Saturday, November 1, 2025

ရန်သူတော်ရွေးချယ်ခြင်း

 ရှားလော့ဟုမ် ဘာလို့ နာမည်ကြီးသလဲ။

ဆားပုလင်းနှင်းမောင် ဘာလို့ နာမည်ကြီးသလဲ။
အကြောင်းအချက်များစွာထဲမှ ပြောလိုတဲ့
တချက် တင်ပြရရင်"ရန်သူအရွေးတော်တာလည်း
တချက်ဖြစ်ပါတယ်"
စုံထောက်ဟာ ကြက်ဝိုင်း၊ဖဲဝိုင်းလောက်ပဲ
ဖမ်းနိုင်မယ်၊ ထမိန်သူခိုး၊ဘိန်းစားလောက်ပဲ
ဖမ်းနိုင်မယ်ဆို ဘယ် နာမည်ကြီးစရာရှိမလဲ။
ရန်သူတွေဟာ ဒိတ်ဒိတ်ကြဲဉာဏ်ကြီးရှင်တွေ၊
သတ္တိခဲတွေ၊ စွန့်ဝံ့သူတွေ၊ ကိုယ့်အသက်ကို ဖက်ရွက်လောက်မျှ ပမာမထားသူတွေ။
ယင်းသို့သော လူဆိုးကြီးတွေ ဖမ်းနိုင်လို့၊
ယင်းသို့သော လူဆိုးကြီးတွေနဲ့ ယှဥ်နိုင်လို့
စုံထောက် ဟုမ်း၊နှင်းမောင် စသူတို့ဟာ
နာမည်ကြီးတာ ဖြစ်ပါတယ်။
ဒါက ကျနော်ပြောမှ မဟုတ်။
ဆရာမင်းသိင်္ခကိုယ်တိုင် ပြောခဲ့ပြီး ဖြစ်ပါတယ်။
နောက် အဲလိုသဘောကိုပဲ ပါဝါ၏ဥပဒေသ
၄၈ ချက်ရေးတဲ့ Robert Greene ဆိုတဲ့
စာရေးသူကလည်း ထိုနည်းအတိုင်း ဆိုထား
ပါတယ်။ သြဇာအာဏာကြီးဖို့အထဲမှာ ရန်သူ
အရွေးတော်တာလည်း တချက်ပါတယ်ဟူ၍။
ပြောခဲ့သလို ဒိတ်ဒိတ်ကြဲရန်သူမျိုးပေါ့ဗျာ။
ထမိန်သူခိုးလောက်ကို ရန်သူသွားရွေးရင်
ကိုယ်ရှိတဲ့ နှစ်ပဲခြောက်ပြား role လေးပင်
​ကျသွားနိုင်တာကို။
နောက်ထပ် သရော်လှောင်ပြောင်စရာတော့
ရှိပါတယ်။ ရန်သူအရွေးတော်လို့ သြဇာတွေ
တက်လာကြတယ်။အားကိုးရာအဖြစ် ကိုးစား
အားကိုးလာကြတယ်။လူအများရဲ့ အထင်ကြီး
လေးစားခြင်း ခံလာကြရတယ်။
အဲသလို အစကောင်းရရှိပြီး မိမိတို့ရွေးတဲ့
ရန်သူကို အဆုံးတိုင်မချေမှုန်း၊အရိုးသားမကျန်
ဝါးစားမယ်ကွ၊ အရေခွံနွှာမယ်ကွ ဟူ၍ မာန်ချီ
လာကြပြီး ရန်သူက တချက်နှစ်ချက်လောက်
ဂီးဂဲ ဟိန်းဟောက် လည်ဆံမွှေးခါပြလိုက်တာနဲ့
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်
ဖနောင့်နဲ့တင်းပါး တသားထဲကျအောင်ပြေး
တယ်။ ဟဲဟဲ သားတို့က စတာပါနော် ဟွန်း
ဆိုတာမျိုးဖြင့် အဖျားရှူးသွားတယ်ဆို
တကယ့် Sပေါလုံးလုံး ဖြစ်သွားပါပြီ။
ဒီတော့ ရန်သူအရွေးတော်တိုင်းလည်း သြဇာ
တက်မယ် မသေချာသေးပါဘူး။ အဲရန်သူကို
အပြီးတိုင် ချေမှုန်းသွားဖို့အထိ လိုပါသေးတယ်။
ရွေးတော့ ဒိတ်ဒိတ်ကြဲ၊
ပတ်ရန်ရှာတော့ ဘာအစွယ်မှမရှိတဲ့
ထမိန်သူခိုးလောက် ဘိန်းစားလောက်တွေကို
တိုက်ခိုက်ပြတယ်။
လုပ်ပွဲတွေ သိပ်လုပ်ပြတာပဲ။
ဒိတ်ဒိတ်ကြဲလည်း မယှဥ်နိုင်ဘူး။
သြဇာလည်း မကျချင်ဘူး ဆိုတော့
ထမိန်သူခိုးနဲ့ တိုက်ပွဲအတုလေးတွေ ဖန်တီး
ပြကြရရှာတာပေါ့။

