အဲဒါတော့ ကျနော်ပြောချင်တယ်။ မင်းတို့်လက်ထဲက ငွေစက္ကူတွေအားလုံးကွာ "ဖျက်သိမ်းလိုက်ပြီ တရားမဝင်တော့ဘူး"ဆိုပြီးတော့ တခါထဲကြေညာတယ်ဆိုရင်တော့ ရှင်းတယ်။ အဲဒါမျိုးက ပြည်သူ လူထုရဲ့ မကျေနပ်ပြီးတော့ အုံကြွမှုဟာ ၁၉၈၈ တုန်းက အခိုင်အမာရှိခဲ့တယ်။ အခုဘယ်လိုသတ်နေလဲဆိုတာကို ကျနော်တို့ သိဖို့တော့လိုတယ်၊ ပြည်သူလူထုတွေအနေနဲ့ပေါ့နော်။
ဒီ ဖက်ဆစ်တပ်ရဲ့ ဘဏ္ဍာရေးကတော့ သူပြိုပြီ၊ သူက လိုက်ပြီးတော့ ဖြုတ်တာတွေ၊ ဖမ်းတာတွေ ဒါတွေက
အဲဒီတော့ ဒီပိုက်ဆံတွေအားလုံးဟာ ပြည်သူလူထုရှာ
ရတယ်ဆိုတာ တကယ်တော့ ချွေးနှဲစာတွေနော်။ အဲဒီ ချွေးနှဲစာတွေနဲ့ ဟိုဘက်က စက္ကူတွေကို ဒါဟာငွေပါဆိုပြီးတော့ အကန့်အသတ်မရှိ ရိုက်ထုတ်နေတဲ့ လူတွေနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်မှာလဲ။ ကျနော်ပြောတာ လစာစားတဲ့ ဝန်ထမ်းတွေဆိုရင် ဘယ်ဝန်ထမ်းဖြစ်ဖြစ်ဗျာ၊ အခုဖြစ်လာမယ့် စျေးနှုန်းတွေနဲ့ ငွေစက္ကူတန်ဖိုးကျသွားတာတွေဟာ ကျနော်ပြောသလို တထစ်ချင်းလာနေတဲ့ အခါမှာ နောက်ဆုံး နှလုံးသားကို အဆုံးဝင်သွားမှ ဓားစိုက်သွားမှ သိတဲ့အဖြစ်မျိုးဆိုရင်တော့ နောက်ကျမှာပဲ။
တကယ်တမ်း ရွှေတွေ ဒေါ်လာတွေ Asset တွေလိုက်ဝယ်နေတယ်ဆိုတာက ဘယ်သူတွေလဲ?
အဲဒီ စစ်ဗိုလ်ချုပ်တွေပဲ သူတို့ကိုယ်တိုင် သူတို့ အခြေအနေကို ရိပ်စားမိတဲ့ အခါမှာ| သူတို့လမ်းစဥ် သူတို့ မယုံနိုင်တဲ့ အခါမှာ သူတို့ ကိုယ်လွတ်ရုန်းဖို့ ကြံတယ်။ သူတို့ စစ်အသုံးစရိတ်တွေကို နောက်ဆုံးသုံးဖို့
ကျန်တယ်။ အဲတော့ တွေ့တော့တွေ့မှာပေါ့နော်၊
တော်ကြာနေ လိုက်ဖမ်းတဲ့ အခါမှာ စျေးပြန်ကျသွား တယ်ဆိုတာမျိုးဟာ ဒါက ကြံစည်ဝါဒဖြန့်မှုတွေပဲဗျာ့။ ကုန်သည်တွေကို သူတို့ တရားခံလွှဲချချင်တာပေါ့။
ဒီ မြန်မာကျပ်ငွေရဲ့ အနာဂတ်
အဲဒါက ချိန်ဆလိုက်ရင်သိပါတယ်။ ကမ္ဘာမှာ cryptocurrency တို့ Bitcoin စမ်းသပ်ပြီးတော့ သုံးပြီးတော့ တီထွင်နိုင်တဲ့အချိန်မျိုးမှာ ဒီဘက်မှာ ကျောက်ခေတ်ကလို တိုက်ရိုက်လဲတဲ့ စနစ်အထိရောက်တော့မယ်။ သူတို့ကိုယ်တိုင်ကြေညာနေပြီနော်။ အဲဒါ မြန်မာကျပ်ငွေ ရဲ့ အနာဂတ်ဟာ အားလုံးအနေနဲ့ မှန်းလို့ရတယ်။
ကျနော်တို့ ဒီအချိန်ဟာ သူတို့အနေနဲ့ ငွေစက္ကူတရားမဝင်ကြောင်းကြေညာခဲ့တာကို သတိရလိုက်ပါ။ အဲတော့
ဒီအကြောင်းတွေ ဒီအန္တရာယ်တွေ ပြည်သူလူထုရင်ဆိုင်ခံစားမယ့် ဒုက္ခတွေက ဘယ်လောက် ကြီးသလဲဆိုတာ ဘာကြောင့်ဖြစ်သလဲဆိုတာ အချက်အလက်နဲ့ ကိန်းဂဏန်းနဲ့ တနင်္လာနေ့ ညနေမှာ စီမံကိန်း ဘဏာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် နဲ့ မစ္စတာ ရှောင်တာနယ်တို့ တရားဝင် ပြောပါလိမ့်မယ်။ အဲဲဒီမှာတော့ ဘယ်သူမဆို နားထောင်ရတော့မှာပဲ။ ဘာကြောင့်လဲ လူတိုင်းရဲ့ နေ့စဥ် ဘဝနဲ့ တိုက်ရိုက်ကြီးကြနေလို့၊ နားထောင်ကြပါ သုံးသပ်ကြပါ။
ဒီ စစ်ကောင်စီကတော့ သူ့ကို မတော်လှန်နိုင်အောင်၊ ပြည်သူလူထု အင်အားချိနဲ့နေအောင်၊ စားဝတ်နေ ရေးမှာ ပိပြားပြီးတော့ ကပ်ဘေးတွေစိုက်နေအောင် သူကတော့ ပြုနေဦးမှာပဲ။ အဲတော့ ဒီလို ဒုက္ခတွေ ထပ်ပြီးတော့ မကြုံချင်ဘူးဆိုရင် အမှိုက်ပုံကိုရှင်းမှရမယ်လို့ ကျနော်တို့ မြင်တယ်။ ဒီ ယင်ကောင်ကို မောင်းလိုက်၊ ကြွက်ကို မောင်းလိုက်၊ ခြင်ကို မောင်းလိုက်နဲ့ကတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။
ပြဿနာအားလုံးရဲ့ တရားခံ ရင်းမြစ်ကို ရှင်းနိုင်မှရမယ်လို့ ဒါကိုပြောချင်တာပါ။
ဓားက နှလုံးသားကို တဆုံးစိုက်သွားမှ သိတယ်ဆိုရင်တော့ မမီတော့ဘူးလို့….
၂.၆.၂၀၂၄
No comments:
Post a Comment