နိုင်ငံက သေးငယ်ပေမယ့် အထင်သေးလို့မရပါဘူး။ Homeless မရှိသလောက် နည်းပြီး safe ဖြစ်တဲ့ နိုင်ငံဖြစ်ပါတယ်။ Malta မှာ Party, ပွဲလမ်းသဘင်ပေါများတာမို့ ပျင်းစရာမကောင်းပါဘူး။ အီတလီမှာလို့ ရေကို kitchen / tap water ကနေတော့ သောက်လို့မရပါဘူး။ ရေငန်တွေမို့ ဆိုင်ကနေ ရေသန့်ဘူးပဲ အမြဲ ဝယ်သောက်ရပါတယ်။
တစ်နာရီလုပ်အားခ (Part time) - 7 to 12 euros ဝန်းကျင် ရပါတယ်။ ကျနော်မြင်ဖူးတဲ့သူဆို part time ကို သုံးခုလောက်လုပ်သူများလည်း ရှိပါတယ်။ ကျနော်လည်း Malta မှာ မနှစ်က Restaurant waiter နှင့် souvenir shop sales position ဖြင့် အလုပ်နှစ်ခု လုပ်ဖူးပါတယ်။
အသုံးပြုတဲ့ ငွေကြေး - Euro (EU နိုင်ငံတိုင်းက Euro မသုံးပါဘူး)
Main Language - English (Maltese ဘာသာစကားကတော့ local တွေ သုံးကြပါတယ်)
တစ်လ နေစားရိတ် - 250 to 400 euros (၁၂သိန်းကနေ သိန်း ၂၀ ဝန်းကျင်ကြား)
တစ်လ စား စားရိတ် - 150 to 200 euros
Main transportation - Bus, Car, Taxi, Flights (Train, metroမရှိပါ)။ Transportation အတွက် bus card လုပ်ပြီး စီးရင် စျေးပိုသက်သာပါတယ်။
ရာသီဥတု - တစ်နှစ်ပတ်လုံး ရာသီဥုတုကောင်းပါတယ်။ နွေရာသီမှာ အပူချိန်များတာမို့ ကမ်းခြေဘက် လမ်းလျှောက်ထွက်ကြပါတယ်။Malta ရဲ့ ရာသီဥတုကို အဖြူတော်တော်များကြိုက်ကြပါတယ်။ Summer ဆိုရင် ခရီးသွားတွေနှင့် လူအပြည့်ပါပဲ။
- Language School
- Bachelor programs
- Master programs
- Diploma programs များ ရှိပါတယ်။
Tuition fees - 3000 ကနေ up to 15000 euros per year ထိ ရှိကြပါတယ်။
ကိုယ်ရွေးချယိတဲ့ program/ school ပေါ်မူတည်ပြီး ကျောင်းလခ ကွဲပြားပါတယ်။ Programs Duration ကတော့ 1/2/3 years ကြာပါတယ်။ ကျောင်းတက်နေစဉ် တရားဝင် part time အလုပ်လုပ်ခွင့်ရှိပါတယ်။
Malta မှာ ဆေးကျောင်းတက်ချင်သူများကတော့ ကျောင်းလခ စျေးအတော်များပါတယ်။ Malta ဆေးကျောင်းထက် အခြားဥရောပနိုင်ငံ ရွေးတာ ပိုကောင်းပါတယ်။
- Tourism and hospitality
- Education and teaching
- Technology studies
- Fishery
- Transport and logistics အစရှိသည်တို့ ဖြစ်ပါတယ်။
ကျောင်းလျှောက်ဖို့အတွက် ကျောင်းအကြောင်း posts များကိုတော့ page မှာ နောက် တင်ထားပေးပါ့မယ်။ ဒါကတော့ general info ဖြစ်ပါတယ်။
အလုပ်နှင့် ပက်သက်တဲ့ websites, LinkedIn အပြင့် Malta မှာရှိတဲ့ ကိုယ်လျှောက်လိုတဲ့ အလုပ်၊ company emailများ ၊ HR များကို email ကနေတစ်ဆင့် အလုပ်လျှောက်ကြပါတယ်။ Visa မလျှောက်ခင်တော့ Malta ဘက်မှာ အလုပ် offer letter ရထားဖို့လိုပါတယ်။
ဒီpost လေး ဖတ်ပြီး အတိုင်းအတာ တစ်ခုထိ နားလည်သဘောပေါက်သွားဖို့ မျှော်လင့်ပါတယ်။ Happy to share and assist.
No comments:
Post a Comment