————
၁ ။ သူတို့က ည ၁၁ နာရီ မတိုင်ခင်မှာ အိပ်စက်ကြပါတယ်။ည အိပ်ရာဝင်စောတာကြောင့် ကြီးထွားဟော်မုန်းနဲ့ မယ်လတိုနင် ထုတ်လုပ်မှု ၄၀ % မြင့်မားနိုင်ပါတယ်။
၂ ။ သူတို့နေ့စဉ် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်ကြပါတယ်။
တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ရင်တောင် သွေးလှည့်ပတ်မှုနဲ့ အဆစ်ကျန်းမာရေး ၂၅ % ပိုမို ကောင်းမွန်နိုင်ပါတယ်။
၃ ။ သူတို့က လတ်ဆတ်တဲ့ အစားအစာတွေကို စားသုံးကြပါတယ်။
ပြုပြင်ထားတဲ့ အသား ငါးတွေ မဟုတ်ပဲ လတ်ဆတ်တဲ့ အသားငါး၊ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားသုံးတာကြောင့် ရောင်ရမ်းမှုဖြစ်စဉ် ၃၅ % ထိ ကျဆင်းနိုင်ပါတယ်။
၄ ။ သူတို့က စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ကြပါတယ်။
ကော်တီစော ညီညွတ်မျှတမှုရှိတာကြောင့် ကော်လဂျင်နဲ့ ဦးနှောက်ပမာဏကို ရေရှည်ကာကွယ်နိုင်ပါတယ်။
၅ ။ သူတို့က ရေကို လုံလုံလောက်လောက် သောက်ကြပါတယ်။
ရေဓာတ်ပြည့်ဝနေတာကြောင့် အရေးအကြောင်း ပေါ်ပေါက်မှု နှေးကွေးနိုင်ပြီး ဆဲလ်ပြန်လည်ပြုပြင်နှုန်း ၂၀ % ပိုကောင်းမွနိနိုင်ပါတယ်။
၆ ။ သူတို့က မနက်ခင်းနေရောင်ခြည် ခံယူကြပါတယ်။
သဘာဝအတိုင်းရရှိတဲ့ ဗီတာမင် D က ခုခံအား နဲ့ အရိုးသန်မာဖို့ အထောက်အပံ့ပေးပါတယ်။
၇ ။ အလေးအပင်( အတော်အသင့်အလေးချိန်) မကြပါတယ်။
ကြွက်သားထု၊ ဇီဝဖြစ်စဉ် သန်မာပြီး ချည့်နဲ့နိုင်ခြေ ၃၀ % လျော့နည်းနိုင်ပါတယ်။
၈ ။ တစ်ယောက်နဲ့ တစ်ယောက် ပြုစုစောင့်ရှောက်ကြပါတယ်။
မိသားစု၊ မိတ်ဆွေ အချင်းချင်းကြား အမြဲမပြတ်ဆက်သွယ်မှုတွေ ရှိတာကြောင့် စောစောစီးစီး သေဆုံးနိုင်ခြေ ၅၀ % ထိလျော့ကျနိုင်ပါတယ်။
၉ ။ သူတို့တွေ ရံဖန်ရံခါ ဥပုတ်စောင့်ကြပါတယ်။
ပြတ်တောင်း ပြတ်တောင်း အစာငတ်ခံတာက autophagy ( ပျက်စီးနေတဲ့ မိမိဆဲလ်တွေကို ပြန်လည်စားသုံးခြင်း) ဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။
၁၀ ။ သူတို့ မကြာခဏ ရယ်မောတတ်ကြပါတယ်။
ရယ်မောတာကြောင့် အချိန် ၁၂နာရီ ကြာအောင် သွေးပေါင်ချိန်ကျဆင်းနိုင်ပြီး အင်ဒိုဖင်တွေ ဟော်မုန်း များပြားနိုင်ပါတယ်။
၁၁ ။ သူတို့ရဲ့ အစားစားချိန်က စောပါတယ်။
ဇီဝနရီနဲ့ လိုက်လျောညီထွေမှု ရှိတာကြောင့် အစာကြေတာနဲ့ စွမ်းအင် တိုးတက်ကောင်းမွန်နိုင်ပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ#ဒေါက်တာခင်မိုးမိုး
Photo: Google
No comments:
Post a Comment