ခုနောက်ပိုင်းမြန်မာပြည်မှာ အပြေးအားကစားကို စိတ်ဝင်စားတဲ့သူတွေ များလာတာကိုတွေ့ရမှာပါ။ အဲ့လိုပဲ အခုမှအပြေးကိုစပြေးမဲ့သူတွေအတွက် ဘယ်လိုဖိနပ်ကိုဝယ်ရမလဲဆိုတာ ပြဿနာတစ်ခုပါပဲ။ ပိုက်ဆံသုံးနိုင်တဲ့သူတွေအတွက်တော့ ဖိနပ် ၃-၄ ရံဝယ်လဲ ဘာမှမဖြစ်သွားပေမဲ့ တချို့သူတွေအတွက်ကတော့ သေချာစဉ်းစားဆုံးဖြတ်ပီးမှ ဖိနပ်တစ်ရံဝယ်ရတဲ့အတွက် အဝယ်မမှားဖို့ လိုပါတယ်။
ပိုက်ဆံတတ်နိုင်သူအတွက်လဲ ဖိနပ်တွေသာများသွားတယ် မိမိနဲ့ကိုက်တဲ့ဖိနပ်မျိုးမဟုတ်ပဲ စီးပီးပြေးနေမယ်ဆိုရင် injury အလွယ်ရတာမျိုးနဲ့ performance တက်မလာတာမျိုးတွေ ကြုံရနိုင်ပါတယ်။အဲ့အတွက်ကြောင့် ကိုယ်နဲ့ကိုက်မဲ့ဖိနပ်တစ်ရံကို ဘယ်လိုရွေးရမလဲဆိုတာ သိဖို့လိုလာပါတယ်။
- ပထမအချက်ကတော့ ပိုက်ဆံပေါ့နော် ကိုယ်ဘယ်လောက်သုံးမလဲဆိုတော့ ပမာဏတစ်ခုကိုသတ်မှတ်ပီးမှ ရှာရပါမယ်။ ပြည်တွင်းကလူတွေကတော့ နိုင်ငံခြားက ဒစ်စကောင့်ချတဲ့အချိန်မှာ OS က တင်တာတွေထဲက ရွေးချယ်ဝယ်ယူလို့ရပါတယ်။
- နောက်အချက်ကတော့ running shoes တွေမှာ Daily, Tempo, Speed, Long Run, Recovery စတဲ့အချက်တွေနဲ့ရွေးရတဲ့ ဖိနပ်တွေထပ်ရှိပါသေးတယ်။ အဲ့အတွက်ကြောင့် beginner တွေအတွက်ဆိုရင် daily ပုံမှန်ပြေးဖို့ရာထဲကပဲ အရင်စဉ်းစားသင့်ပါတယ်။ အခုမှစပြေးတဲ့သူတွေအတွက် pace အရမ်းမကောင်းသေးတဲ့အချိန်မျိုးမှာ race day shoes လို့ခေါ်တဲ့ carbon plates ပါတဲ့ ဖိနပ်လိုမျိုးတွေကို အဝယ်မမှားဖို့လိုပါတယ်။
- နောက်တစ်ချက်ကတော့ မိမိရဲ့ ခြေထောက် size အမှန်ကိုသိဖို့လိုပါတယ်။ ဘယ်လိုတိုင်းရမလဲဆိုတော့ အရှည်ဆုံးခြေချောင်းကနေမှ ဖနောင့်ထိအကွာအဝေး cm ကိုတိုင်းရပါတယ်။ ဘယ်ဖိနပ်ကိုဝယ်ဝယ် cm အတိုင်းကိုသာ ကြည့်ဝယ်မှ အမှန်ရပါတယ်။ ဘာလို့လဲဆိုတော့ brand တစ်ခုနဲ့ တစ်ခုမှာ US size, JPN size နဲ့ UK size တွေဟာ မတူညီကြပါဘူး။
- နောက်တစ်ချက်ကတော့ မိမိရဲ့ခြေဖဝါးက ဗျက်ကြီးလား၊ ပုံမှန်ပဲလား၊ သွယ်တဲ့ထဲပါလားဆိုတာပါ သိဖို့လိုပါတယ်။ အဲ့ဒါမှသာ ခြေဖဝါးကြီးတဲ့သူက wide shoes တွေကိုရွေးသင့်ပီး သွယ်တဲ့သူကလဲ wide shoes ဖိနပ်တွေကိုရှောင်ဝယ်ကြရမှာပါ။
