Thursday, April 16, 2026

အလေးပြုထားလျက်

 ခရီးမသွားခင် ထမင်းစာရင်း အန်တီဇာနဲ့စကားပြောဖြစ်တယ်။

"တော်လှန်ရေးလုပ်တဲ့အခါ ပထမတခုက ရပ်တည်ချက်၊မူဝါဒ ရှင်းလင်းပြတ်သားရတယ်။ ဒုတိယက ခံနိုင်ရည် မာဂုဏ်မြင့်ရတယ်။ တကယ်လို့ ကိုယ်က တတ်နိုင်တာလုပ်သင့်သလောက်လုပ်ပြီးပြီ, ကိုယ့်မိသားစုအရေးနဲ့ လူချစ်လူချင်ပေါအောင်ဘဲနေတော့မယ်ဆိုရင် ဒီနှစ်ခုက အရေးမကြီးတော့ဘူး။ ဆုံးခန်းတိုင်အောင်ဆက်ရှိမယ်ဆိုရင်တော့ ဒီနှစ်ခုဟာ ဘုရားရှိခိုးတိုင်းထည့်ရွတ်ရမယ့် ဂါထာဘဲ" လို့ပြောဖြစ်တယ်။ အန်တီဇာက "ကျေးဇူးဘဲ ဒီစကားအတွက်, ရှေသို့ဘဲ"တဲ့။ ကျနော်ကျေနပ်တယ်။ အန်တီဇာပြောတဲ့ 'ရှေ့သို့'က ကျနော့်သီချင်း 'ရှေ့သို့' ကိုပြောတာပါ။ ကိုတာဘုန်းကျော်ပြောတဲ့ 'ရှေ့သို့'က ကျနော့်သီချင်းမဟုတ်ပါဘူး။
တနေ့က အိပ်မက်တယ်။ 1027 မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအားလုံးရောက်လာတယ်။ "ဟေ့လူ ခင်များ 'နောက်သို့' သီချင်းရေးဖို့ရှိလားတဲ့"။
"ကျနော့်မှာ နောက်ခံ ဘက်ဂရောင်း အိမ်နားနီးနိုင်ငံကြီးတွေလဲမရှိဘူး။ စစ်တပ်ဒေါက်တိုင် ခရိုနီတွေနဲ့လဲ အရော်အစားမရှိဘူး။ ဒါကြောင့်ရေးဖို့မရှိပါဘူးဗျာ" လို့ပြန်ဖြေလိုက်တော့ "ဟေး,,," ဆိုပြီး ပျော်ပါးအော်ဟစ်ခါ လှည့်ပြန်သွားကြတယ်။ သူတို့ကျောပြင်တွေ မှုန်ဝါးသွားတဲ့အထိ ကျနော်ရပ်ကြည့်ပြီး ကျန်ခဲ့တယ်။အလေးပြုထားလျက်ပေါ့။
ဒီ Resource နဲ့ ဒီ outcome ဘဲဆိုတာ ပါဝင်နေသူတွေသိပါတယ်။ သို့သော် ဒီ outcome ထပ်အများကြီး ပိုပြီး လိုအပ်တယ်လို့ တော်လှန်ရေး ကနေ့စဉ်ဖင်ချပြီးသတိပေးနေတာဆိုတော့ ပါဝင်နေသူ ကျနော်တို့ ခင်များတို့ လုပ်နိုင်တာထပ်ပို ရုန်းရပါမယ်။ ကျနော်ကတော့ ရုန်းတဲ့အခါ မိတ်ဆွေတွေ ရန်သူမဖြစ်အောင် အထူးသတိထားဖြစ်တယ်။ ရန်သူတွေကို မိတ်ဆွေဖြစ်အောင်ဂရုစိုက်ချင်တယ်ဆိုရင်တော့ ဆီပုလင်းနဲ့ ကပ်ရခွါရလွယ်တဲ့ တိပ်ခွေ ဆောင်ထားပေါ့။
ကြော်ငြာစရာ နှစ်ခုရှိ။
တခုက June 27, Houston မှာ ဒေသအစုံ ကျန်းမာရေး၊ပညာရေး၊ စစ်ရှောင်မိသားစုတွေဆီ ရသမျှပို့ဖို့ နဲ့ July 4, Dallas မှာ ကချင်ပြည်နယ် စစ်ရှောင်မိသားစုနဲ့ ကချင်ပြည်နယ် ကျန်းမာရေး လိုအပ်ချက်တွေ ဖြည့်စီးဖို့။
နောက်တခုက ကျနော့် YouTube members ဂရုမှာ ဒီလအတွက် 'အလွမ်း' ဆိုတဲ့သီချင်းလေး ပြန်တီး၊ပြန်ဆို reversion လေးတင်ဖို့ရှိ။ $5 ဝန်းကျင်၊ $9 ဝန်းကျင်နဲ့ members ဝင်ရပါတယ်။ JFM ကဖော်ပြထားတဲ့ စစ်ခေါင်းဆောင်မိသားစု ထိုင်းဘတ် 98 သန်းနဲ့ဝယ်ထားတဲ့ ဘန်ကောက်ရဲ့ အိမ်ကြီးနားက မြေကွက်အလွတ်တကွက်ဝယ်ဖို့ပါ။
ပုံကတော့ music project တခုအတွက် ဆရာသမားတယောက်နဲ့ဆုံနေတာ
@TomLord-Alge

No comments:

Post a Comment