လူ့စိတ္တဗေဒ

တရုတ်စိုးမိုးတဲ့နယ်​မြေမှာ ဂျပန်က သာလွန်
အင်အားနဲ့ စစ်တိုက်လို့။တရုတ်တပ်တွေကလည်း
ရရာ မီးကျိုးမောင်းပျက်သေနတ်တွေနဲ့ ခုခံနေ
ကြတယ်။နောက်ဆုံး စက်ရုံအဟောင်းကြီးတခု
ထဲကနေ တရုတ်တပ်တွေက အသေခံခုခံပြီး
တိုက်ပွဲဝင်နေကြတယ်။
ယင်းနဲ့ဆန့်ကျင်ဘက် မြစ်သေးသေးတခုရဲ့
အခြားတစ်ဖက်မှာတော့ ပြင်သစ်၊အမေရိကန်၊အင်္ဂလိပ်စသူတို့ စိုးမိုးခွင့်ရတဲ့ နယ်မြေ။ ယင်း
နယ်မြေမှာတော့ ပွဲတခြိမ့်ခြိမ့်၊ မီးတထိန်ထိန်၊
ရယ်သံမောသံ ရှန်ပိန်ခွက်ချင်း တိုက်သံ၊
ရောင်းသံဝယ်သံ ဂီတသံတို့ဖြင့် လူရောင်စုံ
တွေဟာ ပျော်ရွှင်နေကြတယ်။
မြစ်သေးသေးလေးပဲ ခြားတယ်။
အဖြစ်က နတ်ပြည်နဲ့ ငရဲလို့ ဖြစ်နေတယ်။
တရုတ်တပြည်ထဲမှာပင်၊ တရုတ်လူမျိုးအတူတူ
ချင်းပင် မြစ်သေးသေးတခုခြားတာနဲ့
အခြေအနေချင်း မိုးမြေပမာ ကွာခြားနေတယ်။
ဂျပန်ထိုးစစ်ကို အသေအလဲခုခံနေတဲ့
စုတ်ပြတ်သတ်တရုတ်တပ်သားတွေက
မြစ်တဖက်က မီးထိန်ထိန်နတ်ဘုံကို လှမ်းကြည့်
ပြီး အမောဖြေနေတယ်။ စိတ်သက်သာရာ
ရှာကြတယ်။ မီးတထိန်ထိန် နတ်ဘုံဘက်က
လည်း ငရဲဘက်ခြမ်းကို လှမ်းကြည့်ပြီး
စပ်စုလိုစိတ်ကို အစာကျွေးကြတယ်။
သတင်းထောက်တွေကလည်း နတ်ဘုံဘက်မှ
အိမ်မြင့်မြင့်ကြီးတွေပေါ် နေရာကောင်းယူပြီး
ငရဲဘုံမှ အဖြစ်တွေကို သတင်းဓာတ်ပုံလှမ်းရိုက်
နေကြတယ်။
ဒါ တကယ့်သမိုင်းအဖြစ်အပျက်ပါ။
ရုပ်ရှင် ရှိပါတယ်။
အဂ္ဂါစနိုးရဲ့ မီးလောင်​မြေစာအုပ်ထဲလည်း
အခန်းတခန်းအဖြစ် ရေးထားတာ တွေ့ရပါတယ်။
ဒီရုပ်ရှင်ကို ကြည့်ပြီး ဘော်ဒါတစ်ယောက်က
လူတွေက အတော်ဆိုးတာပဲ။
အတော် နေနိုင်ကြတာပဲ ဟု မှတ်ချက်ချတယ်။
ဟုတ်ပါတယ်။ နေနိုင်ကြပါတယ်။
ကိုယ့်လူမျိုးချင်း လက်တကမ်းမှာ ငရဲပွက်
နေတာကို တပ်အပ်မြင်ရပါလျှက် ဒီဘက်မှာ
အပျော်မပျက်၊အနေအစားမပျက် နေနိုင်ကြတာ
အံ့သြတယ် လို့ ဘော်ဒါက ဆိုပါတယ်။
ဘော်ဒါသဘောက ကူစေချင်တယ်။
ငိုစေချင်တယ်။ပူဖော် ကူဖော် နာဖော် ဖြစ်ပေး
စေချင်တယ် ဆိုတာမျိုးပေါ့။
တကယ်တော့ ကူသူအချို့လည်း ကူကြ
ပါတယ်။ ငရဲဆီ ရိက္ခာပေးဖို့၊ သတင်းပေးဖို့
မြစ်ကို ဖြတ်ထားတဲ့ တံတားပေါ် ဖြတ်ပြေးပြီး
ကူသူ ရှိပါတယ်။သူတို့လည်း အသက်စွန့်သွားရ
ပါတယ်။တံတားက ဖြတ်လို့မရဘူး။ ဘယ်ဘက်
က ဖြတ်လာလာ ဖြတ်သူကို ဂျပန်က ​ပစ်တာပဲ
ကို။ငရဲဘက်မှာ တိုက်ပွဲက ပိုပြင်း၊ တရုတ်တပ်
တွေ အသေအကျများတော့ ဒီဘက်က မျိုးချစ်
စိတ်ရှိသူအချို့ကလည်း တောက်တခတ်ခတ်၊
တူမီးတပြင်ပြင် ဖြစ်ကြပါတယ်။
ဂျပန်ကို ခံချတဲ့ တရုတ်စစ်သားတွေ အကုန်
သေပါတယ်။ အသေခံသွားကြပါတယ်။
နတ်ဘုံဆီမှ လက်တွေ့အကူအညီ မယ်မယ်ရရ
ဘာမှ မရပေမယ့် ၊တရုတ်စစ်သားတွေအသေခံ
သွားတဲ့ အဖြစ်ဟာ မြင်တွေ့ရသူတွေကို
မျိုးချစ်စိတ်မျိုးစေ့၊ ဂျပန်ကို တော်လှန်ရမယ်
ဆိုတဲ့ မျိုးစေ့ကိုတော့ လက်ဆင့်ကမ်းသွား
နိုင်ခဲ့ပါတယ်။
ကျနော်က နေနိုင်ကြတာဟာ လူ့စိတ္တဗေဒ
ဖြစ်ကြောင်း ဘော်ဒါကို ထပ်ကွန့်ပြောပြပါတယ်။
အခုလို မြစ်ခြားတယ်၊ သူတပါးဖြစ်တယ်
ဆိုတာကို မပြောနဲ့ မိမိကိုယ်တိုင် ဘေးကြုံနေ
ရင်တောင် လူတွေဟာ နေနိုင်၊ နေတတ်၊ သက်
သာရာ ရှာကြတာ လူ့စိတ္တဗေဒ ဖြစ်ကြောင်း
လီယိုတော်စတွိုင်းပြောတဲ့ ပုံပြင်ကို ပြောပြ
ဖြစ်ပါတယ်။
ကျားလိုက်လို့ ပြေးရင်း လူဟာ ချောက်နှုတ်ခမ်း
ကနေ ကျတယ်။ ကမ်းပါးတစ်နေရာကျ သစ်ပင်
ငယ်တစ်ခုတွေ့လို့ သူ့ကို လူက တန်လန်းဆွဲခိုထား
တယ်။ချောက်အောက်မှာလည်း ​မြွေဆိုးကြီး
တစ်ကောင်က စောင့်နေတယ်။ ကျရင် ဖမ်းမြိုဖို့
ပေါ့။ အဲတော့ အထက်မှာ ကျား၊ အောက်မှာ
မြွေ၊ ဆင်းမရ တက်မရ။ အလယ်မှာ သစ်ပင်
ကို ဆွဲထားရတယ်။ ပိုဆိုးထားတာ ထိုလူဆွဲ
ထားတဲ့ သစ်ပင်ရဲ့အမြစ်ကို ​ကြွက်ဖြူနဲ့ ကြွက်မဲ
က တလှည့်စီ ကိုက်ဖြတ်နေကြတယ်။
အဲလို ဘေးဒုက္ခကြားရောက်နေတာကို
သစ်ကိုင်းဆွဲထားတဲ့လူဟာ ယင်းသစ်ပင်မှာ
အုံနေတဲ့ ပျားအုံမှ ပျားရည်စက်ကို လျှာနဲ့
ယက်နေသတဲ့။
​
ပုံပြင်က ဘာသာရေးဆန်တဲ့ ပုံပြင်ပါ။
မသေခင် တရားအားထုတ်စေချင်တာကို
ညွှန်တာပါ။ ကျားနဲ့မြွေကတော့ ကိုယ်ရင်ဆိုင်
ရမယ့် ပြသနာတွေပေါ့။ ကြွက်ဖြူနဲ့မဲကတော့
နေနဲ့ညကို တင်စားတာပါ။ ပြသနာဘေးဒုက္ခ
တွေခြံရံ၊ နေနဲ့ညတွေ ကုန်လွန်ပြီး သေဘက်ဆီ
တရွေ့ရွေ့သွားနေပေမယ့် လူဟာ စိတ်သက်သာ
ရာ ဘဝရသ ပျားရည်ကို တရှိုက်မက်မက်
လျက်နေသေးတယ်ပေါ့။
ပုံပြင်ဆိုပေသိ ဒါ လူ့စိတ္တဗေဒပဲ။
မြစ်ခြားပြီး သူများတွေ ဘေးတွေ့တာကို
နေနိုင်တာ မပြောနဲ့အုံး၊ကိုယ်တိုင်ဘေးတွေ့
နေရင်တောင် တွေ့တဲ့ဘေးကို မေ့လျော့၊
မသိယောင်ဆောင်ထားပြီး စိတ်သက်သာရာ
ပျားရည်စက်ကို ယက်နေတတ်တဲ့ အကြောင်း။
တကယ်တော့ ကျနော်က ဘော်ဒါအပေါ်
လူတတ်ကြီး လုပ်လိုက်တာပါ။ မင့်ဟာက
ဘာဟုတ်သေးလို့လဲ။တကယ့်လူ့စိတ်သဘော
က ကိုယ်တိုင်ဖြစ်ရင်တောင် ပြသနာကိုမေ့ထား၊
မသိကျိုးကျွန်ပြုထားပြီး စိတ်သက်သာရာ
ရှာတတ်ကြတာကလားလို့ စဆရကကြီး
လုပ်လိုက်တာပါ။
ကျနော်နဲ့ဘော်ဒါ အချေအတင်ကို ဖယ်လိုက်ပြီး
အမှန်တရားဘက်ကနေ နိဂုံးပြုရရင် လူ့စိတ္တဗေဒ
ဆိုပေသိ ပြသနာကို မေ့ထား၊ကျောခိုင်းထားပြီး
စိတ်သက်သာသလိုနေတာ ဘယ်ဟုတ်ပါ့မလဲ။
ပြသနာမှရှိရင် ရှင်းရမှာပဲ မဟုတ်လား။
ပြသနာအလိုက် အသက် သိက္ခာ ရင်းရတာမျိုး
လည်း ရှိမှာပေါ့ဗျာ။ အချို့ပြသနာကျတော့
လည်း အပ်နဲ့ထွင်းရမယ့်ဟာ ကိုယ့်ပေါ့ဆမှု
ကြောင့် ပေါက်ဆိန်နဲ့ထွင်းလိုက်ရမယ့်အထိ
ကြီးထွားသွားတာဖြစ်ပါတယ်။
နေနိုင်တာ၊စိတ်သက်သာရာရှာတာ လူ့သဘာဝ
ဆိုပေသိ ထိုသဘာဝနဲ့တဘဝလုံးနေသွားဖို့က
ရမှ မရပဲ။
Oo Thaw

