အသက်ကြီးမှ စတင် လေ့လာမယ်ဆိုရင်
လျစ်လျူရှုထားသင့်တဲ့ အချက်နှစ်ချက်
အင်္ဂလိပ်စကားပြောကြတဲ့အခါမှာ
British accent ဒါမှမဟုတ် American accent နဲ့
ပြောနိုင်မှသာ ဒီလူက “English speaking”
ကောင်းတယ်ဆိုပြီးတော့ ဘယ်သူက
ဘယ်ကနေ စပြီးဂျင်းထည့်လိုက်မှန်း
မသိတဲ့ virus တစ်ခုက learners ကြားထဲမှာ
မသိမသာ ပျံ့နှံ့သွားခဲ့ပါတယ်။
Accent ကို train ပေးတဲ့သင်တန်းရှိတယ်လို့
ကြားဖူးပါတယ်။ ဒီ accent ဆိုတာမျိုးက
သိသလောက် ပြောရရင် တစ်ယောက်ကနေ
နောက်တစ်ယောက်ကို train ပေးလို့
ရတာမျိုး မဟုတ်ဘူးလို့ ယူဆမိပါတယ်။
ပတ်ဝန်းကျင်တစ်ခုမှာ
နှစ်ပေါင်းများစွာနေထိုင်လာခဲ့လို့
ကိုယ့်နားက အဲဒီဒေသရဲ့ accent နဲ့
ရင်းနှီးကျွမ်းဝင်လာပြီး ပိုင်ဆိုင်လာတာမျိုးပါ။
ကျွန်တော့်ဆရာတစ်ယောက် ပြောသလို
ပြောရမယ်ဆိုရင်… မြန်မာပြည်မှာ မွေး
မြန်မာပြည်မှာပဲ ကြီးပြင်းလာခဲ့ပြီး
အဖေနဲ့ အမေကလည်း မြန်မာဖြစ်ပြီးတော့
ဒီမြန်မာစကားပြောတဲ့ပတ်ဝန်းကျင်မှာ
ကြီးပြင်းလာတဲ့သူတစ်ဦးဟာ
အင်္ဂလိပ်စကားပြောရင် native speakers ရဲ့
အသံအတိုင်း
တစ်ခါတလေကျ ကျွန်တော်တို့မြန်မာတွေက
အင်္ဂလိပ်စကားပြောရင် ဘာဖြစ်လို့ native speakers ရဲ့ အသံလိုမျိုး ဖြစ်ချင်ရတာလဲပေါ့…
ဒီနေရာမှာ ဘယ်သူ့ကိုတော့ဖြင့်
native speaker တစ်ဦးအနေနဲ့
သတ်မှတ်လို့ရလဲဆိုတာ သိထားဖို့လိုပါတယ်။
ဥပမာ မြန်မာစကားပြောကျွမ်းတဲ့ဘိုတစ်ဦးက
သူ့ကိုယ်သူ ကျွန်တော်က မြန်မာစကားကို
မြန်မာတစ်ယောက်လိုပဲ ကောင်းကောင်း
ပြောနိုင်တယ်ဆိုပြီး သူ့ကို ဘယ်လိုမှ
“native speaker” လို့ သတ်မှတ်လို့ မရပါဘူး။
မြန်မာစကားပြောကျွမ်းကျင်တာ မှန်ပေမဲ့
မြန်မာစကားက သူ့ရဲ့ first language မဟုတ်ဘဲ
second language ဖြစ်နေလို့ပါပဲ။
တချို့ကျောင်းသားတွေဆို သူတို့ကို သူတို့
British accent ဆိုပြီး ပြောတတ်ကြတယ်။
ဟုတ်ချင်လည်း ဟုတ်မယ်။
မဟုတ်ချင်လည်း မဟုတ်ဘူး။
မြန်မာတစ်ယောက် British accent နဲ့ ပြောတာကို
တကယ့်ဘိလပ်သားစစ်စစ်တစ်ယောက် ခေါ်ပြီး
နားထောင်ခိုင်းကြည့်ပါ။ ဒါမှပဲ သူ့ accent က
British ဟုတ် မဟုတ် သိနိုင်မှာပါ။
ဆရာတစ်ယောက်ပြောပြဖူးလို့
ကြားဖူးတဲ့အချက်တစ်ချက်ရှိပါသေးတယ်။
ကိုယ်က မြန်မာလူမျိုး၊ ကိုယ့်အမျိုးသမီးက
အမေရိကန်လူမျိုးပဲထားပါတော့…
