တကယ်ပါ ဟိုးရည်းစားဘ၀ထဲက စန္ဒကူးတို့ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေနဲ့ ရန်မဖြစ်ဘူး
Our trust and understanding is way bigger than that
- ဖုန်းမကိုင်ဘူး၊ မအားဘူးမလား ချထားလိုက်တာပဲ အားရင်ပြန်ခေါ်လိမ့်မယ်
- အိမ်ပြန်နောက်ကျတယ်လား အင်း ဂရုစိုက်မောင်း ပြန်ရောက်ရင် ပြောပဲ
- အခန့်မသင့်လို့ အော်လိုက်မိလား ဪ သူစိတ်အဆင်မပြေစရာရှိနေတယ် ထားလိုက်မယ် ခဏနေပြန်တောင်းပန်လိမ့်မယ်ဆိုပြီး နေလိုက်တာပဲ တဖန်ပြန်စိတ်ဆိုးရန်ဖြစ်မနေဘူး
တယောက်ရဲ့ လုပ်ရပ်တိုင်းကို တယောက်က နားလည်သလို နားမလည်ရင်တောင် နောက်ကွယ်မှာ ခိုင်လုံတဲ့ Reason ရှိတယ်ဆိုတာ တယောက်က ယုံထားတယ်
ချိန်းထားတာ နောက်ကျရုံ ၊ ဖုန်းမအားရုံ ၊ မုန့်လေးယူစားမိရုံ ၊ ပန်းကန်လေး မဆေးမိရုံလိုမျိုး သေးသေးမွှားမွှားနဲ့ ခဏခဏ စကားများကြတဲ့ အတွဲတွေတွေ့ရင် အံ့ဩရတယ်
တခါကနေ နှစ်ခါ ဒီပြသနာအသေးလေးတွေကို Resolution မရကြဘူးလားပေါ့နော်
ပုံစံတူ ပြသနာတခုကို တခါကနေ နှစ်ခါ မက သုံးခါလောက်ဖြစ်လာပြီဆိုရင်တော့ ပြသနာက ပြသနာမဟုတ်တော့ပဲ လူတွေက ပြသနာဖြစ်လာပြီလို့ စန္ဒကူးတော့ ယူဆတယ်
ဥပမာ အလှပြင်တာ စောင့်နေရလို့ စကားများတယ်
တခါစကားများပြီး နောက်တခါ ငါအလှစောပြင်လိုက်မယ်လို့ လုပ်တာ or တဖက်က သူမိန်းကလေးပဲ လှလှလေးသွားချင်မှာပေါ့ သူအလှပြင်ပြီဆို ငါလည်း ငါ့ဟာငါ စိတ်အေးအောင် ဂိမ်းဆော့ရင်းစောင့်နေလိုက်မယ်ဆိုတာမျိုး Resolution ကို မရပဲ ဒါကိုပဲ ထပ်ခါထပ်ခါရန်ဖြစ်နေတယ်ဆိုရင်တော့ လူတွေက လွဲနေတာဖြစ်သွားပြီလို့ ထင်တယ်
ကလေးတွေမဟုတ်ကြတော့လို့ ရည်းစားတွေထား အိမ်ထောင်တွေပဲ ကျနေပြီမလား Emotionally Mature လည်း ဖြစ်ရမှာပေါ့
ကိုယ်က Childish ဖြစ်နေပြီး တဖက်ကို Toxic Toxic နဲ့ လက်ညှိုးထိုးနေလို့ မရဘူးလေ
ပြီးတော့ရှိသေးတယ် ရန်ဖြစ်ရင် နိုင်အောင်ပြောမှာပဲ နာအောင်ပြောမှာပဲ ဒါသဘာ၀ပဲ စိတ်ဆိုးစရာမရှိဘူးဆိုတဲ့လူတွေ။ Nooo ရန်ဖြစ်တုန်း စိတ်ဆိုးလို့ ပြောမိတာ တကယ်စိတ်ထဲမပါဘူးဆိုတာ မရှိဘူး။ အဲ့လိုဖြစ်ရအောင် ပါးစပ်ကမပြောခင် ဦးနှောက်က Filter မခံဘူးလား? ခေါင်းက အလုပ်မလုပ်တော့တာလား? စိတ်ပျက်စရာနော်။ ကျွန်မလိုလူနဲ့တော့မဖြစ်ဘူး ကိုယ်တိုင်လည်း I mean every word I say မလို့ အဲ့လိုဟာတွေ နားမလည်နိုင်ဘူး တကယ်။ ဘာပဲဖြစ်ဖြစ် ရန်ဖြစ်တုန်းပြောတဲ့စကားလည်း ဆတူ တဖက်လူကို နာကျင်စေတာပဲ။ အမှတ်သညာရှိတဲ့သူက မှတ်တာပဲ။
ပန်းကန်တချက်ကို တမင်ပဲပစ်ချချ မတော်တဆပဲ လွတ်ကျကျ အပ်ရာက အပ်ရာပဲမလို့ Not having small fights save a lot of pains in relationships ပါ 
No comments:
Post a Comment