1.Nov.2025 

ပြင်သစ် dark side

 ကိုယ်နေတဲ့နေရာ မကောင်းကြောင်းကို‌ မပြောချင်ပေမယ့် သတိပေးစကားအနေနဲ့ပြောပြရအုံးမယ်

ကျန်းမာရေးအစောင့်အရှောက်ကောင်းတယ်
ဘေးအန္တရယ်အတွက် ပြင်ဆင်မူ့ကောင်းတယ်
အာမခံချက်ကောင်းတယ်
လုံခြုံရေးကောင်းတယ်လို့ လူတိုင်းပြောကြတယ်။ မှန်သင့်သလောက်မှန်ခဲ့ပေမည့်
ခောတ်တွေကပြောင်းလာခဲ့ပြီ
အခုဆို နေရာတိုင်းလိုလိုမှာ
မုဒိန်းမူ့ လူပျောက်မူ့ လူသတ်မူ့ ပြန်မတွေ့တာအတော်များဖြစ်တယ်
ပြစ်မူ့ကျုးလွန်သူတွေရဲ့ ၈၃%က တရားမ၀င်လာရောက်နေသူ နိုင်ငံခြားသားအိုဗာစတေး တွေဆိုလို့ မအံ့ဩပေမည့် စိတ်ပျက်စရာကြားသိရ
တံခါးမရှိဓါးမရှိ၀င်လို့ရနေတာဆိုတော့လည်း
လွန်ခဲ့တဲ့ ၂ရက်ကပဲ ပဲရစ်စ် မြို့ပတ်ရထားပေါ်မှာ
မနက်၉နညရီခွဲပဲ့ရှိသေးတယ်
လင်းလင်းထင်းထင်းကြိးမှာ
ဘရာဇီးလူမျိုးအမျိုးသမိးတယောက်
မုဒိန်းကျင့်ခံခဲ့ရတယ်
ရထားပေါ်မှာရှိ‌ေနတဲ့ အမျိုးသမိးတယောက်က၀င်ကူပေးလို့ သူ့ခမြာလွတ်သွားရှာတယ်။
ဒါပေမယ့်
သူ့ကိုအတင်းနမ်းတဲ့အချိန်
ပါးစပ်ကိုအတင်းပိတ်ထားတော့
ဟိုကောင်ကနုတ်ခမ်းကိုကိုက်သွားလို့ ပါးစပ်မှာဒဏ်ရာရသွားရှာတယ်။ ဒီသတင်းကြားတော့ဒီကောင့်မှာ ရောဂါမရှိပါစေနဲ့တောင်ဆုတောင်းပေးမိတယ် ပြီးတော့ ရုန်းရင်းဆံခတ်ဖြစ်တဲ့ဒဏ်ရာအနည်းငယ်တော့ရသွားရှာတယ်
အမျိုးသမိးက အလှကြိးလည်းမဟုတ်
သာမာန်လူတယောက်လို၀တ်စားထားတဲ့သာမာန်လူပါဘဲ
ဘာမှစိတ်ထစရာအကြောင်းမရှိ
ဒီကောင်ကိုက တဏာထနေတာနေမှာ
ကံကောင်းစွာနဲ့ အနီးအနားမှာကူညီကာကွယ်ပေးတဲ့သူဆုံခဲ့ရတာ။
ကူညီပေးခဲ့တဲ့သူကလည်းအမျိုးသမိးတစ်‌ေယာက်။
‌ေယာကျား‌ေတွဘယ်‌ေရာက်‌ေနလည်းမသိ
အဲ့အမျိုးသမိးက သွေးအေးအေးနဲ့ ၀င်တားပြောယင်း သူ့ဖုန်းကင်မရာနဲ့ ဗီဒီယိုဖွင့် အွန်လိုငါးမှာရိုက်တင်လိုက်တဲ့အတွက်
ရဲကသဲလွန်စရသွားပြိး
တရားခံက်ုဖမ်းမိခဲ့တယ်
ပြစ်မူ့ကျုးလွန်သူက အီဂျစ်လူမျိုးတရားမ၀င်နေထိုင်‌ေနသူ အယင်ကလည်းမုဒိန်းမူ့များစွာလည်းလုပ်ခဲ့ဖူးတဲ့မှတ်တမ်းတွေ တွေ့ရတယ်
ကူညီပေးခဲ့တဲ့အမျိုးသမိးကိုလည်း အဲ့ပြသာနာဖြစ်ပွါးရာ သက်ဆိုင်ရာမြို့နယ်က ဆုတံဆိပ်ပေးခဲ့သည်လို့ ကြားသိရပါသည်
ဒီခောတ်ကြိးမှာ လူမူ့ရေးသိတတ်တာနည်းကြလို့ လူမူ့ရေးအသိအမှတ်ပြုတံဆိပ်ရသင့်ပါတယ်
ဘရားဇီးမှာတော့ပြင်သစ်ကမကောင်းသတင်းကျော်သွားတာ။ သူတို့ကြားဖူးတာက ပြင်သစ်ကလုံခြုံတယ်လို့ ကြားဖူးခဲ့တာ အခုလိုဖြစ်ကြောင်းသူတိာ့သတင်းမှာပြောသွားခဲ့တာ
အမှန်တွေဆိုတော့လည်း
ပုတ်လို့ ပေါ်တာ မငြင်းပါဘူး
ပြင်သစ်ကိုလာလည်မယ်ဆိုယင်
အစစအရာရာဂရုစိုက်ရပါတယ်နော်
ကိုယ်ကရထားစိးတယ်ဆို
ဘေးဘီကြည့်စီး
တွဲပေါ်မှာတစ်‌ေယာက်ထဲဖြစ်တဲ့အချိန်
‌တွဲခေါင်းနဲ့နီးရာမှာစိး
ကိုယ့်ဘေးကလူကိုလည်းမာံုရပါဘူး
လမ်းသွားယင်းဖုန်းမကြည့်ကြနဲ့
ဖုန်းကိုင်လည်း သတိထားကိုင်
ရထားအတက်အဆင်းဆို ပိုစိတ်မချရဘူး
ကိုယ့်စကားလာပြောလည်းပြန်မပြောလေနဲ့ နားမလည်ဘူးလို့လက်ဟန်ခြေဟန်သာပြလိုက်
ဒါမှမဟုတ်ယင်တော့ ရောကောသောကောပါသွားမယ်
လူတိုင်းကိုမလုပ်ဘူး
လူကြည့်ပြိးမှ ရွှေးလုပ်တာမို့
အ သူ န သူ မဖြစ်အောင်နေမှရတယ်
လမ်းမှာဆုံ ကြုံတာတွေ ဆိုင်မှာတွေ့လို့ သူ့အိမ်ဖိတ်တိုင်းလည်း မသွားကြလေနဲ့
အန္တရယ်ကလက်တကမ်းမှာ
မျက်စေ့တမှိတ်ပါဘဲ
နေ့ခင်းကြောင်တောင်လူလယ်ခေါင်မှာတောင်လုပ်ရဲကြတာ
ညဘက်ဆိုထည့်မပြောတော့ပါဘူး
ပြင်သစ်မှာနေတဲ့ မြန်မာတွေတောင် ခဏခဏ ဖြစ်ဖူးကြတာမို့
မရောက်ဖူးသူတွေလာလည်တဲ့အခါ
အထာမသိယင် ခံကြရပါတယ်
ပဲရစ်ကိုရောက်တဲ့အရှေ့တိုင်းသူတွေကြုံဖူးကြမှာပါ။ အရှေ့တိုင်းသူမြင်တာနဲ့ တရုပ်မထင် နီဟောင် နီဟောင် ဆိုပြိး လိုက်နုတ်ဆက်တာ
အစပိုင်းကတော့ တရုပ်မ မဟုတ်ဖူးဆို ပြန်‌ေပြာတယ်။ အခုတော့ ပြန်မပြော မျက်လုံးစိမ်းနဲ့ပြန်ကြည့်ပြိး တဘက်လှည့်နေလိုက်တယ်
ဒီလိုနေရာမျိုးမှာ ယဉ်ကျေးတာတို့
သိတတ်တာတို့
အလိုက်သိတာတို့ ရည်မွန်တာတို့ ဘေးချိတ်ထားပေတော့
ကိုယ်မသိတာမေးချင်ယင် ရဲတို့ စစ်သားတို့ လုံခြုံရေး၀န်ထမ်းတို့နဲ့ နီးစပ်ရာဆိုင်က ၀န်ထမ်းကို မေးပါ
အများအားဖြင့် အဲ့လိုလူတွေက သိယင်ဖြေတာ် မသိယင်လည်းမသိကြောင်းပြောတယ်။ နားလည်မူ့ရှိတာများတယ်
လမ်းပေါ်တွေ့ကရာလူမေးလို့ကတော့ မဖြေချင်ဖြေချင် ဖြေသူရယ်
လူလည်လုပ်ပြိး ဖြေသလိုလိုနဲ့ဒုတ်ခပေးသူရယ်
တချို့က လမ်းပြောင်းပြန်ကိုဖြေသူကရှိသေးတယ်
တချို့လာမေးသူကလည်း ကိုယ့်ဆီကိုချည်းကပ်လာပြိး ခြုံထွင်သူမျိုး အလွန်ပေါ်တာ အလစ်သုပ် ခါးပိုက်နိုက် သူများ
တရားမ၀င် လာရောက်နေထိုင်သူ နိုင်ငံခြားသား များလာလို့ ဖြစ်နေကြတာ
တခါတခေါက်လာရောက်လည်တဲ့အခါ
အဲ့လိုအဖြစ်ဆိုးတွေ မကြုံ မဆုံရအောင်
ဂရုစိုက်ကြပါလို့

