Tuesday, January 13, 2026

(Coenzyme Q10) သောက်တော့မယ်ဆိုရင် ယူဘီကွီနုန်း (Ubiquinone) လား? ယူဘီကွီနော (Ubiquinol) လား?

 နှလုံးကျန်းမာရေးအတွက် ကိုအင်ဇိုင်း ကျူ(၁၀) (Coenzyme Q10) သောက်တော့မယ်ဆိုရင် ယူဘီကွီနုန်း (Ubiquinone) လား? ယူဘီကွီနော (Ubiquinol) လား?

နှလုံးအားဆေးအဖြစ် လူသိများတဲ့ ကိုအင်ဇိုင်း ကျူ(၁၀)ကို ဝယ်ယူတော့မယ်ဆိုရင် ပုံစံနှစ်မျိုးရှိနေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါတွေကတော့ ယူဘီကွီနုန်း နဲ့ ယူဘီကွီနော တို့ပဲ ဖြစ်ပါတယ်။
ယခင်က ဈေးကွက်ထဲမှာ ယူဘီကွီနောက ခန္ဓာကိုယ်ထဲ စုပ်ယူမှုပိုကောင်းတယ်လို့ အပြောများလေ့ရှိပေမဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဆေးသုတေသနစာတမ်းတွေအရ ကွဲပြားနေတဲ့ အချက်ကို တွေ့ရှိရပါတယ်။
ယူဘီကွီနောဟာ ဓာတုဗေဒ ဖွဲ့စည်းပုံအရ မတည်ငြိမ်တဲ့သဘောရှိပါတယ်။ ဓာတ်ခွဲခန်း စမ်းသပ်ချက်တွေအရ ယူဘီကွီနောဖြည့်စွက်စာတွေကို သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က မစုပ်ယူခင် အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ယူဘီကွီနုန်းပုံစံကို (၇၆) ရာခိုင်နှုန်းကနေ (၈၄) ရာခိုင်နှုန်း အထိ ပြန်ပြောင်းသွားတတ်ပါတယ်။
နှလုံးကို ရောက်ရှိနိုင်တဲ့ ကိုအင်ဇိုင်း ကျူ(၁၀) ပမာဏကို ကြည့်ရင် ယူဘီကွီနုန်းက ယူဘီကွီနောထက် နှစ်ဆနီးပါး ပိုများနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း နှလုံးရောဂါ ကာကွယ်ဖို့နဲ့ ကုသဖို့အတွက်ဆိုရင် ယူဘီကွီနုန်းပုံစံက ပိုပြီးထိရောက်ကြောင်း သုတေသနပညာရှင်တွေက အကြံပြုထားပါတယ်။ အသေးစိတ်ကို အောက်ပါ သုတေသန စာတမ်းများမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

No comments:

Post a Comment