Sunday, June 2, 2024

အပင်တွေရဲ့ အဆိပ်

 အပင်တွေရဲ့ အဆိပ်တွေကို ကျွန်ုပ်တို့ အရသာခံပြီး စားသုံးနေကြတယ်

ကျွန်ုပ်တို့ နေ့စဥ် ထမင်းဝိုင်းမှာ စားနေကြတာတွေက အသားငါး အသီး အနှံ အစေ့အဆံ သစ်ဥ နဲ့ အ ရွက်တွေ။ ထမင်း ဟင်း အပြင် အချိုပွဲဆိုတာတွေ အဆာပြေဆိုတာတွေ စားကြသေးတယ်။ သဗ္ဗေ သတ္တာ အာဟာရဌိတိကာ ဆိုရိုးစကားအတိုင်း အာဟာရကို မှီဝဲပြီး အသက်ရှင်နေကြရတာ။
မြန်မာ ဆိုရိုးစကားတွေက အစာလဲဆေး ဆေးလဲအစာ လို့လဲဆိုတယ်။ အစာအများစုက ဆေးဖက်ဝင်လို့ပါ။ ဒါပေမဲ့ အစားမတော် တစ်လုပ် ဆိုတဲ့စကားအရ အဆင်မသင့်ရင် အစားတစ်လုပ်က အန္တရာယ်ဖြစ်စေနိုင်တယ် ဆိုတာလဲ ရှိပြန်တယ်။ ဆေးသိပ္ပံ ပညာရပ်တွေ တိုးတက်လာပြီး အစွမ်းထက်တဲ့ ဆေးဝါးတွေ တီထွင်လာတာမှာ ဆေးဖက်ဝင်တယ်ဆိုတဲ့ စားလို့ရတဲ့ အပင်တွေက ထုတ်လုပ်တဲ့ပစ္စည်းတွေလဲ ပါနေပါတယ်။ စားစရာ တစ်မျိုးနဲ့ တစ်မျိုး မတည့်ကြတာရှိသလို တချို့ဆေးတွေက တချို့စားစရာတွေနဲ့ ဓာတ်မတည့်လို့ အတူတွဲစားမိရင် အန္တရာယ်ဖြစ်တာတွေလဲ သိလာကြတယ်။
အခုရက်ပိုင်းမှာ University of California Berkeley က ပါမောက္ခ Noah Whiteman ရေးတဲ့ ''Most Delicious Poison: The Story of Nature's Toxins -- From Spices to Vices'' စာအုပ်အတွက် ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ရေးကြတဲ့ Book Review တွေဖတ်ကြည့်ပြီး၊ အရသာ သိပ်ကောင်းပါတယ်၊ စားသုံးသူတွေ အရမ်းကြိုက်တယ် ဆိုတဲ့ အစာတွေနဲ့ ပတ်သက်ပြီး ကောင်းတာရဲ့ နောက်ကွယ်မှာ အဆိပ်တွေပါနေမလား စပ်စုခြင်သွားတယ်။
Noah Whiteman က evolutionary biologist တစ်ဦးပါ။ သူ့အဖေက လွန်ခဲ့တဲ့ နှစ် ၃၀ က နေ့တစ်နေ့မှာ လေဖြန်းတာ (mini stroke) ဖြစ်လို့ ဆရာဝန်တွေ ညွှန်ကြားချက်နဲ့ သွေးကြဲဆေး warfarin ကိုသောက်နေရတယ်။ နှစ်တော်တော်ကြာ အဆင်ပြေနေပြီးမှ ဆေးစစ်တာမှာ သူ့ခန္ဓာကိုယ်က warfarin ကို မတုန့်ပြန်ပေးဘူးဆိုတာတွေ့ရတာကို ဆရာဝန်တွေအဖြေရှာတော့ သူ့အဖေက မနက်စာစားတိုင်း grapefruit juice သောက်လေ့ရှိတာသွားတွေ့တယ်။ Grapefruit juice မှာ အသည်းက warfarin အပေါ် အလုပ်လုပ်မပေးအောင် တားနိုင်တဲ့ furanocoumarin ဆိုတဲ့ ဓာတ်တစ်ခုပါတယ်၊ ဒါကြောင့် သွေးကြဲဆေးက အာနိသင်မပြနိုင်တော့တာ။
သူ့အဖေက ဆိုင်ကယ် မတော်တဆမှု ဖြစ်တာရဲ့ နောက်ဆက်တွဲ ကိုက်ခဲတဲ့ဝေဒနာတွေ သက်သာအောင် အရက်သောက်ရင်းက အရက်စွဲတဲ့ ရောဂါ ထပ်ဖြစ်လာပြီး အရက်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့တယ်။ အဲဒါကြောင့် အရက်စွဲတာနဲ့ ဆိုင်တဲ့ ဇီဝဖြစ်စဥ် နဲ့ဗီဇသဘောတွေကို လေ့လာရင်း ethanol ဆိုတဲ့ အရက်နဲ့ gamma-aminobutyric acid (GABA) ဆိုတဲ့ neurotransmitter အလုပ်လုပ်ပုံ ဆင်တူတာ သိလိုက်တယ်။ GABA က နာဗ်အစွန်းမှာရှိတဲ့ သူ့ကိုလက်ခံတဲ့ receptors ကို လှုံ့ဆော်လိုက်ရင် စိတ်အေးချမ်းတဲ့ ခံစားချက်တွေ ဖြစ်လာစေတယ်။ အရက်ကလဲ GABA ကိုလက်ခံတဲ့ receptors တွေကို လှုံ့ဆော်တဲ့အတွက် စိတ်ညစ်တာတွေပျောက်ပြီး ထုံဆေးပေးထားသလို ဖြစ်ပြီး တခြားလူတစ်ယောက်လို ပုံစံပြောင်းသွားစေတာ။ အရက်လဲ အပင်ထွက် သကြားဓာက်ကနေ ဖြစ်လာတဲ့ ပစ္စည်းပါ။ ထင်ရှူးပင်ကထွက်တဲ့ အ​စေး နဲ့ ဆီ ကလဲ အလားတူ အာနိသင်ရှိတယ်လို့ဆိုတယ်။ ဒါကြောင့် ထင်းရှူးတောထဲကို ဖြတ်ပြီး လမ်းလျှောက်ရင် စိတ်လက်ပေါ့ပါးပြီး ချမ်းသာတဲ့ ခံစားချက်ရစေတာဖြစ်မယ်လို့ Noah Whiteman က သုံးသပ်ထားတယ်။
သူ့အဖေရဲ့ အတွေ့အကြုံကို သင်ခန်းစာယူပြီး Noah Whiteman က အပင်တွေမှာ လူနဲ တိရစ္ဆာန် တွေရဲ့ ဇီဝဖြစ်ပျက်မှုတွေအပေါ် သက်ရောက်မှုရှိတဲ့ ဘယ်လို အဆိပ်အတောက် ပစ္စည်းတွေ ပါနေကြတယ်၊ တိရစ္ဆာန်တွေက အဲဒီပစ္စည်းတွေနဲ့ ဘယ်လို နေသားကျနေတယ် ဆိုတာနဲ့ လူသားတွေက ဒါတွေကို ဘယ်လိုကိုင်တွယ်ပြီး အကျိုးရှိအောင် သုံးနေကြတယ် ဆိုတာတွေကို လေ့လာပြီး စာအုပ်ကို ရေးခဲ့တာလို့ဆိုတယ်။
သူ့စာအုပ်ကို ဝယ်ဖတ်တာ မဟုတ်ပဲ သတင်းစာတွေ ဂျာနယ်တွေမှာ ရေးကြတဲ့ book review တွေမှာပါတဲ့ စာမြည်းလေးတွေ ကိုဖတ်ရပြီး အစာနဲ့ဆေး အစာရဲ့ဘေး အကြောင်း တွေကို စပ်စုမိသွားတယ်။