L'auberge rouge မိုတယ်နီ

 မထင်မှတ်ဘဲ ရောက်ဖူးခဲ့တဲ့နေရာ

လူအယောက်၅၀နီးပါးကို Tတ်ခံခဲ့တဲ့‌ေနရာ
၁၈၃၃ ခု အောက်တိုဘာလ ၂ ရက်နေ့မှာ
ခေါင်းစဉ်တင် ဖြတ်ခဲ့တဲ့နေရာ
တရားခံ ၃ယောက်ကို
အပြစ်ရှိ‌ေကြာင်းသက်‌ေသပြပြိး‌ေနာက်
သူ့တို့ပိုင်ဆိုင်တဲ့ မိုတယ်
လူအများရှေ့မှာတင်
ဂေါင်း ဖတ် tတ်
တရားစီရင်ခဲ့တဲ့နေရာ
စီစဉ်မထားပါဘဲနဲ့
ကျမတို့ ရောက်ခဲ့တဲ့နေရာ
အဖြစ်မှန်ကို အသစ်တဖန်ပြန်ကြားရစဉ်
L'auberge rouge မိုတယ်နီ တဲ့
ပုံတွေကတော့ မရောက်ဖူး မလာဘူးတဲ့ သူငယ်ချင်းတွေအတွက်
တကယ့်အဖြစ်မှန်ကို
ပြန်ပြောင်းပြောပြတာ
ကျမ၈၈ က သူ ငယ်ဘ၀ထဲက
ဒီနေရာကို ကြားဖူးနေတဲ့အကြောင်း
နှစ်တိုင်းဖြတ်သွားတိုင်းပြောပြောနေတာ
ဒီနေရာကို ရပ်ချင်နေတာ ကြာခဲ့ပါပြီ
ဘာလို့လည်းဆိုတာတော့ ကျမစိတ်မ၀င်စားခဲ့ဘူး
အခုကလဲ ကျမ ဘိုက်အရမ်းနာနေတာနဲ့
အနီးအနားမှာ ဘာမှမရှိလို့
သူသိနေတဲ့နေရာမှာသွားရပ်လိုက်ကြတာ
ရှေးအဆောက်အအုံဟောင်းတွေနဲ့
ဓာတ်ဆီဆိုင်ကလည်း
ရှေး Western ရုပ်ရှင်တွေထဲကပုံစံအတိုင်းခုထိရှိတယ်
ဈေး၀ယ်မှ အိမ်သာတက်ခွင့်ရှိသတဲ့
ကျမတို့ကလည်း ကော်ဖီသောက်ချင်နေတာနဲ့ အတော်ဖြစ်သွားတယ်
ကော်ဖီမှာ အိမ်သာအပြေးသွား ကိုယ့်ကိတ်စကိုယ်ရှင်းလိုက်ရတယ်
စကားစမြည်ပြောကြယင်း
၈၈ သိခဲ့ဖူးတဲ့ဇာတ်လမ်းကိုမေးယင်းကြတယ်
ပြတိုက်အဖြစ်ဖွင့်ထားတယ်
ကြည့်ချင်၀င်ကြည့် လို့ပြောတာနဲ့
အမှတ်မထင် ၀င်ကြည့်ခဲ့ကြတယ်
၀င်ခ ကတော့တယောက်ကို ၅ယူရိုပေးရတယ်
ဘုမသိဘမသိ၀င်ကြည့်ကြတာ
သူနဲ့ကျမ နှစ်ယောက်ထဲရယ်
Visite guidée ဆိုလို့ လူတယောက်က လိုက်ပြမယ်ထင်တာ
အိမ်အိုကြိးရဲ့ သစ်သားတံခါး‌ေဟာင်းကြိးကအလိုအလျောက်ပွင့်သွားပြိး
အထဲကိုနှစ်ယောက်သား ၀င်လိုက်ကြပြိး
ဘယ်သူမှရောက်မလာဘဲတံခါးကြိးပိတ်လို့
ကြောက်စရာကြိးပါ
မီးမှောင်ကျသွားတာ စက္ကန့်အတော်ကြာတယ်
နောက်မှ မီးလေးတဖြေးဖြေးလင်းလာပြိး
ဆောင်းဘောက်ကနေ အော်ဒီယိုနဲ့စကားပြော သမိုင်းကြောင်း စတင်ရှင်းပြတယ်
သူ့အသံကလည်းရှေးကလူတွေလိုဩဇာအာဏာနဲ့ ပုံပြောကောင်းတဲ့သူ
သူလူအရောက်နည်းတဲ့ဒီလိုအရပ်မှာ ဒါမျိုးလေးလုပ်ထားမယ်လို့ကျမ မထင်ခဲ့မိဘူး
တကယ့်အဖြစ်အပျက်ကို ပြန်ပြောင်းပြောတာ စိတ်၀င်စားစရာကောင်းတယ်ဆိုတာထက် လွန်ခဲ့တဲ့ အနှစ်နှစ်ရာနီးပါးက တကယ်ဖြစ်ထဲ့တာကို တကယ်ခံစားလန့်မိတယ်
နားထောင်နေယင်းတောင်
ကိုယ့်ကြောကိုယ်မလုံလို့
ကျမအမျိုးသားရှေ့အလိုလိုသွားမိနေလို့
သူက ငါ့ရှေ့ဘာလို့လာလာ ရပ်နေတာလည်း သူမမြင်ရဘူးတဲ့ 😹😹😹
ဖြစ်ပုံကိုစာနဲ့အကျဉ်းချုံးပြောရယင်
၁၈၃၃ ခုနှစ် အောက်တိုဘာ ၂ရက်နေ့မှာ
ဒီတည်းခိုခန်းပိုင်ရှင်လင်မယားနဲ့အိမ်စေကို တည်းခိုခန်းရှေ့မှာပဲ ခေါင်းဖြတ်စီရင်ခဲ့တယ်လို့ မှတ်တိုက်မှတ်တမ်းတင်ထားတယ်
သူတို့က ၁၈၀၅ခုနှစ်လောက်ကစပြိး
လာတည်းသူတွေဆီ
အစဖျောက်ယူခဲ့ကြတာ
လူ၂၆ယောက်ကိုသာသက်သေရခဲ့တယ်
တချို့ကလည်းအယောက်၅၀လို့ပြောကြ‌တယ်။
တချို့ကလည်းအဲ့ထက်များမယ်တဲ့
ဘာဘဲဖြစ်ဖြစ် အပြစ်ကြောင့်
အဆုံးစီရင်ပေးလိုက်လို့သူတို့ ထပ်မလုပ်နိုင်တော့ဘူး
သူ့အ‌ဖြစ်အပျက်ကို ၁၉၅၀ ခုနှစ်လောက်ကအဖြစ်မှန်ဇာတ်လမ်းရုပ်ရှင်ပြန်ရိုက်ထားတာလည်းရှိတယ်။ အဖြူအမဲကားပါ
L'auberge rouge တဲ့
ဒီနေရာက ဆောင်းရာသီဆိုယင်နှင်းတွေကျ အရမ်းအေးတဲ့ဒေသ
လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲ
လူအရောက်အပေါက်နည်းတဲ့နေရာမှာ
မိုတယ်လိုမျိုးဖွင့်ထားတာ
လာတဲ့သူတွေကလည်း
တမင်လာလည်တာမဟုတ်ဘဲ
လူသူပြတ်တဲ့နေရာ မီးရောင်ရှိအစားအစာရှိတဲ့နေရာမို့ ၀င်တည်းခိုကြတာ
ပိုင်ရှင်လင်မယားမှာ လူမဲလူမျိုး လက်တိုလက်တောင်းအကူတယောက်ရှိတယ်
သူတို့ ၃ယောက်လုံးက စာမတတ်ကြဘူးတဲ့
သူတို့က တည်းခိုခန်းလာတည်းတဲ့သူတွေကို Tတ်ပြိး ပါလာတဲ့ပစ်စည်းတွေကိုယူကြတာ
လူသူအရောက်နည်းတော့
နှစ်ပေါင်းအတော်ကြာ
ဘယ်သူမှမသိကြဘူးတဲ့
တနေ့မှာ သူတို့ဆီမှာ အမြဲလာနေ သိတဲ့
အိမ်ခြေရာမဲ့တယောက်က
သူတို့မသိအောင် နွားစာကျွေးဖို့ထားတဲ့ ကောက်ရိုးပုံထဲမှာ ခိုးအိပ်ယင်းနဲ့
သူတို့လုပ်ခဲ့တာကို မြင်တွေ့သွားခဲ့တယ်
မိုတယ်ကိုလာတဲ့သူ‌တယောက်ကို အိမ်စေက t တ် နေတာရယ်။ လင်မယားနှစ်ယောက်ကလက်စဖျောက် ပစ်စည်းတွေယူတာ မြင်သွားရာကနေ
အိမ်ခြေရာမဲ့ကနေ သွားတိုင်ယင်းနဲ့
ရဲက အမှူ့ကိုစုံစမ်းယင်း
သူတို့လုပ်ရပ်ကို ဖေါ်ထုတ်လိုက်တာ
လူဘယ်နှစ်ယောက် အသတ်ခံခဲ့ရတယ်ဆိုတာတော့ အတိအကျပြောမရပေမယ့်
ရှာလို့တွေ့တာက ၂၆ ယောက်
တချို့က လူအယောက် ၅၀ လိုလို မှတ်တမ်းတွေမှာတွေ့ရတယ်
သူတို့၃ယောက်ကို ပြစ်မူ့ထင်ရှားတဲ့အတွက် မိုတယ်ရှေ့မှာတင်
လူအများရှေ့မှာ ခေါင်းဖြတ်သတ်ခဲ့တယ်
Tတ်တဲ့နေရာမှာ ကျောက်တိုင်အမှတ်တရထားထားတယ်
မှတ်တမ်းလည်းအခုထိရှိတယ်
အိမ်ပေါ်မှာလည်း သူတို့၃ယောက်ကို
ခေါင်းဖြတ်ခံရမည့်သေတမ်းစာရေး
ကာယကံရှင် ၃ယောက်က ၀န်ခံ လက်မှတ်ရေးခဲ့တယ်
၃ယောက်လုံးက လက်မှတ်ထိုးလို့သာထိုးတာ စာမဖတ်တတ်ကြဘူးတဲ့
ခေါင်းဖြတ်စက်ပေါ်မတက်ခင်
အိမ်စေက နားမလည်တော့
ခေါင်းဖြတ်စဉ်အသွားမှာ အကြောက်အကန်နဲ့ မဒန်ရယ် ငါဘာလုပ်မိလိုလည်း
ငါ့ကိုဘာလို့ခေါင်းဖြတ်စဉ်ပေါ်တက်ခိုင်းလည်းမေးယင်း နဲ့ ပြိးသွားတာ
မိန်းမကြိးကတော့ စဉ်ပေါ်တက်နေစဉ်
ခပ်တင်းတင်းဘဲ သူတို့ရှာဖွေစုဆောင်းခဲ့တဲ့
ရွှေငွေလက်၀တ်လက်စားတွေ ကြည့်
အနားမှာရှိနေတဲ့ လက်ဝါးကပ်တိုင်နဲ့ဘုန်းကြိးကိုတောင် သသွေးထွေးပြိး ဂေါင်းဖြတ်ခံခဲ့တယ်လို့ ပြောပြတယ်
သူတို့မှာ သမီးနှစ်ယောက် ကျန်နေခဲ့တာ
သမိးတွေက မိုတယ်ကိုရောင်းပြိး
တခြားနေရာကိုပြောင်းရွှေ့သွားခဲ့တယ်
ဒီနေရာက ပြင်သစ်တောင်ပိုက်းနဲ့ မြောက်ပိုင်းကိုဖြတ်တဲ့အခါ ဟိုက်ဝေးက မသွားချင်သူတွေအတွက် ဖြတ်လမ်းလည်းဖြစ်
လမ်းလည်းဖေါက်ထားတော့တောင်ပေါ်လမ်း လမ်းသာသွားလို့ ဖြတ်ကြတာ
လူဦးရေ နေထိုင်မူ့လည်းနည်းတယ်
တရွာလုံးမှ လူ၁၅၀လောက်ဘဲရှိသတဲ့
ဆိုင်ရှင်က လူပျိုသိုးကြိးနဲ့တူပါတယ်။ ရိုး အ ပုံရပြိး။ သဘောကောင်းတယ်။ ကျမ၈၈ ရှေ့မှာတင် ကျမကို မစားရ၀ခမန်းကြည့် ပြုံးဖီးဖီးနဲ့ ကျမအကြောင်းတွေမေး
လှကြောင်း ချောကြောင်းပြောလို့
ကိုယ်က ကျေးဇူးတင်ပါကြောင်းယဥ်‌ေကျးစွာပြန်ပြောခဲ့ပါသည်
ပြိးခါမှ ၈၈ က
ဒီကောင်က တခါမှမိန်းမ မရဘူးတဲ့သူဖြစ်မယ်တဲ့ ( လူပျိုသိုး ပေါ့နော်)
စိတ်၀င်စားယင် တပုံခြင်းစာ‌ေရးထားပါသည် ပုံကို ထောက်ကြည့်ပါ
ကျမကတော့ အဖြစ်မှန်ဇာတ်လမ်းတွေကို စိတ်၀င်စားလို့
ကိုယ်လိုလူများအတွက် တကယ့်အဖြစ်အပျက်
တကယ်ရှိပါလားလို့‌ေတွးယင်း
ရောက်ဖူးခဲ့လို့
ပြန်လည်ဝေမျှပါသည်
အနှစ်၃၀နီးပါးလာတဲ့သူတွေထဲကတချို့ကို လုပ်ခဲ့တာမှာ ၂၆ ယောက်ကိုသာသက်သေရှာနိုင်ခဲ့တယ်