မွေးလာတဲ့ကလေးတောင် American accent
မရသေးဘဲနဲ့ အဲ့ကလေးတွေကနေ American နဲ့ ပြန်အိမ်ထောင်ကျပြီး ရလာတဲ့ကလေးတွေကမှ
American accent ဖြစ်မယ်ပေါ့။
တချို့ကျ မြန်မာပြည်မှာမွေးလာခဲ့ပေမဲ့
ငယ်ငယ်ကတည်းကအင်္ဂလန်ရောက်သွားပြီး British people နဲ့လက်ပွန်းတတီးနေလာတဲ့သူမျိုးဆိုရင်တော့ အဖြေကတစ်မျိုးဖြစ်သွားမှာပေါ့။
ဟိုကလူတွေနဲ့ အင်္ဂလိပ်စကားနေ့တိုင်းပြောဆိုရင်း
ကြီးပြင်းလာခဲ့ရတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း
ကြောင့် အဲ့က accent ကို ရသွားနိုင်တာပါ။
အဲ့လိုမျိုး မဟုတ်ဘဲငယ်ငယ်ကတည်းက
မြန်မာစကားနေ့တိုင်းပြောပြီး
ကြီးပြင်းလာခဲ့ရတယ်။
ဒီ Myanamr accent နဲ့ပဲ ယဉ်ပါးလာပြီး
အသက်ကြီးလာတဲ့အခါကျမှ
Phonetics လေ့လာ၊ အင်္ဂလိပ်ဇာတ်ကားတွေ
အကြည့်များပြီး British accent ကို အားကျကာ
တုပပြီး လိုက်ပြော လိုက်လေ့ကျင့်လိုက်တာနဲ့
တကယ့် native speaker စစ်စစ် ရေမရောတဲ့သူ
တစ်ဦးလို ပြောနိုင်သွားပြီလားဆိုတာ
မေးခွန်းထုတ်စရာရှိပါတယ်။
တကယ်တမ်းကျ သူဘာ skill တွေရသွားတာလဲ…
အင်္ဂလိပ်စကားကို ဘယ်လိုပြောနိုင်လာတာလဲ…
Listening practice နဲ့ ပင်ကိုက
ကြိုးစားချင်စိတ်ရှိတာရယ်ကြောင့်သာ
fluency နှင့် pronunciation ကောင်းလာမယ်။
အသံမှန်လာတာ၊ အသံထွက်တွေပီသလာတာ
grammar မှန်မှန်နဲ့ ကျိုးကြောင်းညီညွတ်စွာ
ပြောဆိုတတ်လာတာတွေပါ။
Native Speaker တွေလို ဘိုသံမပေါက်တာတစ်ခုပဲ။ တခြား skills က native တွေထက်တောင်
ပိုကောင်းသွားတာမျိုးတွေ ရှိနိုင်ပါတယ်။
ကိုယ့် pronunciation က “Native Speaker” တစ်ယောက်ရဲ့အသံ ဖြစ်တာ မဖြစ်တာထက်
English skills ကောင်းနေဖို့ကသာ
အရေးကြီးတာပါ။ ဖြစ်ချင်ရင်လည်း
ဖြစ်ခွင့်ရှိပါတယ်။ သူ့ choice ပါပဲ။
နောက်တစ်ခုရှိတာက နိုင်ငံခြားသားတွေနဲ့
အင်္ဂလိပ်စကားပြောရင် Myanmar accent နဲ့ပဲ
ပြောဆိုဆက်သွယ်ကြတဲ့အခါ သူတို့တွေ
နားမလည်ဘူးလို့ ထင်နေကြပါတယ်။
ကိုယ့်အသံထွက် မှန်နေရင် နားလည်ကြပါတယ်။
နိုင်ငံခြားသားတစ်ယောက်က မြန်မာစကားကို သူတို့ British accent နဲ့ ပြောရင်
သူတို့ဘာကိုဆိုလိုချင်တာလဲဆိုတာ
ကျွန်တော်တို့ မြန်မာတွေ နားလည်သလိုမျိုးပေါ့။
အဲဒီတော့ အင်္ဂလိပ်စကားပြောတဲ့အခါ
အရေးကြီးဆုံးအချက်တွေက…
ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။
သူအင်္ဂလိပ်စကားပြောရင် native အသံ
မပေါက်နေပါဘူး။ အသံထွက်ကို မှန်အောင်
ပြောတယ်။ foreigners နားလည်အောင်
သူ့မှာ ရှိတဲ့ ပင်ကိုအသံနဲ့ပဲ ပြောပါတယ်။
အလုပ်ဖြစ်ပါတယ်နော်။
သူတတ်ချင်တဲ့ပညာရပ်တွေရှိရင်လည်း
အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေဖတ်ပြီး
ကိုယ့်ဘာသာကိုယ် လေ့လာသွားနိုင်တယ်။
YouTube ပေါ်မှာ အင်္ဂလိပ်လိုပြောပြီး
ပို့ချထားတဲ့ video lectures ကို နားထောင်ပြီး သူတတ်ချင်တဲ့ပညာတွေပါ ဆည်းပူးနိုင်တယ်။
AI နည်းပညာတစ်ခုဖြစ်တဲ့ ChatGPT ကိုလည်း
သူသိချင်တာတွေ သိရဖို့အတွက်
အင်္ဂလိပ်လို ကောင်းကောင်း ခိုင်းနိုင်ပါတယ်။
အင်္ဂလိပ်စကားပြော လေ့လာတဲ့အခါ
သိပ်ပြီး လောဘကြီးဖို့ မလိုအပ်ပါဘူး။
စိတ်ပင်ပန်းလွန်းလှပါတယ်။
အင်္ဂလိပ်စကားပြောကို Myanmar accent နဲ့
ပြောတာက ရှက်စရာတစ်ခု မဟုတ်သလို
British accent နဲ့ သူကြိုက်လို့ ပြောတာကို
ဘာတစ်ခုမှ ဝေဖန်စရာ မရှိပါဘူး။
ပြောနိုင်တော့လည်း ချီးကျူးတာပေါ့။
လုံးဝအသိအမှတ်ပြုပါတယ်။
သို့သော်လည်း ကိုယ်က ပြောနိုင်လို့ဆိုပြီး
တခြားသူတွေက British accent နဲ့
မပြောနိုင်ကြပါဘူးဆိုပြီး
ကဲ့ရဲ့လှောင်ပြောင်ကြတာမျိုးတွေတော့
မဖြစ်သင့်ဘူးပေါ့နော်။ ဟုတ်တယ်မလား။
အင်္ဂလိပ်စကားပြောရင်ကိုယ့် pronunciation က British accent ဒါမှမဟုတ် American accent
မဖြစ်လို့ သိမ်ငယ်စိတ်ဝင်သွားပြီး
စိတ်ဓာတ်ကျသွားစရာလည်း မလိုပါဘူး။
ဒုတိယတစ်ချက်ကတော့…
အင်္ဂလိပ်စကားပြောကို စလေ့ကျင့်တဲ့အခါ
ကိုယ့်အသံက native voice လိုမျိုး မဖြစ်လို့
စိတ်ညစ်စရာ မလိုပါဘူး။
ဟာ… မရဘူး… ကိုယ်က native မှ native ဆို
လည်း native ပဲ ဖြစ်အောင် ကြိုးစားပေါ့။
နိဂုံးချုပ်ရရင်တော့ ဒီနှစ်ချက်ကို
ခဏလောက် မေ့ထားပြီးတော့
တခြားအရေးကြီးတာတွေကိုသာ
ဦးစားပေး လေ့လာသွားမယ်ဆိုရင်
လူတိုင်းနဲ့ ဆက်သွယ်လို့ ရနိုင်တဲ့
English skills ရလာမှာပါ။
အဲ့ English skills ကိုပဲ အသုံးချပြီးတော့
ကမ္ဘာကြီးနဲ့ ရင်ပေါင်တန်းကာ
ပညာတွေအများကြီးရှာဖွေနိုင်တဲ့သူတစ်ဦး
ဖြစ်လာမှာပါ။ Trust me!
ACCENT IS OPTIONAL.
REAL ENGLISH SKILLS ARE ESSENTIAL.
Thanks for reading!
No comments:
Post a Comment