပါတယ် (Penguin Classics edition)။ အခန်းပေါင်း ၂၇ အခန်း ပါတယ်။ ဒါပေမယ့် Reader’s Digest Condensed version မှာတော့ ၁၅၀ စာမျက်နှာလောက်ပဲ ကျန်ပါတယ်။ ဆိုတော့ မူရင်းရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက် ဖြတ်ထားတာပေါ့။ ဒါပေမယ့် Manderley အိမ်ကြီးရဲ့ ထိတ်လန့်ဖွယ် ခံစားချက်ရော၊ Mrs. Danvers ရဲ့ ကြောက်မက်ဖွယ် စရိုက်ရော၊ ဇနီးသစ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေရော၊ နောက်ဆုံး climax က အံ့အားသင့်စရာ twist ရော၊ Rebecca ဆိုတဲ့ ဇနီးဟောင်းရဲ့ လျှို့ဝှက်ချက်ရော အကုန်လုံး ပြည့်စုံနေဆဲပဲ။ အဓိက ဇာတ်ကြောင်းလမ်းကြောင်း မပျက်ဘူး။
Readers’ Digest Condensed Book ဆိုပြီး အတွဲလိုက် ပြန်ထုတ်ပါတယ်။ Reader’s Digest Association က ၁၉၅၀ ကနေ ၁၉၉၇ ခုနှစ်အထိ ထုတ်ဝေခဲ့တယ်။ တနှစ်ကို volume လေးတွဲကနေ ခြောက်တွဲလောက် ထွက်တယ်။ အတွဲတခုမှာ ဝတ္ထု လေးပုဒ်ကနေ ငါးပုဒ်လောက် ပါတယ်။ စာအုပ်ကhardcover binding နဲ့ ထုတ်တာ။ အရည်အသွေး မြင့်မားတဲ့ စက္ကူနဲ့ ပုံနှိပ်ထားတယ်။
Big Bad Wolf ပွဲတွေမှာ တင်ရောင်းတတ်တယ်။Second-hand books section မှာ ရှာလည်းရတယ်။ တခါတရံ box set တွေ ရှိတယ်။ ဆယ်တွဲလောက် ပါတာမျိုး။ ဝယ်ဖတ်ကြည့်သင့်ပါတယ်။ စာအုပ်အတော်များများကို တထိုင်တည်း ပြီးတာပေါ့ဗျာ။ တကယ့်ပညာရှင်တွေရဲ့ summarizing skill ကို သေချာလေ့လာလို့ရတာပေါ့။ မူရင်းနဲ့ တိုက်ဖတ်ရင် ချုံ့တာရော ချဲ့တာပါ တခါတည်း လေ့လာနိုင်တာပေါ့ဗျာ။
အွန်လိုင်းမှာတော့ Facebook Marketplace က Second-hand books groups တွေမှာ ရှာလို့ရတယ်။ eBay ရော AbeBooks ရော Amazon က used books section မှာလည်း ရှိတယ်။ ဒါပေမယ့် international shipping ကုန်ကျစရိတ် ထည့်တွက်ရမယ်ပေါ့။
စာအုပ်ဝယ်တဲ့အခါ edition နဲ့ ထုတ်ဝေတဲ့နှစ် ကြည့်ပါ။ ၁၉၅၀ ကနေ ၁၉၇၀ ခေတ်က editions တွေက ပိုကောင်းတယ်။ စာမျက်နှာတွေ အဝါရောင်ဖြစ်နေလည်း ပြဿနာမရှိပါဘူး။ သဘာဝကျတာပါ။ စာလုံးတွေ ရှင်းရှင်းလင်းလင်း ဖတ်လို့ရမရ စစ်ဖို့တော့ အရေးကြီးပါတယ်။ Hard cover ကောင်းကောင်းနဲ့ ရှာပါ။