ဘယ်သူသေသေ ငတေမာပြီးရော

အစ္စရေးက ဟားမတ်စ်‌ဆီက ဓားစာခံ အလောင်းတွေမရရအောင်ပြန်တောင်းနေတယ်။

အပ်ပေးတဲ့ အလောင်းတွေကို DNA စစ်ကြည့်တဲ့အခါ ကြုံရာအလောင်းတွေကောက်ပေးတယ်လို့ ပေါ်တဲ့အတွက် အစ္စရေးက ဒေါသတကြီးနဲ့ ဂါဇာကို ဗုံးထပ်ကြဲတယ်။

အပျက်အစီးပုံတွေအောက်ရောက်နေပြီ ရှာလို့မရလို့ပါ ဟားမတ်စ်ကဆိုလည်း မလိုချင်ဘူးဟေ့ကောင်တွေ ရအောင်ပြန်ရှာပေး ဒါပဲ။

အခု ဟားမတ်စ်တွေကြောက်လန့်တကြားနဲ့ မြေအောက်ရောက်နေတဲ့ ဓားစာခံအလောင်းတွေကို ပြန်ဖော်နေရတယ်။

အသက်ရှင်လျက် ဓားစာခံတွေလွတ်မြောက်ရင်တော်ပြီမဟုတ်လား။ ဘာလို့အလောင်းတွေပြန်လိုချင်ရတာလဲ။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ ဒုတိယကမ္ဘာစစ်က အမေရိကန် လေသူရဲအလောင်းကို ယနေ့ထက်တိ အမေရိကန်က လိုက်ရှာနေတုန်း၊ ခုလောက်ဆိုအရိုးဆွေးနေလောက်ပါပြီ။ သို့သော်လည်းလက်မလျော့ဘူး။ GPS တွေပေါ်စက တခါပြန်လာရှာသေးတာ။ တွေ့တဲ့သူသတင်းပေးရင် ဆုငွေချီးမြှင့်ဦးမှာ။