စားနေကျအစားအစာတွေမှာ အများစုက အပင်တွေရဲ့ မြေပေါ်ပိုင်းကရတဲ့ အညှောက် အညွန့် အရွက် အသီး အပွင့် အခေါက် နဲ့ မြေအောက်ပိုင်းကရတဲ့ အမြစ်တွေ ဥတွေ ပါပါတယ်။ အပင်ထွက်ပစ္စည်းတွေကို လူတွေစားသုံးသလို အပင်ကြိုတ်တဲ့ အင်းဆက်ပိုးတွေ တိရစ္ဆာန်တွေ ကလဲ စားသောက်ကြတယ်။ ဒါကြောင့် evolution ဆိုတဲ့ သက်ရှိ​တွေ ဖွံ့ဖြိုးပေါ်ပေါက်တဲ့ သမိုင်းကြောင်းမှာ သစ်ပင်တွေလဲ မျိုးမပြုန်းသွားရအောင် အကာအကွယ်တွေ ဖန်တီးထုတ်လုပ်ထားကြတယ်။ အပင်တွေရဲ့ ထူထဲတဲ့ အခေါက်တွေ စူးချွန်တွေ က တိရစ္ဆာန်တွေ အနီးကပ် မဖျက်ဆီး မစားသောက်နိုင်အောင် ကာကွယ်ပေးတယ်။ တချို့အပင်တွေမှာ အကိုင်းတွေ အရွက်တွေ အသီးတွေမှာ အမွေးအမျှင်တွေ ရှိနေပြီး ထိမိရင် စူရှတာ ယားယံတာ ဖြစ်စေပြီး အနားမကပ်ကြအောင် ကာကွယ်ထားတယ်။ အပင်ရဲ့ အခေါက် အရွက် အပွင့် အသီး ဥ စတာတွေမှာ ပါနေကြတဲ့ မျက်စိနဲ့ မမြင်ရတဲ့ အဆိပ်အတောက်ပစ္စည်းတွေ ကလဲ ပိုးမွှားတွေ တိရစ္ဆာန်တွေ မဖျက်ဆီးနိုင်စေမဲ့ အဟန့်အတားတွေ ဖြစ်ပါတယ်။ အပင်တွေဟာ မှိုတွေ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ ကြောင့်လဲ ရောဂါကျရောက်ပြီး သေကြေပျက်စီးနိုင်တယ်။ တချို့အပင်တွေက ရောဂါပိုးတွေကို တားဆီးနိုင် သေစေနိုင်တဲ့ အဆိပ်အတောက်ပစ္စည်းတွေ ထုတ်လုပ်နိုင်ကြတယ်။
လူတွေက အပင်တွေကရတဲ့ ကောင်းတဲ့ အာဟာရပစ္စည်းတွေကို အသုံးပြုတဲ့အပြင် မကောင်းတဲ့ အဆိပ်အတောက် တွေကို စူးစမ်း လေ့လာ ဖယ်ရှားပြီး အာဟာရပိုင်းကို အပြည့်အဝ အသုံးချကြသလို တချို့အဆိပ်အတောက်တွေရဲ့ အာနိသင်ကို အရသာခံပြီး စားသုံးနေကြတာလဲ ရှိနေတယ်။ တချို့ အဆိပ်တွေကို အာနိသင်ချိန်ဆပြီး ဆေးဝါး အဖြစ်လဲ အသုံးပြုနေကြတယ်။ ဒါပေမဲ့ သာမန်လူတွေ အနေနဲ့ ဒီအကြောင်းတွေကို သေသေချာချာ မသိရှိနိုင် ကြတဲ့အတွက် အစားတလုပ်ကြောင့် အဆိပ်သင့်တာ ဓာတ်မတည့်တာတွေ မကြာခန ကြုံတွေ့ ကြားသိ နေရတာပါ။
အသီးအရွက် တွေကို ချက်ပြုတ်လိုက်ရင် အာဟာရတန်ဖိုးတွေ လျှော့နည်းသွားတယ်လို့ ယေဘုယျ သိထားကြတယ်။ ဒါပေမဲ့ တချို့ အသီးအရွက် တွေက ချက်ပြီးစားတာ ပိုပြီးကောင်းတယ် ဘေးကင်းတယ်လို့ဆိုတယ်။
ဟင်းနုနွယ်ရွက်က နူးညံ့ပြီး စားလို့ကောင်းတဲ့ ဟင်းရွက်တစ်ခုပါ။ သူမှာ oxalic acid ပါဝင်မှုများတယ်။ အစိမ်းစားရင် ကျောက်ကပ်မှာ calcium oxlate ဆီးကျောက်တွေ ဖြစ်လာနိုင်တယ် အဆစ်အမြစ်ရောင်တာ ဖြစ်လာနိုင်တယ်။ သူ့ကို ချက်လိုက်ရင် oxalic acid ပျက်သွားတဲ့အတွက် အဲဒီဆိုးကျိုးတွေ မဖြစ်လာပဲ အူထဲမှာ ထုံးဓာတ် နဲ့ သံဓာတ် စုတ်ယူအား ပိုကောင်းစေတယ်လို့ဆိုတယ်။ သူ့ကိုချက်စားတဲ့အတွက် သွေးထဲမှာ beta-carotene ပါဝင်မှု မြင့်တက်စေတယ်၊ သူရဲ့ antioxidant သတ္တိကြောင့် နှလုံးရောဂါ အဆုပ်ကင်ဆာရောဂါတွေကို အကာအကွယ်ပေးတယ်လို့ဆိုတယ်။ အရွက်တော်တော်များများကို အတို့အမြှုပ်လုပ်ပြီး အစိမ်းစားလေ့ရှိပေမဲ့ ဟင်းနုနွယ်ကို အစိမ်းမစားကြလို့ သူ့ဘေးထွက်ဆိုကျိုးကို သတိမထားမိကြတာပါ။
ပီလောပီနံဥ ဟာ ကစီဓာတ် နဲ့ vitamin C ကြွယ်ဝပြီး အများစားသုံးကြတဲ့ စားစရာတစ်ခုပါ။ သူ့ မှာ linamarin နဲ့ lotaustralin ဆိုတဲ့ cyanogenic glycosides တွေပါနေတယ်။ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့တွေ့ရင် ဆိုင်ယာနိုက်အဆိပ်သတ္တိဖြစ်လာပြီး သေဆုံးစေနိုင်တယ်။ ပီလောပီနံဥကို ပြုတ်ပြီးမှ စားတဲ့အတွက် cyanogens တွေ အငွေ့ပျံ ပျက်ပြယ်သွားလို့ အန္တရာယ်မရှိပဲ စား​နေနိုင်တာပါ။ တစ်ခါတစ်ရံမှာ အပူပြင်းပြင်းနဲ့ သေသေချာချာ မပြုတ်ပဲ စားမိလို့ အဆိပ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာကြသေးတယ်။
ကျွန်ုပ်တို့ ဟင်းချက်စားနေတဲ့ ပိန်းပင်မှာ calcium oxalate crystals တွေပါတဲ့အတွက် စားရင် ယားတဲ့ ခံစားချက်ဖြစ်စေတယ်။ ပိန်းဥမှာ triglochinin ဆိုတဲ့ cyanogenic glycoside ပါတယ်။ ပိန်းဘောင် ပိန်းဥ ပိန်းစွယ် တွေကို ရေနဲ့ပြုပ်(ချက်)ပြီးမှ စားကြတဲ့အတွက် အဆိပ်ဓာတ် ပျက်ပျယ်သွားပြီး စားကောင်းတဲ့ဟင်း ဖြစ်နေတာပါ။ မျှစ်မှာ taxiphyllin ဆိုတဲ့ cyanogenic glycoside ပါဝင်နှုန်း တော်တော်များတယ်။ မျှစ်ကို နူးနေအောင် ကြာကြာပြုတ်ပြီးမှ စားကြလို့ ဆိုင်ယာနိုက် အဆိပ်မသင့်ပဲ စားနိုင်ကြတယ်။ ဆီးသီး လို မာတဲ့အစေ့ရှိတဲ့ အသီးတွေရဲ့ အတွင်းက အဆံတွေမှာလဲ amygdalin ခေါ်တဲ့ cyanogenic glycoside တွေ ပါတယ်။ များများစားမိရင် အဆိပ်မိဝေဒနာ ဖြစ်စေနိုင်ပါတယ်။ ပန်းသီး သစ်တော့သီး တွေက စားလို့ အရသာရှိကြတယ်။ သူတို့ရဲ့အစေ့တွေ မှာလဲ amygdalin ပါနေတဲ့အတွက် အစေ့တွေကို မစားမိအောင် သတိထားသင့်ပါတယ်။
မုန်လာ မုန်ညှင်း နဲ့ wasabi အပင်တွေမှာ အင်းဆက်ပိုးကောင်တွေ မစားနိုင်အောင် အရွက်တွေမှာ thiocyanates အဆိပ် ဖြစ်လာမဲ့ protoxins တွေ ပါရှိကြတယ်။ အရွက်တွေမှာ protoxin နဲ့ သူ့ကို အဆိပ်အဖြစ် ပြောင်းပေးမဲ့ အင်ဇိုင်းကို နေရာအကန့် ခွဲပြီး ပါနေကြတယ်။ ပိုးကောင်က ကိုက်ဖြတ်ပြီး ဝါးစားတဲ့အချိန်မှာ သူတို့နှစ်ခု ထိတွေ့သွားပြီး ပိုးကောင်ထဲမှာ အဆိပ်သတ္တိ ဖြစ်သွားတယ်။ အဆိပ်သင့်တဲ့ ပိုးကောင်က သေတာ ဒါမှမဟုတ် ဆက်ပြီး ကိုက်ဖြတ် မစားနိုင် ဖြစ်သွားအောင် အပင်က အကာအကွယ် လုပ်ထားတာ။ ပိုးကောင်လေးတွေကို သေစေတဲ့ အဆိပ်ပမာဏက လူတွေအတွက် အန္တရာယ် မဖြစ်တဲ့အတွက်၊ မုံလာဥ နဲ့ mustard, wasabi လို စားစရာတွေမှာ ပါတဲ့ thiocyanates တွေရဲ့ နှာခေါင်းထဲထိ မွှန်သွားတဲ့ အရသာကို ကြိုက်ပြီး သုံဆောင် နေကြတယ်။
