ပထမဆုံး ဝက် သုံးထပ်သား ကို အရသာ စနှပ်ထားပါမယ်၊
ပထမဆုံး ဝက် သုံးထပ်သား ကို အရသာ စနှပ်ထားပါမယ်၊
ရေစစ်ထားတဲ့ ၀က်သားတွေထဲကို ဆား အနည်းငယ် ထည့်ပါမယ်၊ ပြီးရင် ချင်း(ဂျင်း) ကို ခြစ်ထား သို့မဟုတ် ထောင်းထားပြီး ဝက်သားထဲကို ချင်း(ဂျင်း)ရည် ညှစ်ထည့်ပေးပါ၊ အချိုမှုန့် သို့ အရသာမှုန့် အနည်းငယ် (မစားရင် မထည့်လည်းရပါတယ်)။
ထည့်ပြီး နယ်ထားပေးပါ၊ အငန်အရသာက တခါတည်း အသားနှပ်တဲ့အချိန်ပဲထည့်တာကြောင့် တခါတည်း ချိန်ဆပြီးထည့်ပေးပါ။
ရေခဲသေတ္တာအအေးခန်းထဲမှာ ၁ နာရီလောက်နှပ်ထားပေးပါ၊
ဒယ်အိုးထဲမှာ ဆီလေး နည်းနည်းထည့်ပြီး သကြား ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း) ထည့်ပြီး သကြား တူးသည်အထိ ဆီသတ်ပေးပါ၊ သကြားညိုပြီး အမြှုပ်အကြီး ကြီးတွေ ထလာပြီဆိုရင် နှပ်ထားတဲ့ ဝက်သားတွေထည့်ပြီး လုံးပေးပါ၊ ၇ မိနစ်လောက်လုံးပြီး ပြီ ဆိုရင် ပဲငံပြာရည်အပျစ် (အနောက်) အနည်းငယ် ထည့်ပြီးမွှေပေးပါ၊ အသားတွေ တင်းလာပြီဆိုရင် ရေထည့်ပြီး ((ရေခမ်းဆီပြန်အောင် ပြန်ချက်ရမှာဖြစ်တာကြောင့် ရေထည့်တဲ့အခါ အများကြီး မထည့်ဘဲ အသားဖုံးရုံလောက်လေးပဲ ရေထည့်ပါ )) အသားတွေနူးအိလာတဲ့အထိ ၄၅ မိနစ်လောက်ချက်ပေးပါ၊ အသားတွေ နူးလာရင် မီးအားမြှင့်ပြီး ဒယ်အိုးထဲမှာ ရေခမ်း ဆီပြန်တဲ့အထိ ချက်ပေးပါ၊ ဆီပြန်လာရင် လေးခြမ်းခွဲထားတဲ့ ကြက်သွန်နီနဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မွှေးတဲ့အထိ ရောကြော်ပေးပါ၊ မွှေးလာပြီဆိုရင် ရိုးရှင်းပြီး စားကောင်းတဲ့ ဝက်သားနီချက် ဟင်းလေး ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ. #ဟင်းချက်နည်း #Cookfork1 #cookingrecipe
No comments:
Post a Comment