အဲ့တာကဘာဖြစ်တာလဲ။ ဘာဖြစ်လို့ အလောင်းတွေ ပြန်လိုချင်နေရတာလဲ။ ဘာအသုံးတည့်မှာမို့လဲ။

ကျနော် တို့နိုင်ငံမှာ အသုဘဆိုတာ တရက်တောင်အိမ်မှာမထားချင်ကြဘူး။ အင်မတန်စက်ဆုပ်ရွံရှာဖွယ်ရာ အပုတ်ကောင်ကြီး စသဖြင့် အသက်ရှင်နေတုန်းသာတန်ဖိုးရှိ‌တန်ဖိုးထားနေကြတာ ဒါလည်းပိုက်ဆံရှိဦးမှ။ သေရင်တာ့ ဘာမှတန်ဖိုးမရှိတော့ဘူး စသဖြင့် ဒီလိုမှတ်ယူကြတယ်။ ဘုန်းကြီး‌ေတွကလည်း ဒီလိုပဲဟောကြတာပဲ။ ရွံစရာဖြစ်အောင်ကို တမင်ချဲ့ကားပြီး အသေအချာဟောဖော်ညွှန်ပြ ဆိုဆုံးမကြတာ။ အချို့မိန်းကလေးတွေဆိုတရားပွဲမှာ ထတောင်အန်တယ် အဲ့လောက်။

အဲ့တာကြောင့် ဆင်းရဲတဲ့သူတွေ သေသူအိပ်ခဲ့တဲ့ဖျာလိပ်ပတ်မြှုတ်ကြရတယ်။ ဒီပြဿနာကနည်းတဲ့ပြဿနာကြီးမဟုတ်ဘူး။ အခုမှ နာရေးကူညီမှုအသင်းတွေ ပေါ်လာကြတာ အင်မတန်‌ေကျးဇူးတင်ဖို့ကောင်းပါတယ်။

အိမ်နီးချင်းနိုင်ငံတွေပတ်ကြည့်ပါ။ တရုတ်ဆိုလည်း သေသူကိုအင်မတန်တန်ဖိုးထားတယ်။ အိန္ဒိယ ဟိန္ဒူဘာသာဝင်‌ေတွလည်း သူတို့ရိုးရာနဲ့ သိပ်စနစ်ကျတယ်။ ထိုင်းတို့ လာအိုတို့လည်းအဲ့လိုပဲ။ ဗီယက်နမ်တွေဆိုကိုယ့်ခြံထဲကိုယ်မြှုတ်ကြတာ။ အစ္စလာမ်ဘာသာဝင်‌ေတွလည်း စနစ်တကျပဲ။ ဆင်းရဲချမ်းသာ မခွဲဘူးကွယ်လွန်သူတွေကို သင်္ဂြိုလ်တာ သိပ်စနစ်ကျတယ်။

အနောက်နိုင်ငံ တွေမှာတော့ သေသူနဲ့ရှင်သူကအတူတူပဲ။ လူတယောက်မွေးဖွားလာတဲ့အခါကစလို့ ဥပဒေအရ အကာအကွယ်က စတင်သလို သေဆုံးတဲ့အခါ ဥပဒေအရအကာအကွယ်က အတူတူပဲ။ ပြီးဆုံးမသွားဘူး။ မသေခင်သူဘယ်မှာမွေး၊ ဘယ်မှာကြီး၊ ဘယ်မှ‌ေကျာင်းတက်၊ ဘယ်မှာအလုပ်လုပ်၊ ဘာ‌ေတွလုပ်ခဲ့တယ်၊ဘာ‌ေရာဂါနဲ့ဘယ်မှာဆုံး၊ ဘယ်‌ေနရာမှာမြှုတ်စသဖြင့် မှတ်တမ်းဟာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး။

သေသွားပေမယ့် သူမှာတဲ့တိုင်းဆောင်ရွက် ပေးကြရတယ်။ သေတမ်းစာဆိုတာ ဥပဒေအရ လိုက်နာရမယ့်မှာတမ်းတခုပဲ။ သေသွားပြီပဲ ငါတို့လုပ်ချင်ရာလုပ်ကြမယ် မရှိဘူး။ အိုစမာဘင်လာဒင်လို ဧရာမရန်သူတောင်မှ အစ္စလာမ်ထုံးစံနဲ့အညီ အသေအချာသင်္ဂြိုလ်ပေးကြတယ်။

ဒီလိုစနစ်ကျနတဲ့တိုင်းပြည်တွေမှာ အမှုပျောက်သွားတယ်ဆိုတာမရှိ‌ေစရဘူး။ အလောင်းပြန်ရမှ သူ့ case က ပိတ်လို့ရတာ။ အလောင်းတွေ့မှ ကျန်ရစ်သူမိသားစုက စိတ်ဒုံးဒုံးချတာ။

ကျနော်တို့နိုင်ငံမှာ ပရော်ဖက်ရှင်နယ်စစ်တပ်ဆိုတဲ့ မအလများက လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတယ်။ သေသွားရင် အလောင်းပြန်ရဖို့နေနေသာသာ သေတယ်တောင်မိသားစုကိုအသိမပေးဘူး။ တပ်ရင်းမှူးက လစာထုတ်စားပြီး နောက်ဆုံးဘယ်လိုမှ ဖုံးမရဖိမရမှ သေပြီဆိုတာပြောတယ်။ အလောင်းပြန်ရဖို့နေနေသာသာ ဘယ်အချိန် ဘယ်နေရာ ဘယ်လိုသေတယ်‌ဆိုတာတောင်သိခွင့်မရှိဘူး။

ခွေးတ‌ကောင်သေတာကမှ အသေအချာ မြှုတ်ပေးသေးတယ်။ မိခင်တွေခမျာ ငါ့သားလေးဘယ်လိုများသေပါလိမ့် တကယ်သေတာများဟုတ်ရဲ့လား အလောင်းကို ကောင်းစွာသင်္ဂြိုလ်ရဲ့လား စသဖြင့် ရင်ထဲကဆူးညှောင့်ကြီးနဲ့ မသေမခြင်းနေသွားရရှာတော့မှာ။အဲ့တာမျိုးတွေ ဘယ်လောက်အရေအတွက်ရှိနေပြီလဲ ဘယ်သူမှမသိဘူး။

မြန်မာပြည်လက်ရှိအခြေအနေဘယ်လောက်ဆိုးရွားနေတယ်ဆိုတာ ရွေးကောက်ပွဲဝင်မယ့် အမတ်တွေ မသိတာမဟုတ်ဘူး။ မဲဆွယ်တဲ့သူတွေလည်း ပါးစပ်ထဲတောင်စဉ်ရေမရ လျောက်ပြောနေကြတာ။ ဒါမျိုးတွေ တာဝန်ယူမယ် တယောက်မှမပြောကြဘူး။

လူ့အသက်ကိုတောင်မှ တန်ဖိုးမထား‌ေန့စဉ်နဲ့အမျှရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ် စာသင်ခန်းဗုံးကျဲ အဲ့လိုလူတွေက တိုင်းပြည်ကြီးတိုးတက်သာယာဝပြောအောင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်နဲ့ ကြည့်ရတာအတော် ကသိကအောက်ဖြစ်တယ်။

အကတွေအခုန်တွေ ရုပ်ရှင်တွေ သဘင်တွေနဲ့ လုပ်ပြီး တောင်စဉ်ရေမရ ကတိကဝတ်တွေပေးပြီး လုပ်နေကြတဲ့ရွေးကောက်ပွဲဆိုတဲ့ဟာက ဘာလဲဆိုတာ အားလုံးသိကြပါတယ်။

တကမ္ဘာလုံးကသိကြတယ်။ ဘယ်သူမှအဲ့လောက် မ'အ' ဘူး မ'န' ဘူး။  

စိတ်တန်ခိုး ရှင် အက်ဂါကေစီ၏ ​ လောကဘုံ ၇ ဆင့် နိုင်အောင်(conqueror) စကြဝဠာ၏ လျှို့ဝှက်ချက်........၃

 