Whiteman ရဲ့ စာအုပ်ထဲမှာပါတဲ့ ကော်ဖီအကြောင်း တစ်စိတ်တစ်ပိုင်း ထုတ်ပြထားတာက စိတ်ဝင်စား မှတ်သားစရာ တော်တော်ကောင်းပါတယ်။ ကော်ဖီ လက်ဖက် နှစ်မျိုးလုံးက သောက်သုံးသူတွေကို လန်းဆန်းတက်ကြွစေတာဟာ သူ့မှာ ပါတဲ့ caffeine ဓာတ်ကြောင့်ပါ။ ဒီဓာတ်က အတန်အသင့် သောက်သုံးသူတွေအတွက် ကောင်းကျိုးတွေပဲ ခံစားရတဲ့အတွက် နေ့စဥ် လူသန်းထောင်ချီပြီး ကော်ဖီ လက်ဖက်ရည်တွေကို သောက်သုံးနေကြတယ်။ ဒါပေမဲ့ caffeine ထုတ်လုပ်တဲ့ အပင်တွေက သူတို့အတွက် အကာအကွယ် ရချင်လို့ ထုတ်ကြတာ လို့ဆိုတယ်။
၁၉၈၄ အောက်တိုဘာ ၇ ရက်ကထုတ်တဲ့ New York Times သတင်းစာမှာ ''Caffeine Is Natural Insecticide, Scientist Says'' ခေါင်းစဥ်တပ်ပြီး ဇီဝဗေဒပညာရှင် James Nathanson ရဲ့ သုတေသန တွေ့ရှိချက်ကို သတင်းရေးခဲ့တယ့။ Nathanson က caffeine ကို ခူကောင်တွေကို ကျွေးတဲ့ အစာကို လက်ဖက်ရွက်အမှုံ့ (0.1 - 3%)နဲ့ ကော်ဖီစေ့အမှုံ့ (0.3 - 10%)ရောထည့်ပေးပြီး စမ်းသပ်တာမှာ အမှုံ့ ပိုပါလေ အစာစားနှုံးလျှော့သွားလေဖြစ်ပြီး ​အမှုံ့အများဆုံးပါတဲ့အစာကို စားရတဲ့ခူကောင်တွေက ၂၄ နာရီအတွင်း သေသွားကြတယ်လို့ဆိုတယ်။ Caffeine က အခြောက်ခံထားတဲ့ လက်ဖက်ရွက် အမှုံ့မှာ 0.68 to 2.1% လောက်ပါပြီး ကော်ဖီမှုံ့မှာ 0.8 to 1.8% လောက်ပါနေတယ်။ အဲဒီပမာဏက ခူကောင် ခြင် လိပ်ပြာ ချေးထိုးပိုး နဲ့ ကြမ်းပိုးတွေကို သေစေနိုင်တယ်လို့ Nathanson က ဆိုတယ်။
၂၀၀၂ ခုမှာ Hawaii တေသုတေသီတွေ ဖားပျံတွေကို နှိမ်နင်းဖို့ caffeine ဖျော်ရည်တွေ ဖြန်းပေးတာမှာ ခရု နဲ့ ပက်ကျိ တွေ သေကုန်တာ မမျှော်လင့်ပဲ့ တွေ့သွားကြတယ်။ Caffeine 0.01% လောက်ဖြန်းပေးတာနဲ့ ခရု နဲ့ ပက်ကျိတွေ အစာမစားကြတော့ဘူးလို့ဆိုတယ်။
ကော်ဖီပင်က caffeine ကို ပိုးမွှားတွေရန်က ကာကွယ်ဖို့ ထုတ်လုပ်တယ်ဆိုပေမဲ့ ကော်ဖီသီးကိုထိုးဖောက်စားပြီး အထဲမှာ ဥချပေးတဲ့ ချေးထိုးပိုးမျိုးလဲ ရှိပြန်တယ်။ ဒီပိုးတောင်မာ တစ်ကောင် တစ်ကြိမ်စားတဲ့ caffeine ပမာဏက ကော်ဖီ ခွက် ငါးရာမှာပါတဲ့ caffeine လောက်နဲ့ညီမျှတယ်လို့ဆိုတယ်။ ဒီပိုး caffeine အဆိပ်မသင့်တာက သူ့အူထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေက အဆိပ်ပျက်ပြယ်အောင် လုပ်ပေးတာကြောင့်ပါ။ အဲဒီ ချေးထိုးပိုးတွေကို ပဋိဇီဝဆေးတွေ ကျွေးပြီး အူထဲက ဘက်တီးရီးယားတွေ သေစေတဲ့အခါ သူတိုလဲ caffeine အဆိပ်သင့်ပြီး သေသွားကြတယ် လို့ဆိုတယ်။
လိမ္မော် ကျွဲကော ရှောက် သံပုရာ အသီးခွံတွေက အရသာရှိတဲ့ အတွင်းသားကို အကာအကွယ် လုပ်ပေးတယ်။ သူ့ကို ကိုက်စားရင် ခါးမယ် ညှစ်မိလို့ ထွက်လာတဲ့ အစေးမှုံတွေက မွှန်ထူသွားစေမယ်။ ဒါပေမဲ့ မြန်မာတွေက ဒီအသီးခွံတွေကို အမျိုးမျိုးပြုပြင်ပြီး အိပ်ချင်ပြေ အပြင်းပြေ မြုံ့တဲ့ သွားရေစာအဖြစ် စားနေကြတယ်။ ၂၀၂၄ ဧပြီ ၁ ရက်နေ့ထုတ် Journal of Agricultural anf Food Chemistry ဂျာနယ်မှာ လိမ္မော်ခွံမှာ နှလုံးကျန်းမာရေး အကျိုးဖြစ်စေတဲ့ သတ္တိရှိတဲ့အကြောင်း University of Florida က Hana Lee နဲ့ အဖွဲ့ရဲ့ စာတမ်းကို ဖတ်လိုက်ရတယ်။ Yu Wang ဦးဆောင်တဲ့ သူတို့အဖွဲ့က လိမ္မော်ခွံမှာ အရင်က grapefruit အသီးနဲ့ အရွက်တွေမှာ တွေ့ထာတဲ့ feruloylputrescine (FP) ဆိုတဲ့ ဓာတ်ပေါင်းတစ်ခုပါတယ် လို့ဆိုတယ်။ FP က ခံတွင်းအနံ့ဆိုး ဖြစ်စေပြီး နှလုံး နဲ့ ဦးဏှောက် သွေးကြောပိတ်တဲ့ ရောဂါ ဖြစ်စေနိုင်တဲ့ trimethylamine မထုတ်လုပ်အောင် တားနိုင်တယ် လို့ဆိုတယ်။ အစိုးရ ထောက်ပံ့ငွေ ဒေါ်လာ ငါးသိန်းသုံးပြီး နှစ်စဥ် တန်ချိန် ၃၂ သန်းလောက် စွန့်ပြစ်နေရတဲ့ လိမ္မော်ခွံတွေကို အစာခြေလမ်းကြောင်း နဲ့ နှလုံးအတွက် အထောက်အကူဖြစ်နိုင် မဖြစ်နိုင် စမ်းသပ်ခဲ့ကြတာပါ။ မြန်မာတွေ စားနေတဲ့ သွားရေစာ က အပြင်းပြေ ယုံသာမက နှလုံး အတွက်ကော ဦးဏှောက် သွေးကြောပိတ် လေဖြန်းတာအတွက်ပါ ကာကွယ် ပေးနိုင်တယ် လို့ သူတို့တွေရှိချက်အရ ပြောနိုင်မယ်ထင်ပါတယ်။
မြန်မာတွေ အစဥ်အဆက် စားသောက်လာတဲ့ ပုံစံတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်နေတယ်ဆိုတာ နောက်ထပ် ဘယ်လို နိုင်ငံတကာ သုတေသန တွေက ထုတ်ပြောလာကြမလဲ မသိနိုင်။
Credit to:

Aung Myint



"ဓားက နှလုံးသားကို တဆုံးစိုက်သွားမှ သိမယ်ဆိုရင်တော့ မမီတော့ဘူးနော် "

အဲဒါတော့ ကျနော်ပြောချင်တယ်။ မင်းတို့်လက်ထဲက ငွေစက္ကူတွေအားလုံးကွာ "ဖျက်သိမ်းလိုက်ပြီ တရားမဝင်တော့ဘူး"ဆိုပြီးတော့ တခါထဲကြေညာတယ်ဆိုရင်တော့ ရှင်းတယ်။ အဲဒါမျိုးက ပြည်သူ လူထုရဲ့ မကျေနပ်ပြီးတော့ အုံကြွမှုဟာ ၁၉၈၈ တုန်းက အခိုင်အမာရှိခဲ့တယ်။​ အခုဘယ်လိုသတ်နေလဲဆိုတာကို ကျနော်တို့ သိဖို့တော့လိုတယ်၊ ပြည်သူလူထုတွေအနေနဲ့ပေါ့နော်။

ဒီ ဖက်ဆစ်တပ်ရဲ့ ဘဏ္ဍာရေးကတော့ သူပြိုပြီ၊ သူက လိုက်ပြီးတော့ ဖြုတ်တာတွေ၊ ဖမ်းတာတွေ ဒါတွေက
သူဆေးမြီးတိုနည်းနဲ့သူကုနေတာ သူက မရနိုင်တော့ဘူး၊ ပိုပြီးတော့ ရမ်းကားတော့မယ်။ မတရားမှုကတော့ ဗျာ တံခါးလာခေါက်ပြီပေါ့။ ဟိုဘက် ရပ်ကွက်မှာလောင်နေတာပါကွာ ငါတို့ဆီမရောက်ပါဘူးဆိုတာ အခု အိမ်တံစက်မြိတ်တွေကို အားလုံးကို မီးစွဲပြီ၊ အားလုံးပေ့ါ၊ ယုံကြည်သူ မယုံကြည်သူ အားလုံးထံမှောက်ကို ရောက်လာပြီ။
အဲဒီတော့ ဒီပိုက်ဆံတွေအားလုံးဟာ ပြည်သူလူထုရှာ
ရတယ်ဆိုတာ တကယ်တော့ ချွေးနှဲစာတွေနော်။ အဲဒီ ချွေးနှဲစာတွေနဲ့ ဟိုဘက်က စက္ကူတွေကို ဒါဟာငွေပါဆိုပြီးတော့ အကန့်အသတ်မရှိ ရိုက်ထုတ်နေတဲ့ လူတွေနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်မှာလဲ။ ကျနော်ပြောတာ လစာစားတဲ့ ဝန်ထမ်းတွေဆိုရင် ဘယ်ဝန်ထမ်းဖြစ်ဖြစ်ဗျာ၊ အခုဖြစ်လာမယ့် စျေးနှုန်းတွေနဲ့ ငွေစက္ကူတန်ဖိုးကျသွားတာတွေဟာ ကျနော်ပြောသလို တထစ်ချင်းလာနေတဲ့ အခါမှာ နောက်ဆုံး နှလုံးသားကို အဆုံးဝင်သွားမှ ဓားစိုက်သွားမှ သိတဲ့အဖြစ်မျိုးဆိုရင်တော့ နောက်ကျမှာပဲ။
တကယ်တမ်း ရွှေတွေ ဒေါ်လာတွေ Asset တွေလိုက်ဝယ်နေတယ်ဆိုတာက ဘယ်သူတွေလဲ?
အဲဒီ စစ်ဗိုလ်ချုပ်တွေပဲ သူတို့ကိုယ်တိုင် သူတို့ အခြေအနေကို ရိပ်စားမိတဲ့ အခါမှာ| သူတို့လမ်းစဥ် သူတို့ မယုံနိုင်တဲ့ အခါမှာ သူတို့ ကိုယ်လွတ်ရုန်းဖို့ ကြံတယ်။ သူတို့ စစ်အသုံးစရိတ်တွေကို နောက်ဆုံးသုံးဖို့
ကျန်တယ်။ အဲတော့ တွေ့တော့တွေ့မှာပေါ့နော်၊
တော်ကြာနေ လိုက်ဖမ်းတဲ့ အခါမှာ စျေးပြန်ကျသွား တယ်ဆိုတာမျိုးဟာ ဒါက ကြံစည်ဝါဒဖြန့်မှုတွေပဲဗျာ့။ ကုန်သည်တွေကို သူတို့ တရားခံလွှဲချချင်တာပေါ့။
ဒီ မြန်မာကျပ်ငွေရဲ့ အနာဂတ်
အဲဒါက ချိန်ဆလိုက်ရင်သိပါတယ်။ ကမ္ဘာမှာ cryptocurrency တို့ Bitcoin စမ်းသပ်ပြီးတော့ သုံးပြီးတော့ တီထွင်နိုင်တဲ့အချိန်မျိုးမှာ ဒီဘက်မှာ ကျောက်ခေတ်ကလို တိုက်ရိုက်လဲတဲ့ စနစ်အထိရောက်တော့မယ်။ သူတို့ကိုယ်တိုင်ကြေညာနေပြီနော်။ အဲဒါ မြန်မာကျပ်ငွေ ရဲ့ အနာဂတ်ဟာ အားလုံးအနေနဲ့ မှန်းလို့ရတယ်။
ကျနော်တို့ ဒီအချိန်ဟာ သူတို့အနေနဲ့ ငွေစက္ကူတရားမဝင်ကြောင်းကြေညာခဲ့တာကို သတိရလိုက်ပါ။ အဲတော့
ဒီအကြောင်းတွေ ဒီအန္တရာယ်တွေ ပြည်သူလူထုရင်ဆိုင်ခံစားမယ့် ဒုက္ခတွေက ဘယ်လောက် ကြီးသလဲဆိုတာ ဘာကြောင့်ဖြစ်သလဲဆိုတာ အချက်အလက်နဲ့ ကိန်းဂဏန်းနဲ့ တနင်္လာနေ့ ညနေမှာ စီမံကိန်း ဘဏာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် နဲ့ မစ္စတာ ရှောင်တာနယ်တို့ တရားဝင် ပြောပါလိမ့်မယ်။ အဲဲဒီမှာတော့ ဘယ်သူမဆို နားထောင်ရတော့မှာပဲ။ ဘာကြောင့်လဲ လူတိုင်းရဲ့ နေ့စဥ် ဘဝနဲ့ တိုက်ရိုက်ကြီးကြနေလို့၊ နားထောင်ကြပါ သုံးသပ်ကြပါ။
ဒီ စစ်ကောင်စီကတော့ သူ့ကို မတော်လှန်နိုင်အောင်၊ ပြည်သူလူထု အင်အားချိနဲ့နေအောင်၊ စားဝတ်နေ ရေးမှာ ပိပြားပြီးတော့ ကပ်ဘေးတွေစိုက်နေအောင် သူကတော့ ပြုနေဦးမှာပဲ။ အဲတော့ ဒီလို ဒုက္ခတွေ ထပ်ပြီးတော့ မကြုံချင်ဘူးဆိုရင် အမှိုက်ပုံကိုရှင်းမှရမယ်လို့ ကျနော်တို့ မြင်တယ်။ ဒီ ယင်ကောင်ကို မောင်းလိုက်၊ ကြွက်ကို မောင်းလိုက်၊ ခြင်ကို မောင်းလိုက်နဲ့ကတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။