Reader’s Digest ရဲ့ condensed book editors တွေက တကယ့်ကျွမ်းကျင်သူတွေပါ။ သူတို့က ဝတ္ထုတစ်ပုဒ်ရဲ့ အဓိက storyline ကို မထိခိုက်စေဘဲ၊ ဇာတ်ကောင်တွေရဲ့ စရိုက်လက္ခဏာတွေ ထင်ရှားနေအောင် အရေးကြီးတဲ့ အခန်းကဏ္ဍတွေ မပျောက်စေဘဲ ရသကို မလျော့ကျစေဘဲ မူရင်းစာအုပ် စာမျက်နှာ၄၀၀ကနေ ၅၀၀ကို ၁၀၀-၁၅၀လောက် ချုံ့နိုင်ကြတယ်။
အဲဒါကို ဘယ်လို လုပ်ကြသလဲဆိုတော့ အရေးမကြီးတဲ့ sub-plots တွေ ဖြုတ်ပစ်တယ်။ သရုပ်ဖော်(descriptions) ကို တိုတောင်းအောင် လုပ်တယ်။ ဇာတ်ကောင်ရဲ့ အတွင်းစိတ် မှာအရှည်ကြီးတွေးတာတွေကို အချုပ်လုပ်တယ်။ Dialogue တွေကို ဇာတ်ကြောင်း မထိခိုက်ရင် ဖြတ်တယ်။ ဒါပေမယ့် မူရင်းရဲ့ အရသာ၊ tone၊ အသံ (voice) ကို သေသေချာချာ ထိန်းသိမ်းထားတယ်။
မူရင်းနဲ့ condensed version ကို နှိုင်းယှဉ်ရင်စာရေးဆရာက ဘယ်လို ချဲ့သလဲ မြင်လာတယ်။ သရုပ်ဖော်ပုံတွေကို ဘယ်လို အသေးစိတ်ရေးသလဲ၊ ဇာတ်ကောင်ရဲ့ စိတ်ကို ဘယ်လို နက်နက်နဲနဲ ဖော်ပြသလဲ၊ အခြေအနေတခုကို ဘယ်လောက် အချိန်ယူပြီး တည်ဆောက်သလဲ ဆိုတာမျိုး တွေ့လာမယ်။ ဒါက ချုံ့နည်းလည်း သိမယ်၊ ချဲ့နည်းလည်း သိမယ်။ နှစ်ခုလုံး တပြိုင်တည်း လေ့လာလို့ ရတာပေါ့။
စာဖတ်တာ စာရေးတာကလည်း ဖတ်တတ်ချင်ရင် တကယ်ဖတ်ကြည့်၊ ရေးတတ်ချင်ရင် တကယ်ရေးကြည့်မှ သိရတာမျိုးဆိုတော့ အဲလို ဖတ်ကြည့်ကြစေချင်ပါတယ်။ ကျနော်ကတော့ စာအုပ်ရှည်လွန်းလို့ ပျင်းရင် အဲ့လို condensed book ရှာဖတ်လိုက်တယ်။ လိုအပ်မှ မူရင်းပြေးကြည့်တယ်။ ခုနောက်ပိုင်းမှာ graphic novel တချို့ပေါ်လာလို့ တော်တော်လေး အဆင်ပြေတယ်။ Media ပေါင်းစုံ၊ medium ပေါင်းစုံကနေ ဖတ်ကြည့်ကြပါဗျာ။

Negative energy တွေကို ငြင်းဆန်နိုင်သူ

 " ဘယ်လိုလူတွေက ပိုကောင်းတဲ့ ဘဝ ပိုင်ဆိုင်ကြသလဲဆိုရင် … လူအမျိုးမျိုး စိတ်အထွေထွေက ပေးတဲ့ Negative energy တွေကို ငြင်းဆန်နိုင်သူတွေပဲ ဖြစ်တယ် … "

***
ဘဝမှာ စိတ်ချမ်းသာချင်ရင် လူတွေဆီက လာတဲ့ မထိတထိ စောင်းချိတ်မှုတွေကို အာရုံမထားပဲ လစ်လျှူရှုတတ်ဖို့လိုတယ် ။ တစ်ခုခုဆိုတိုင်း ငါ့ကို ထိရကောင်းမလား ၊ ပြောရကောင်းမလားဆိုပြီး အမောက်ထောက်ပြနေရင် ကိုယ်ပဲ ပင်ပန်းပါတယ် ။