📒စိတ်တန်ခိုး ရှင် အက်ဂါကေစီ၏
​ လောကဘုံ ၇ ဆင့်
နိုင်အောင်(conqueror)
စကြဝဠာ၏ လျှို့ဝှက်ချက်........၃
အမေရိကန် စိတ်တန်ခိုးရှင် အက်ဂါ
ကေစီ (၁၈၇၇-၁၉၄၅) သည် တမူထူး
ခြားသော သူတစ်ဦးဖြစ်သည် ။
သူသည် အတိတ်၊အနာဂတ် တို့ကို
လည်းမြင်နိုင်၊ ဟောနိုင်သည် ။
လောကကြီးတစ်ခုလုံး ကို လည်း
မြင်နိုင်။သိနိုင်သည် ။ ဝေဒနါခံစား
နေရ သောလူနာ များ ကို လည်းစိတ်
တန်ခိုးဖြင့်ကုသပေးနိုင်သည် ။
ကမ္ဘာလောက ကြီးတွင် ဖြစ်လာမည့်
အကြောင်းအရာ ၊အဖြစ်အပျက် များ
စွာကိုလည်း ကြိုတင် ဟောကြားခဲ့
သည် ။
သို့သော် သူသည် အကြားအမြင်
ကိစ္စများ ကို တွက်ချက် ခြင်း အာရုံ​ပြုခြင်း နည်း တို့ဖြင့် သိမြင် ခြင်း မဟုတ် ပါ။
သူသည် အကြောင်းအရာတစ်စုံတစ်ခု
သိလိုလျင် သူ့ကိုယ်
သူအိပ်မွေ့ချ၍ အိပ်တဝက်နိုးတဝက်
အခြေအနေ သို့ အရင်ရောက်စေသည် ။
ထိုအခြေအနေသို့ရောက်မှ
သိလိုသောအချက်အလက်များ ကို
တယောက် က မေးလျင် သူ က ထို
အကြောင်းအရာကို မသိစိတ် ဖြင့်
တတွတ်တွတ် ပြောဆိုရေရွတ် သည်
ဟု ဆိုသည် ။
သူပြောကြားသည်များကို ဘေးမှ
တယောက်က လိုက်လံရေးမှတ်ထား
ရသည် ။သူက နိုးလာလျင် ဘာမှမမှတ်မိ ပါ ။
ထို့ကြောင့်သူ့ ကို "အိပ်နေသော
တန်ခိုးရှင်"ဟု ခေါ်ဆိုကြသည် ။
ထိုသို့ သော အိပ် ၍ ဟောသောနည်း
ဖြင့် အတိတ်၊အနာဂတ် များကိုလည်း မြင်နိုင်၊ဟောနိုင်သည် ။
လူနာများကိုလည်း ယခုဘဝရောဂါ
များအား အတိတ်ဘဝ ကိုဖော်ထုတ် ၍ ဆက်စပ်ကုသပေးနိုင်သည် ။
သူ၏အချို့လူနာများသည် လွန်ခဲ့
သော နှစ်ပေါင်းတစ်သောင်းကျော်
က ထွန်းကားခဲ့သော အတ္တလန်တစ်
မြို့တော် မှ ဖြစ် သည် ဟုလည်း
ဟောကြားခဲ့သည် ။
ဆိုလိုသည်မှာ သူသည် အတိတ် နှစ်
ပေါင်းသောင်းဂဏန်း အနာဂတ် နှစ်
ပေါင်းသောင်းဂဏန်းလောက်ထိ အချိန် အပိုင်းအခြား မရှိ ဒိုးယို ပေါက် သိနိုင်၊မြင် နိုင် သည့် သဘော
ဖြစ်သည် ။
📔အနာဂတ် ဟောကိန်းများ
ကေစီကြိုတင်ဟောကြားခဲ့သည့်
အနာဂတ် ဟောကိန်းများ အနက်မှ
-၁၉၂၉အမေရိကန်စတော့စျေးကွက်ပြိုလဲခြင်း
- ၁၉၃၉ဒုတိယကမ္ဘာစစ်ဖြစ်ပွားခြင်း
-တကမ္ဘာလုံးနေရာအနှံ့ မှချက်ခြင်း မြင်နိုင်၊ကြားနိုင်၊ဆက်သွယ်နိုင်ခြင်း
(အင်တာနက်၊ဗီဒီယို ကောလ်) တို့ မှာ
မှန်ခဲ့ပြီဖြစ်သည် ။
ဖြစ်လာနေ ဆဲစောင့်ကြည့်ရမည့်
ဟောကြားချက်များမှာ
-ကမ္ဘာ့ဝင်ရိုးစွန်း နှစ်ခု ပြောင်းပြန်
ဖြစ်မည် ။
(ယခင် က ကနေဒါ တွင်ရှိ ခဲ့သော
မြောက်ဝင်ရိုးစွန်း မှာ ယခုအခါ ဆိုင်ဘေးရီးယန်းဘက်သို့ ဖြည်းဖြည်းခြင်း တနှစ်လျင် ၁၀မှ၂၀ ကီလိုမီတာ
နှုံးဖြင့် ရွေ့လျားနေသည်)
-ရှေးဟောင်း အတ္တလန်တစ် မြို့တော်ပြန်လည် ပေါ်လာမည် ။ဘဟားမား နိုင်ငံ အနီး ဘီမီနီ တွင်စတင် တွေ့ရှိမည် (၁၉၃၈)
( ၁၉၆၈ တွင် ဘဟားမားနိုင်ငံ တွင်
ပင်လယ်ရေအောက်၁၈ ပေ အနက်ခန့်တွင်ကျောက်တုံး တန်း ၃ တန်း စီစီရီ ရီ ခင်းထားသည့် အကာအရံလို ၊ လမ်းလို ပုံစံဖြစ်နေသည့် ပေ ၂၆၀၀ ခန့် ရှည်သည့်ဘီမီနီ လမ်းကို ရှာဖွေ တွေ့ရှိ ခဲ့ကြသည်)
-ပင်လယ်ရေမျက်နှာပြင် မြင့်လာပြီး
ကုန်းမြေအဟောင်းအချို့ နစ်မြုပ်၍
ကုန်းမြေ အသစ်များပေါ်မည် ။
(ထင်ထင်ရှားရှားကြီးကြီးကျယ်ကျယ် မဖြစ်လာသေးသော် လည်း
ရာသီဥတု ပြောင်းလဲမှု ၊ရေ လွှမ်းမိုးမှု များ ကြောင့် အချို့ နေရာများ
စတင်ပြောင်းလဲ နေ ပြီဖြစ်သည်)
-ရောဂါအချို့ကို အသံ၊အလင်း၊ကြိမ်
နှုန်းကုထုံးများသုံး၍ ကုသမည်။
၁။ဂီတနှင့်အသံသည် ဝိညာဉ်နှင့်သက်ဆိုင်သော အင်အားတစ်ခုဖြစ်ပြီး၊ လူခန္ဓာကိုယ်၏ frequency (စွမ်းအင်လှုပ်ရှားမှု) ကို မြှင့်တင်ပြီး သဘာဝတရားနှင့် ချိတ်ဆက်ပေးနိုင်သည်။
ယနေ့ခေတ်မှာ
အသံကြိမ်နှုံးကုထုံး (Sound Frequency Therapy)
ဂီတ စွမ်းအင် ကုထုံး ( Binatural beats healing) များ ပေါ်ပေါက် ပြီ
ဖြစ်သည် ။
၂။ အလင်း ၊အရောင်တိုင်းသည်
ကြိမ်နှုံး (frequency )တစ်ခုစီရှိပြီး၊ လူ့ခန္ဓာကိုယ်ရှိ အာရုံလှုံ့ဆော်အစိတ်အပိုင်း များ (ဥပမာ – pineal gland, pituitary, etc.) ကိုလှုံံ့ဆော်
နှိုးဆွပေးနိုင်သည် ။
ယခုခေတ် တွင် အလင်းကုထုံး
(Light Therapy) များ စတင်သုံးစွဲနေပြီဖြစ်သည် ။
-ခရစ်သက္ကရာဇ်၂၀၀၀ခန့်မှစ၍ ဘာသာရေး၊တရားရှုမှတ်ခြင်း ၊
ဝိညာဥ် ရေးရာ ၊ စိတ်စွမ်းအင် အလေ့အကျင့်များ ထွန်းကားလာ
သော အသိဉာဏ်နိုး​ကြား( Spritual Awaking )ခေတ်သစ်ဖြစ်မည် ။