ပြဿနာအားလုံးရဲ့ တရားခံ ရင်းမြစ်ကို ရှင်းနိုင်မှရမယ်လို့ ဒါကိုပြောချင်တာပါ။
ဓားက နှလုံးသားကို တဆုံးစိုက်သွားမှ သိတယ်ဆိုရင်တော့ မမီတော့ဘူးလို့….

Saturday, June 1, 2024

ကိုယ့်စိတ် ကိုယ်စစ်

 အရေးကြီးတယ်...နော်

"""""""""""""""""""""""""""""""
💢 တရားထိုင်တတ်နေရုံနှင့် မပီးသေးဘူး
🎈 ဘဝနိဂုံး ...
နောက်ဆုံးတစ်နေ့ ကိုယ်တိုင်ရင်ဆိုင်ရလျှင်
🎈 ရှုတတ်နိုင်ပီလား...
မသိရင်တော့ ကျသွားလိမ့်မယ်။
🎈 ခံနေရမယ် ...
ပြန်သေခွင့် မရတော့ဘူး။
(ကိုယ့်စိတ် ကိုယ်စစ်)
🙏🙏🙏
Credit to:

Kotseikkosit




ပူပင်သောက အပိုင်း ( ၃ )

 ပူပင်သောက အပိုင်း ( ၃ )

ဦးနှောက်မှာ လိုအပ်သမျှပြည့်စုံဖို့ နှင့် ဦးနှောက်ရဲ့လုပ်ငန်း အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ အစာအဟာရပြည့်စုံဖို့လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေပုံမှန်လုပ်ဆောင်နိုင်သူတွေအတွက် whole foods တွေက အကောင်းဆုံးလို့ပြောလို့ရတယ်။
မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေက ပူပန်သောကကို လျော့နည်းစေတယ်။ မက်ဂနီဆီယမ် သတ္ထုဓာတ်က စိတ်ပင်ပန်းမှုကိုလျော့ကျစေတယ်။ မက်ဂနီဆီယမ်လျော့နည်းတဲ့အခါ အိပ်ပျော်ဖို့လည်း ခက်တယ်။ ပဲတွေ၊ အစေ့တွေ၊ အခွံမာသီးတွေ၊ ကိုကိုးမှုန့်တွေ၊ ဆော်မွန်ငါး ၊ ဌက်ပျောသီး၊ ထောပတ်သီးတွေမှာ မက်ဂနီဆီယမ်တွေ ပါဝင်ပါတယ်။
Omega 3 ချို့တဲ့သူတွေမှာ ပူပန်သောက ပိုဖြစ်တယ်ပြောတယ်။ အသက်ကြီးလာတဲ့အခါ omega 3 အဆီကို မချို့တဲ့အောင်စားပေးရမည်။ ကောင်းမွန်တဲ့အဆီတွေစားလေ ခန္ဓာကိုယ်ကျန်းမာလေပါ။ DHA လို omega 3 တွေက brain Chemistry ကို အထောက်အကူပြုနိုင်ပြီး ပူပန်သောကကို လျော့နည်းစေတယ်။ အိမ်မှာကလေးတွေရှိလျှင် အဆီများတဲ့ငါးစားတတ်တဲ့ အကျင့်ကို မှန်မှန်လုပ်ပေးရမည်။
Antioxidants ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့လုပ်ငန်းကို မှန်ကန်စေပြီး ပူပန်မှုလျော့ကျစေတယ်။ Antioxidants ရဲ့ အလုပ်တစ်ခုက ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်တာကြောင့် နာတာရှည်ရောဂါအများစုကို သက်သာစေတယ်။ ရောဂါမရှိလေ၊ စိုးရိမ်မှုနည်းလေ၊ မိသားစုပျော်ရလေဖြစ်ပါတယ်။ Antioxidants လုံလုံလောက်လောက်ရဖို့ အရောင်စုံအသီးတွေစားရမည်။ ဟင်းသီးဟင်းရွက်များများစားရမည်။ လက်ဖက်ရည်ကြမ်းသောက်ပေးနိုင်တယ်။
Brain Chemistry ကောင်းမွန်ဖို့ တန်ဖိုးမြင့် အမိုင်နိုအက်ဆစ်တွေလိုပေမည့် အသားအများကြီးစားတဲ့အခါ စိတ်ပူပန်မှုများစေတယ်လို့ဆိုတယ်။ သတ်သတ်လွတ်စားသူတွေမှာလည်း DHA အဆီတွေ၊ ကောင်းမွန်တဲ့ အမိုင်နိုအက်ဆစ်တွေမရနိုင်တာကြောင့် ပူပန်သောကဖြစ်တတ်တယ်။ ဒါကြောင့် အသား၊ အရွက်၊ ငါး နှင့် ဥ မျှတအောင်စားရမည်။ ကဆီဓာတ်တွေကို လျော့စားနိုင်လျှင် glycemic control ရနိုင်ပြီး ပူပန်ကြောင့်ကြမှုနည်းမည်။
မုန်လာဥနီ၊ ဌက်ပျောသီး၊ ပန်းသီး၊ အစိမ်းရင့်ရင့် အရွက်တွေ၊ ချဉ်တဲ့အသီးတွေ၊ ဆလတ်ရွက်၊ ဘယ်ရီသီး၊ သခွားသီး နှင့် ကီဝီသီးတွေကို အော်ဂဲနစ်ရအောင်ရှာပြီး သဘာဝအတိုင်း အစိမ်းစားပေးလျှင် စိတ်ကျန်းမာရေးကို တိုးတက်စေတယ်။ လတ်လတ်ဆတ်ဆတ်အစာတွေမှာ အမျှင်ဓာတ် နှင့် အင်ဇိုင်းတွေပါဝင်တာကြောင့် အစာလမ်းကြောင်းကို အကျိုးပြုနိုင်တယ်။ အမျှင်တွေ နှင့် အဟာရတွေပါလို့ စိတ်သာမက ခန္ဓာကိုယ်ပါ ကျန်းမာစေသော နည်းလမ်းကောင်းများဖြစ်ပါတယ်။
ဒေါက်တာဖြိုးမောင်မောင်
Credit to:

Dr.PHYO MAUNG MAUNG - FNs

Python Basics

 Python Basics ( အကုန်စုထားတဲ့ post ပါ။ )

basic ဆိုပေမယ့် လိုတိုရှင်းပုံစံဖြစ်နေလို့ အခြေခံနည်းနည်းသိထားမှ ပိုအဆင်ပြေပါလိမ့်မယ်။
ဖုန်းသမားတွေအတွက် copy ကူးနည်းပါ။
အခြေခံမရှိသေးရင် fundamentals သင်ခန်းစာထဲက chapter.10 လောက်ထိအရင်ကြည့်ရပါမယ်။
0. fundamentals ( chapter.10 အထိ ကြာချိန် တစ်လ )
6. OOP design patterns နဲ့ data structure လိုမျိုး algorithm တွေကို လွယ်လွယ်ကူကူ လေ့လာနိုင်ဖို့အတွက် ကြိုပြီး ဖတ်ထားရမယ့် အတိုအစ ဗဟုသုတတွေပါ။
...
...
လောလောဆယ် ငါးမျိုးပဲ အရင်တင်ပေးထားပါတယ်။ ( ကြာချိန် တစ်လ )
OOP လိုမျိုးသင်ခန်းစာတွေက အရင်လေးနှစ်လောက်တည်းကဆိုတော့ ကြာနေပါပြီ။
python institute သင်ရိုးအတိုင်း သင်ခဲ့တာဆိုတော့ သင်ခန်းစာများလွန်းပြီး ရှုတ်နေလို့ အသစ်ပြန်လုပ်ပြီးမှပဲ တင်ပေးပါ့မယ်။
#######
#######
...
သင်ခန်းစာအသစ်မတင်ခင် SQL, Html, css, Matplotlib လိုမျိုး ဗဟုသုတ အတိုအစတွေ ကြည့်ထားရပါမယ်။
###########