ကိုယ့်ကို သူတို့စိတ်နဲ့သူတို့ ကြည့်မရလို့ ပိုစ့်တွေစောင်းတင်တာတွေ ၊ ကွယ်ရာမှာ ဖောင်းထုတာတွေကို ဒေါသလိုက်ထွက်နေရင် ကိုယ့်အကြည်ဓာတ်ပဲ ပျက်ရတယ် ။
ကိုယ့်ကို Blame နေကြတယ် ၊ Bully ကြတယ်ဆိုတိုင်း ခံစားပြနေဖို့ မလိုပါဘူး ။ အစတည်းက ကိုယ့်ဆီက တုန့်ပြန်လာမဲ့ Negative reaction တွေကို မျှော်လင့်လို့ ၊ ကိုယ်လောင်သွားတာကို လိုချင်လို့ ပြုလိုက်တဲ့ အပြုမူတွေဖြစ်တယ် ။ သူတို့လိုချင်တဲ့ အနုတ်လက္ခဏာတွေကို ကိုယ့်ဘက်က ငြင်းဆိုလိုက်ရင် ပူလောင်မှုတွေကနေ လွတ်မြောက်ရတယ် ။
မကောင်းတဲ့ Energy တွေ အဖြစ်မခံပါနဲ့ ။
ဒါဟာ သူတို့ကို ကြောက်လို့မဟုတ်ပဲ .. ကိုယ့်အကြည်ဓာတ်တွေ မပျက်ဖို့ဖြစ်တယ် ။ အဲဒီအရာကို သက်သေပြနိုင်မဲ့ နည်းကတော့ … သူတို့ကြောင့် သိမ်ငယ်ပြီး ကွယ်ပျောက်သွားရမှာ မဟုတ်ပဲ ပိုလုပ်ပြရမှာ ၊ သူတို့ ပိုအမြင်ကပ်တဲ့ထိ ပိုအောင်မြင်ပြရမှာ ဖြစ်တယ် ။
နောက်တစ်ခုက လူတွေ ကိုယ့်အပေါ်ထားတဲ့ စိတ်တွေကို feeling သိပ်မထားနဲ့ ။ သူတို့ဘာသာ ချစ်၏ မချစ်၏ ၊ ကြိုက်၏ မကြိုက်၏ က ကိုယ်လွှမ်းမိုးနိုင်တာတွေ မဟုတ်ဘူး ။ အဲတာတွေက ကိုယ့်ကို တစ်ပြားသားမှ ပြောင်းလဲစေနိုင်တာလည်း မဟုတ်ဘူး ။ သူတို့ကြောင့် ကိုယ့်အလုံးရပ်က လျော့သွားမှာ မဟုတ်သလို ၊ ကိုယ့်အိတ်ကပ်ထဲက ငွေတွေလည်း တိုးမလာပါဘူး ။ ကိုယ့်ကို ဘာပြောင်းလဲမှုမှ မပေးနိုင်တဲ့ အရာတွေအတွက် ခံစားမနေပါနဲ့ ။
တစ်ခုတော့ ရှိတယ် ။ အဲဒီလို စိတ်မျိုးထားနိုင်ဖို့က ကိုယ့်ရပ်တည်ချက်ကတော့ မှန်နေဖို့လိုတာပေါ့ ။ ကိုယ်လုပ်နေတဲ့ အရာက သေချာပေါက် ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် ၊ လူတိုင်းအတွက် မဟုတ်တောင် လူတချို့အတွက် ကောင်းတဲ့အရာဖြစ်နေခဲ့ရင် .. လူတွေရဲ့ အချစ် အမုန်းတွေ သိပ်မတွေးပဲ ၊ ကရုဏာတရားတွေ မမျှော်လင့်ပဲ ဆက်သွားနိုင်ဖို့ လုံလောက်ပါတယ် ။
ဘဝမှာ အသေးမွှားကိစ္စလေးတွေကအစ စိတ်ထဲလိုက်ထည့်နေရင် … ဘာမဟုတ်တဲ့ ကိစ္စလေးတွေကပါ ကိုယ့်ကို နာကျင်နေစေမှာဖြစ်တယ် ။