အက်ဂါ ကေစီ ဟောကိန်းများအရ ယခု အချိန်အခါသည်အသိဉာဏ်မြင့်မား မှု (spiritual consciousness) မြင့်တက်လာသည့် လူ့သမိုင်းကာလတစ်ခုပင် ဖြစ်ပါသည်။
ဤကာလကို “အကွားရီးယတ်စ် ခေတ်(Age of Aquarius)” ဟု လည်း ခေါ်ဆိုကြသည်။
အသိဉာဏ်နိုးကြားလာသောအခါ
လူ တို့၏ စိတ်သဘော ထား၊ခံယူချက် များ ပြောင်းလဲလာသည် ။ရုပ်ဝတ္ထု ကို အဓိကထားနေရာ မှ
စိတ် စွမ်းအား များ ၊ သဘာဝတရား
၏ သက်ရောက်မှုများ ကို ဂရုစိုက်
လာသည် ။
ကေစီ ပြောခဲ့သည်မှာ “လူတို့သည် မျှော်မှန်းချက်၊ ခံစားချက်၊ ခံယူချက်တို့အား လောကီအရာမှ မကွာခင် နတ်ပြည်ဆန်သော သဘောသစ်သို့ ပြောင်းလဲလာမည်” ဟု ဆိုခဲ့ပါသည်။
ဆိုလိုသည် မှာ စိတ်ထားမြင့်မြတ်
သော၊မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပေက္ခာ စိတ် ထားရှိသော၊ ငြိမ်းချမ်းကြည်လင်သော စိတ် မျိုး သို့ ပြောင်းလဲ လာသည် ကို
နတ်ပြည်ဆန်သောစိတ်ဟု ဆိုလိုခြင်း
ဖြစ်ပါမည် ။
ယနေ့ခေတ်တွင် သမထ ဝိပသနာ (mindfulness meditation) စိတ်စွမ်းအင် ကုထုံး( energy healing )
စသည့် စိတ်စွမ်းအား ပညာများ ထွန်းကားတိုးတက် လာခြင်းသည် ၎င်း၏ စတင်ခြင်းတစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။
-ရှိ၊မရှိအငြင်းပွားနေကြ သည့်ရှေးဟောင်းအတ္တလန်တစ်မြို့တော်၏သမိုင်းအချက်အလက် များအားအီဂျစ်၊ဘဟားမား၊မက္ကဆီကိုနိုင်ငံတို့တွင် တွေ့ရှိ မည် ။
( အီဂျစ်နိုင်ငံ ၏ ပိရမစ် ကြီးများ၊
စဖင့် ရုပ်ထုကြီးများ တွင် လျှို့ဝှက်ချက် အများအပြားရှိနေပြီး ယခု အချိန်ထိ တော့ အတ္တလန်တစ် မြို့
တော် နှင့်ပတ်သက်သည် များ မတွေ့ရသေးပါ ။
မက္ကဆီကို နိုင်ငံတွင်လည်းပိရမစ်
ကြီးများရှိပြီး လျှို့ဝှက်ချက်များ
ရှိသည့်နေရာဖြစ်သည် ။
၁၉၆၈ တွင်ဘဟားနား နိုင်ငံ၌ ဘီမီနီ
ကျောက်တုံးများကို တွေ့ရှိ ခဲ့သည် )
📔အက်ဂါကေစီ ၏ လောက ဘုံ ၇ ဆင့် အမြင်
ကေစီ ၏ အယူအဆ အရ
-သေဆုံးခြင်းသည် အဆုံးသတ် မဟုတ်၊တုန်ခါနှုံး(ပုံစံပြောင်းခြင်း)
ပြောင်းလဲခြင်းသာ ဖြစ်သည် ။
-ယခုဘဝ ၏ ရုပ်ခန္ဓာ ၊ဘုံ တစ်ခုမှ
အခြားသော ဘုံတစ်ခု၏ ရုပ်ခန္ဓာ သို့
ပြောင်းလဲခြင်းဖြစ်သည် ။
-ယခုဘဝတွင်ရှိသောစိတ်နေစိတ်ထား၊ကျန်းမာရေး၊ဝါသနာ၊ကျွမ်းကျင်မှု၊ အလေ့အကျင့်များ
သည် တမလွန်ဘဝ တွင်သက်ရောက်
မှုရှိသည် ။
-ထို့အတူ ယခုဘဝ တွင် ရှိနေသော
ဉာဏ်ရည်၊အရည်အချင်း၊ကျွမ်းကျင်မှု၊စိတ်ထားတို့သည် လည်းယခင်ဘဝ၏ အကျိုးဆက်ရလဒ် များဖြစ်သည် ။
-စိတ်ကြမ်းတမ်းခြင်း၊နူးညံ့ခြင်း ၊
အလိုဆန္ဒ များခြင်း၊နည်းပါးခြင်း
တို့ အပေါ်မူတည် ၍ တမလွန်ဘဝဘုံ
တခုခုသို့ ရောက်မည် ။
-ဘုံ ၇ ဆင့် ခွဲခြား နိုင်သည် ။
အ​ကြမ်းတမ်းဆုံးမှာ ရုပ်ခန္ဓာထင်ရှား
ရှိသော ကာမဘုံ(Physical Plane) ဖြစ် သည် ။
စိတ်ထားကောင်းခြင်း၊ကိလေသာနည်းပါးခြင်း၊ မေတ္တာတရားပြည့်ဝခြင်း တို့ ကိုလိုက်၍ ဘုံအဆင့်ဆင့်
မြင့်တက် သည် ။
အမြင့်ဆုံးမှာ သဘာဝတရားနှင့်
တသားတည်းဖြစ် သွားသည့် သဘာဝဘုံ Divine Plane (Oneness)ဖြစ်သည် ။
-လူတို့သည် ဘဝ တိုင်းတွင် စိတ်ထားကောင်းခြင်း၊ဉာဏ်ရည်တိုး
တက်ခြင်း၊ သီလ၊သမာဓိ ကောင်းခြင်း တို့ ဖြင့် ပို၍​​မြင့်​ေသာဘုံအဆင့်ဆင့်သို့ တက်လှမ်းနိုင်သည် ။
-ထို့အတူ ဆန့်ကျင်ဘက်အားဖြင့်
စိတ်ထားကြမ်းတမ်းခြင်း၊ကိလေသာထူပြောခြင်း၊ဉာဏ် နည်းခြင်း တို့
ကြောင့် ပို၍ပို၍ နိမ့်သော ၊ဆင်းရဲ
သောဘုံတို့ သို့ ကျ နိုင်သည် ။
-သံသရာ တလျှောက် ​ပြုလုပ်ခဲ့သော
ကောင်းမှု၊မကောင်းမှုများ၊စိတ်ခံစား
မှုများ၊အဖြစ်အပျက်များအားလုံးသည် စကြဝဠာ တွင်မှတ်တမ်းအဖြစ်
ရှိနေသည် ။
(ကေစီ က လူနာ တစ်ဦးအား ကုသ
မှုပေးမည်ဆိုလျင် အိပ် မွေ့ချ မသိစိတ်ဖြင့် ထိုသူ၏ စကြဝဠာ မှတ်တမ်း ကို စိတ် တန်ခိုးဖြင့်သွားရောက်ကြည့်ရှု ပြီး လူနာ၏အတိတ်က အဖြစ်အပျက်များကို ပါထည့်သွင်းစဥ်းစားသည်။
ကေစီ မှ လူတိုင်း၏ အတိတ်၊ လက်ရှိ၊ အနာဂတ် ဖြစ်ရပ်များဟာ
စကြဝဠာမှတ်တမ်းတိုက်
Akashic Record လို့ခေါ်သည့် တစ်နေရာ မှာ သိမ်းဆည်းထားသည်ဟု ဆိုသည် ။ အိပ်တဝက်နိုးတဝက်အ
ခြေအနေတွင်
သူ့စိတ်သည် ထို စကြဝဠာမှတ်တမ်းတိုက်” ကို တိုက်ရိုက် ချိတ်ဆက်နိုင်သည် ။
ထိုမှတ်တမ်းနေရာမှ သိလိုသူ၏ အတိတ်ဘဝများ၊ ကံ​ကြမ္မာအခြေအနေ၊ အနာဂတ်တို့ ကို ဖတ်နိုင်သည် ဟု ဆိုသည်)
ဆက်ရန်
(၁.၁၁.၂၅)နိုင်အောင် conqueror
အကြားအမြင် ရစိတ်တန်ခိုးရှင်များ၏
အနာဂတ်ဟောကိန်းများ
အပိုင်း........................................၂