ကျောက်မီးသွေးကနေ မွေးမြူရေးအစာ ထုတ်နိုင်မလား။

 ကျောက်မီးသွေးကနေ မွေးမြူရေးအစာ ထုတ်နိုင်မလား။

#ခိုင်ကြည်သစ် စုစည်းတင်ပြသည်။
တရုတ်တွေက ကျောက်မီးသွေးကနေ အီသနောလ် ထုတ်ပါတယ်။ နှစ်ဆန်းပိုင်းက အန်းဟွေ့ပြည်နယ်မှာ တစ်နှစ်ကို အီသနောလ် တန်ချိန် ၆၀၀,၀၀၀ လောက်ထွက်မယ့် Coal to Ethanol စက်ရုံ စပြီး လည်ပတ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး အီသနောလ်စက်ရုံလို့ ဆိုပါတယ်။
အမေရိကန်က အီသနောလ် ကို ပြောင်းကနေ အဓိက ထုတ်ပါတယ်။ ပိုပြီး sustainable ဖြစ်တယ် လို့ ဆိုကြတယ်။ ကျောက်မီးသွေးနဲ့ နှိုင်းယှဉ်ရင် ပြောင်းက Renewable ပို ဖြစ်တယ်ပေါ့။
အမေရိကန်နဲ့ ဘရာဇီးလ်က သီးနှံကနေ အီသနောလ် ထုတ်ရာမှာ ထိပ်တန်းနိုင်ငံတွေပဲ။ တစ်ကမ္ဘာလုံး ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။
ဒါပေမယ့် တရုတ်က အမေရိကန် မိုဒယ်လ်နဲ့ အဆင်မပြေပါဘူး။ အကြောင်းက ကောက်ပဲသီးနှံဟာ တရုတ်အတွက် အရေးကြီးတဲ့အတွက် လောင်စာအတွက် လွယ်လွယ် မသုံးပစ်နိုင်လို့ပဲ။
တရုတ်က လူဦးရေများပြီး၊ လူတစ်ယောက်ချင်းအတွက်ရတဲ့ စိုက်ပျိုးမြေနဲ့ ရေအရင်းအမြစ်က အမေရိကန်ထက် အများကြီး နည်းပါတယ်။ ဒါကလည်း အချက်တစ်ချက်ပါ။
နောက်တစ်ချက်က တရုတ်ရဲ့ အီသနောလ် လိုအပ်ချက်က သိပ်များပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာ တရုတ်လည်း အမေရိကန်နည်းအတိုင်း ပြောင်းကနေ အီသနောလ် ထုတ်ခဲ့တာပါပဲ။ အီသနောလ် တန်ချိန် ၂.၇ သန်းလောက် ထွက်တယ်လို့ ဆိုတယ်။ ဒါပေမယ့် လိုအပ်ချက်ပြည့်မီဖို့ နောက်ထပ် အီသနောလ်တန်ချိန် ၁၀ သန်းလောက် ထပ်လိုတယ်။ ဒီတော့ ပြည်ပက တင်သွင်း ခဲ့ရတယ် ဆိုပါတော့။
ဒါကြောင့် တရုတ်အနေနဲ့ ပြည်တွင်းမှာ အီသနောလ် ထွက်နိုင်မယ့် နည်းလမ်းတွေ ရှာနေတာ အတော်ကြာပါပြီ။ အာဖရိကက တက္ကသိုလ်တွေနဲ့ ပေါင်းပြီး သုတေသနတွေ လုပ်နေခဲ့တာ အတော်စောစောကတည်းကပါ။
တစ်ဖက်မှာက တရုတ်မှာ ကျောက်မီးသွေး ပေါပေါများများ ထွက်ပါတယ်။ ဒီတော့ စားနပ်ရိက္ခာကို ချွေတာပြီး၊ အခြားတစ်ဖက်မှာ ပြည်ပက တင်သွင်းရတဲ့ အီသနောလ် ကို ကျောက်မီးသွေးက ထုတ်ဖို့ ဖြစ်လာပါတယ်။ အန်း‌ဟွေ့က စက်ရုံကြောင့် အီသနော်လ်အတွက် ကုန်ကျမယ့် သီးနှံ တန်ချိန် သန်းနဲ့ချီပြီး ချွေတာနိုင်မယ်လို့ ဆိုပါတယ်။
ကျောက်မီးသွေးကနေ အီသနောလ် ထုတ်ဖို့ ပထမအဆင့်အနေနဲ့ ကျောက်မီးသွေးကို Gasification လုပ်ရပါတယ်။ ကျောက်မီးသွေးကို လေလုံပိတ်ပြီး အပူပြင်းပြင်း(၁၁၀၀ ဒီဂရီ စင်တီဂရိတ် အထက်) ပေးတာပါပဲ။ အောက်ဆီဂျင် မရှိတဲ့ ပတ်ဝန်းကျင်အခြေအနေက ကျောက်မီးသွေးထဲမှာ ရှိနေတဲ့ ကာဗွန် (Carbon) တွေကို ရိုးရှင်းတဲ့ ဓာတုဖွဲ့စည်းပုံတွေ ဖြစ်အောင် ပြောင်းပေးတယ်။ အတိုချုပ်ပြောရရင် Gasification လုပ်လိုက်တဲ့အတွက် Coke oven gas ထွက်လာတယ်။ အဲဒီကနေ မက်သနောလ် ရတယ်။ မက်သနောလ်ကို ထပ်ဆင့်ပြုပြင် ထုတ်လုပ်တဲ့အခါ အီသနောလ် ရပါတယ်။
ဆိုတော့ တရုတ်အနေနဲ့ ကျောက်မီးသွေးကနေ အီသနောလ် အမြောက်အများ ထုတ်တော့မယ် ဆိုတာ သေချာနေပြီ။ မထူးဆန်းလှဘူး။
ဒါပေမယ့် ကျောက်မီးသွေးကနေ အီသနောလ် ထုတ်လုပ်ရင်း နောက်ဆက်တွဲတွေ့လာရတာက မွေးမြူရေးအစာအတွက် အသားဓာတ် အစာကုန်ကြမ်းကို ကျောက်မီးသွေးကနေ ထုတ်နိုင်မယ် ဆိုတဲ့ အချက်ကတော့ မွေးမြူရေးသမားတွေအတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (Chinese Academy of Science - CAS) က အဲဒီကိစ္စကို ထုတ်ပြောလာတာပါ။
မွေးမြူရေး ဆိုတာ လူတွေစားသုံးလို့ မရတဲ့ တန်ဖိုးနိမ့် အစာတွေကို လူတွေ စားသုံးနိုင်တဲ့ အာဟာရပြည့်၊ တန်ဖိုးမြင့် အစားအစာ (အသားဓာတ်) တွေ အဖြစ် ပြောင်းလဲပေးတဲ့ တန်ဖိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်း တစ်ရပ်ပါ။ ဒါပေမာ့် မမေ့ရမယ့် အချက်တစ်ခုကတော့ တိရစ္ဆာန်တွေဟာလည်း လူတွေလိုအပ်တဲ့ အာဟာရဓာတ်တွေ (အသားဓာတ်၊ အင်အားဓာတ်၊ အဆီ၊ ဗီတာမင်၊ သတ္တုဓာတ် စသဖြင့်) ကို လိုအပ်တာ် ဆိုတဲ့အချက်ပါ။ အရေးအကြီးဆုံး အာဟာရဓာတ်ကတော့ အသားဓာတ် (ပရိုတင်း - Protein) ပါ။ မွေးမြူရေးလုပ်ငန်းဟာ အဆင့်မြင့် အသားဓာတ် ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်တာမို့ မွေးမြူရေးတိရစ္ဆာန်တွေအတွက် အစာထဲမှာ အဆင့်နိမ့်တဲ့ အသားဓာတ်ကုန်ကြမ်း တွေ အမြောက်အများ လိုအပ်ပါတယ်။
ပဲပုပ်ဖတ်၊ ငါးပေါင်းမှုန့်၊ စသည်ဖြင့် အသားဓာတ်အရင်းအမြစ် အစာကုန်ကြမ်းတွေ အများအပြား ရှိပြီး ဈေးလည်း ကြီးကြပါတယ်။ အစာထုတ်လုပ်သူတွေဟာ ဈေးသက်သာပြီး အသားဓာတ်မြင့်တဲ့ အစာအရင်းအမြစ်တွေကို အပြိုင် ရှာဖွေကြရပါတယ်။
ဒီလိုအခြေအနေမှာ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ ရဲ့ တွေ့ရှိမှုက အတော်လေး စိတ်လှုပ်ရှားစရာပါ။ ပညာရှင်တွေက ကျောက်မီးသွေးကို Gasification ပြုလုပ်ပြီး ထွက်လာတဲ့ မက်သနောလ် ကို Pichia pastor is မျိုးစိတ်ဝင် တစေးတွေထဲက အထူးရွေးချယ်ထားတဲ့ မျိုးကွဲ (strain) တွေကို ကျွေးပါးတယ်။ အဲဒီ တစေးလ်ကို သုတေသနပညာရှင်တွေက မျိုးဗီဇပြုပြင်ပြောင်းလဲပြီး ထုတ်လုပ်ထားတာပါ။
တစေးတွေက မက်သနောလ်ကို အချဉ်ဖောက် (fermentation) ပြီး ဆဲလ်တွေ ထုတ်လုပ်ပွားများပါတယ်။ အဲဒီဆဲလ်တွေဟာ အသားဓာတ် (အမိုင်နိုအက်ဆစ်) တွေ ကြွယ်ဝတဲ့အပြင်၊ ဗီတာမင်တွေ၊ ဓာတ်ဆားတွေ၊ အဆီနဲ့ ကာဗိုဟိုရ်ဒြိတ်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
အသားဓာတ် (Crude Protein - CP) ပါဝင်မှုက ၆၇ .၂ ရာခိုင်နှုန်းအထိ မြင့်မားတယ်လို့ သိရပါတယ်။ ဒါဟာ လက်ရှိ အသုံးများတဲ့ အသားဓာတ်အရင်းအမြစ်တွေထက် သာလွန်တဲ့ အနေအထားပါ။
ကျောက်မီးသွေးက ထုတ်လုပ်တဲ့ အသားဓာတ်အရင်းအမြစ် ‌မွေးမြူရေးအစာကုန်ကြမ်းဟာ စီးပွားဖြစ် ထုတ်လုပ်လာနိုင်မှာလား၊ လက်ရှိ အသားဓာတ် အစာကုန်ကြမ်းတွေကို အစားထိုးလာနိုင်မှာလား၊ မွေးမြူရေးကဏ္ဍအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ၊ စီးပွားရေးအရ တွက်ချေကိုက်မှုက ဘယ်လိုလဲ၊ sustainable ဖြစ်ရဲ့လား၊ အခြားပညာရှင်တွေထံက ဘယ်လို ဝေဖန်မှုတွေ ထွက်လာနိုင်သလဲ ဆိုတာတွေကိုတော့ စောင့်ကြည့်ကြရဦးမှာပါ။
ဘယ်လိုဖြစ်ဖြစ် နည်းပညာတွေဟာ တဖြည်းဖြည်း နီးကပ်လာသလို၊ industry တွေဟာလည်း အပြန်အလှန် မှီခိုလာနေတာကတော့ သေချာပါတယ်။ ကျောက်မီးသွေးကနေ မွေးမြူရေးအစာ ထုတ်နိုင်လာရင်၊ မွေးမြူရေးကဏ္ဍဟာ စိုက်ပျိုးရေးကဏ္ဍနဲ့သာမက စွမ်းအင်ကဏ္ဍ၊ သတ္တုတွင်းကဏ္ဍတွေနဲ့ပါ ဆက်စပ်လာတော့မှာပါ။
(၃၀-၅-၂၀၂၄)
Credit to:

