Thursday, January 22, 2026

ငါးပြေမလုံးချက်

 ပန်းခရေကလုံးချက်ချက်ရာမှာတကယ်အားသန်ပါတယ်

ဆီသပ်ချက်တာထက်အရသာကသဘာဝဆန်တယ်လို့ခံစားရသူ
ပြီးတော့စားသုံးရာမှာလဲဆီသပ်ချက်တာထက်ပိုပြီးကျန်းမာရေးနဲ့ညီညွတ်ပါတယ်
လုံးချက်ရမှာကိုမကြောက်ပါနဲ့ရှင်
လုံးချက်ချက်တာကအချိန်၊အလုပ်လဲတော်တော်သက်သာတာပါ
သတိထားရမှာလေးကတခုပါပဲ
ရေကိုရေနွေးပဲသုံးပါ
ရေကိုအိုးမကပ်နိုင်သည်အထိလုံလောက်စွာထည့်ပါ
မီးပြင်းပြင်းနဲ့စချက်တတ်ရပါမယ်
စချက်ပြီဆိုရင်အရင်ဆုံးထည့်ချက်ထားတဲ့
ဟင်းအနှစ်ကအစိမ်းနံ့ရနေပါမယ်
ဒီလိုအချိန်မှာအိုးကိုလုံးဝဖွင့်မကြည့်ရပါဘူး
ဖွင့်လိုက်မိရင်ဟင်းစိမ်းနံ့ကဟင်းကျက်သည်အထိမပျောက်တော့ပါဘူး
ဟင်းအိုးကအနှစ်တွေကျက်ပြီးကျက်တဲ့နံ့လေးမွှေးပြီဆိုရင်တော့ဖွင့်ကြည့်အရသာမြည်းစိတ်တိုင်းကျလုပ်လို့ရပါပြီ
မည်သည့်အသားငါးကိုမဆိုလုံးချက်လို့ရပါတယ်
ခုလဲငါးပြေမကိုလုံးချက်ချက်ထားတာပါ
တစက်ကလေးမှညှီနံ့မထွက်ပဲဟင်းနံ့လေးမွှေးနေတာပါပဲ
လုံးချက်ကိုပိုင်နိုင်ရင်ထမင်းဆိုင်ဖွင့်လို့ရပြီ
တချိန်တည်းမှာဟင်းတွေအများကြီးကိုပင်
ပန်းမှုထက်ဝက်လျှော့ချပြီးချက်နိုင်ပါပြီ
ချက်ဟင်းအော်ဒါတွေမတင်တာကြာလို့မချက်တော့ဘူးလားလို့မေးကြသူတိုင်းကိုသတိတရရှိပေးလို့ကျေးဇူးတင်ပါတယ်
ချက်ပါတယ်ရှင်
အမှာရှိသမျှနေ့စဥ်ချက်ပို့ပါတယ်
ဒီနေ့တော့ချက်ချင်းချက်
ချက်ချင်းပို့ချက်ပေးပြီးပို့နေပါပြီ
ရန်ကုန်မြို့တွင်းနေ့ချင်းချက်ဟင်းလျာတွေ
ချက်ပို့ပါတယ်
နေ့လယ်၁၂နောက်ပိုင်းပို့လို့ရရင်အဆင်ပြေပြေပို့ပါတယ်ရှင်
ဒီအမှာလေးကတော့ငါးပြေမအချဥ်ဆီပြန်
ငါးဖယ်ငံပြာရည်ကြော်ပါ
မေတ္တာစာကတော့ရာသီစာမုန်လာဥချဥ်ရည်ဟင်းပဲဖြစ်ပါတယ်
စားကောင်းပါစေရှင်
အားပေးမှုကိုအမြဲကျေးဇူးတင်ပါတယ်🥰

No comments:

Post a Comment