တိရိစ္ဆာန်မွေးမြူပြီးအသားထုတ်လုပ်တဲ့ လုပ်ငန်းတိုင်းက ကမ္ဘာမြေကြီး အတွက် သယံဇာတတွေကို အတိုင်းမရှိ ပျက်စီး ဆုံးရှုံးစေပါတယ်၊
လူဦးရေတိုးပွါးလာတာနဲ့အမျှ အသားကိုဒိိအတိုင်းဆက်လက်ထုတ်လုပ်မယ်ဆိုရင် ကမ္ဘာကြီးပူနွေးပျက်စီးလာတာ အရှိိန် သိသိသာသာပိုမြန်သွားမှာပါ၊
၁) လေထုညစ်ညမ်းခြင်း
၂) သစ်တောပြုန်းတီးခြင်း
၃)ရေ အဆမတန်သုံးရခြင်း
၄)သယံဇာတ အများအပြားသုံးစွဲရပြီး အလေ့အလွင့်များခြင်း
၅)အသားမွေးမြူရေးတွင် ပိုးသတ်ဆေး အလွန်အကျွန် အသုံးပြုရခြင်း
၆)တိရိစ္ဆာန်မှရသော ရောဂါများ လူကိုအလွယ်တကူကူးခြင်း
စသည်ဖြင့်ဆိုးကျိုး အမြောက်အများရှိပါတယ်၊
''Alternative Protein'' ဆိုတာဘာလဲ?
တွေမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ အစားထိုးပရိုတင်း တွေဖြစ်ပါတယ်။
3 ခုရှိပါတယ်။
အဲ့ဒါတွေကတော့
1) Cultivation: တိရစ္ဆာန်တွေရဲ့ ဆဲလ်တွေကို မွေးမြူပြီး အသားထုတ်ခြင်း (တိရိစ္ဆာန်တစ်ကောင်လုံးကို သတ်ဖြတ်ခြင်းမှကင်းဝေးပြီး ဆဲလ်အသေးလေးမှ တစ်ဆင့် အသားဖြစ်လာအောင်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်)
2) Plant-based: အပင်တွေဆီကနေ အသားပုံစံထုတ်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်၊
3)Fermentation: fungi (မှို)ကိုအသုံးပြုပြီး အသားထုတ်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်၊ beer၊ cheese ၊ ဝိုင် ထုတ်လုပ်ရေးမှာလဲ fungi ကို အသုံးပြုထားပါတယ်
ဆက်လက်အသေးစိတ်ပြောပြသွားဖို့ရှိလို့ ဖတ်ရှုဖို့ဖိတ်ခေါ်ပါတယ်၊
No comments:
Post a Comment