Thet Khaing

လွတ်မြောက်နယ်မြေ

 ( မှားယွင်းသုံးသပ်မိတဲ့ ဆောင်းပါးတစ်ပုဒ်)

NUG ဟာ လွတ်မြောက်နယ်မြေ မလုပ်လို့ဆိုပြီး ဆရာကြီးတွေက အော်ကြတယ်။
တရုတ်ပြည်၏စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့သမိုင်းကိုကြည့်ရင်
စစ်အာဏာရှင် ချန်ကေရှိတ်ဟာ ဆိုဗီယက်မှ စစ်သင်တန်းဆင်းတယ်။သူ့မိန်းမက အမေရိကန်က ဘွဲရတယိ။ ဒီတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဟာ ဘယ်အကူအညီမှမရခဲ့ဖူး။ ဒါကြောင့် မြို့ပေါ်ဆန္ဒပြပွဲတွေ အကုန်နှိမ်နင်းခံရတယိ။ ကွန်မြူနစ်ပါတီဝင်တွေ တွေ၏ မိသားစုဝင်တွေကို ချန်ကေရှိတ်ဦးစီးတဲ့ စစ်တပ်က သတ်ဖြတ်ခဲ့တယ်။ စစ်အာဏာရှင်တွေ၏သတ်ဖြတ်ခြင်းခံရသူတွေထဲမှာ မော်စီတုံး၏ ညီဖြစ်သူနှင့် မိန်းမဖြစ်သူပါပါခဲ့တယ်။ ဒါကြောင့် ကွန်မြူနစ်ပါတီနှင့် သူတို့မိသားစုဝင်တွေဟာလွတ်မြောက်နယ်မြေတည်ထောင် ဖို့ဆိုပြီး တရုတ်ပြည်အနောက်မြောက်ပိုင်းကို သွားဖို့ပြင်ဆင်ရပါတယ်။
လမ်းခရီးမှာစစ်အာဏာရှင် ချန်ကေရှိတ်ထိန်းချုပ်ရာဒေသနှင့်ဝေးတဲ့ တိုင်းရင်းသားစစ်ဘုရင်တွေပိုင်တဲ့ နယ်မြေတွေကိုဖြတ်သန်းသွားခဲ့ရပါတယ်။ တချို့စစ်ဘုရင်တွေဟာ ချန်ကေရှိတ်နှင့် ပူးပေါင်းပြိး သူတို့နယ်မြေကိုဖြတ်သန်းနေတဲ့ ကွန်မြူနစ်ပါတီ ကို တိုက်ခိုက်ကြသလို တချို့တိုင်းရင်းသားစစ်ဘုရင်များကတော့ ကြေငြာချက်အရ ချန်ကေရှိတ်စစ်အာဏာရှင်ကို တိုက်ခိုက်တယ်ဆိုသော်လည်း တကယ်တန်းကွန်မြူနစ်တပ်တွေသူတို့နယ်မြေထဲဝင်လာတဲ့အခါမှာ ချန်ကေရှိတ်တပ်တွေနှင့် နယ်မြေအပေးအယူလုပ်ပြီး ချန်ကေရှိတ်၏တပ်တွေကို သူတို့နယ်ထဲခေါ်သွင်းကာ ကွန်မြူနစ်တွေကိုအပြတ်ဆော်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။
ဒီလိုနှင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဟာ ရက်ပေါင်းရာချီ မိုင်ပေါင်းထောင်ချီ
ခရီးရှည်ကြီးကို ဆင်နွှဲပြီး နောက် သူတို့၏လွတ်မြောက်နယ်မြေကိုရောက်ရှိသွားပါတယ်။
ထိုခရီးရှည်ချီတက်ပွဲကို Long March ဟု ကမ္ဘာမှာနာမည်ကြိးပါတယ်။
မြန်မာပြည်မှာ NUG နှင့် PDF ဖြစ်စဉ်အရ NUG အတွက် အမေရိကန် က လေယာဉ်တင်သဘောင်္ကြီး တစ်စီးကို မြန်မာပြည်နားမှာထားထားပေးတယ်ဟု NLD လော်ဘီများက ဖေဖော်ဝါလီလကတည်းက ဆိုထားပါတယ်။
NUG ဟာ အမေရိကန်၏ ထောက်ပံ့မှုတွေကို ရရှိထားပြီး တပ်သား၈သောင်း ကို လေ့ကျင့်ထားတယ်ဟု အမေရိကန်ပြည်ထောင်စုမှNUG လော်ဘီတစ်ဦးကဆိုထားပါတယ်။
NUG အတွက် စလုံးရောက်မြန်မာတွေက ဒေါ်လာသောင်းဂဏန်းလောက်ကို တစ်ဦးချင်းစီကလှူဒါန်းကြတယ်ဆိုပါတယ်။ ဒါကြောင့် စလုံးယောက်မြန်မာ အယောက် တစ်သောင်းကပဲလှူတယ်ထားပါ။ ဒေါ်လာ သန်းရာချီရရှိပြီးဟုဆိုရမှာပါ။
ဒီတော့ ဒ်ီလိုအနေအထားမျိုးတွေကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ NUG ဟာ Dday ပွဲသိမ်းတိုက်ပွဲဆိုပြီး အမေရိကန်ပြည်ထောင်စု၏ အကူအညီဖြင့် ရန်ကုန်ကို သိမ်း ပြီးရင် နေပြည်တော်ကို သိမ်းတဲ့ စစ်ရေးမဟာဗျူဟာ Plan တခုကို မကြာခင်လပိုင်းအတွင်းမှာဖော်ဆောင်ဖို့ ကြိုးစားနေတယ်ဟုယူဆရမှာပါ။
ဒီမှာ တချို့လူတွေမသိကြသေးတာက မော်စီတုံးလွတ်မြောက်နယ်မြေတည်ထောင်ရတယ် ဆိုတာ သူ့ကို ဆိုဗီယက်ကောအမေရိကန်ကပါ မထောက်ခံကြလို့၊ လက်နက် မကူညီကြလို့ သူတို့အဆင်ပြေ တဲ့ ဒေသကို သွားပြီးလွတ်မြောက်နယ်မြေအရင်ထူထောင်ပြီး ထိုဒေသမှတဆငိ့ စစ်အာဏာရှင်ချန်ကေရှိတ် အုပ်ချုပ်ရာဒေသများမှာပျောက်ကျား စစ်ပွဲဆင်နွှဲနိုင်အောင် စီမံထောက်ပံ့မှုတွေလုပ်ပြီး ပျောက်ကျားစစ်ဖြင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရတယ်ဆိုတာတွေ့ရပါတယ်။
ဒါပေမယ့် အမေရိကန်၏အထောက်အပံအကူအညီကို အများအပြားရထားတဲ့ NUG ဟာ မော်စီတုံး၏ ထိုခေတ်ကအခြေအနေနှင့် လုံးဝမတူတာကြောင့် လွတ်မြောက်နယ်မြေမထူထောင်ပဲ D day ဆိုပြီး နေပြည်တော်သိမ်းတိုက်ပွဲကို နောက်နှစ်လအတွင်း ဆော်မယ်ဆိုတာ ကျွန်တော်အနေဖြင့်မှားမယ်မထင်ပါဘူး။
လွတ်မြောက်နယ်မြေ ဆိုတာ အမေရိကန်က NUG ကို မကူညီမှလုပ်သင့် တာ ဖြစ်ပါတယ်။
(NUG ၏ အချက်အလက်များကို NUG လော်ဘီများထံမှ ယူပါသည်။)
Jun 1st, 2021
Credit to:

Myat Maw