တစ်ခုထပ်သိဖို့လိုတာက မိမိရဲ့ ခြေဖဝါးကဘယ်လိုအမျိုးအစားထဲပါသလဲဆိုတာပါပဲ။ ခြေဖဝါးမှာ အကြမ်းဖျင်း ၃ မျိုးရှိပါတယ်။ (၁) High Arch ခြေဖဝါး မောက်တဲဲ့အမျိုးအစား (၂) Normal Arch ခြေဖဝါးဟာ ပုံမှန်အနေအထားရှိတဲ့အမျိုးအစားနဲ့ (၃) flat foot လို့ခေါ်တဲ့ ခြေဖဝါးအတွင်းဟာ ချိုင့်ပုံစံမဖြစ်နေပဲ ပြည့်နေတာမျိုးရှိတဲ့ ခြေထောက်အမျိုးအစားကိုခေါ်တာပါ။
မိမိခြေဖဝါးက ဘယ်လိုအမျိုးအစားလဲဆိုတာကို အိမ်မှာပဲ အလွယ်တကူစမ်းလို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ မိမိခြေထောက်ကို ရေစိမ်ပီးနောက် စက္ကူတစ်ရွက်ပေါ်မှာ မတ်တပ်ခနရပ်ပီးဖယ်လိုက်ရင် စက္ကူပေါ်မှာကျန်ခဲ့တဲ့ မိမိခြေရာပေါ်မှာမူတည်ပီး ရွေးချယ်လို့ရပါတယ်။
အဲ့အတွက်ကြောင့် ခြေဖဝါးအမျိုးအစားပေါ်မူတည်ပီးမှ ဖိနပ်ကိုထပ်ပီးရွေးချယ်ရပါအုံးမယ်။
- High Arch အမျိုးအစားတွေအတွက် cushioning ကောင်းတဲ့ဖိနပ်မျိုးတွေသုံးသင့်ပါတယ်။ နောက်ပီးဒီလိုခြေဖေဝါးအမျိုးအစားသမားတော်တော်များများဟာခြေထောက်က အတွင်းကိုခွင်တဲ့အမျိုးအစားရှိကြတာမလို့ပါ။
- Normal Arch အမျိုးအစားတွေအတွက်ကတော့ရွေးချယ်စရာများတဲ့အထဲပါပါတယ်။ ဒီလိုလူတွေအတွက်ကတော့ stability ကောင်းတဲ့ ဖိနပ်တွေကို ပိုပီးတော့မှ recommend ပေးပါတယ်။
- Flat Feet သမားတွေအတွက်ကတော့ stability ကောင်းတဲ့ဖိနပ်မျိုးနဲ့ motion-control shoes တွေထဲက ရွေးချယ်သင့်ပါတယ်။
နိုင်ငံခြားမှာဆိုရင်တော့ ကိုယ်ကြိုက်တဲ့ brand ဆိုင်ကိုသွားလို့ ကိုယ်နဲ့ကိုက်ညီမဲ့ဖိနပ် မရွေးချယ်တတ်ရင် သူတို့ရဲ့ဝန်ထမ်းအကူအညီနဲ့ gait analysis လုပ်တာမျိုးတွေ treadmill ပေါ်မှာခြေဗလာနဲ့ ပြေးတာတွေလုပ်ပီး ရွေးချယ်ပေးပါတယ်။ ပြည်တွင်းမှာရှိတဲ့သူတွေကတော့ အပေါ်ကလိုအချက်တွေကို အခြေခံထားပီးမှ မိမိနဲ့ကိုက်ညီမဲ့ ဖိနပ်တစ်ရံကို ရွေးချယ်ဝယ်ယူသင့်ပါတယ်…
နောက်ဆုံးတစ်ချက်အနေနဲ့ အပိတ်ပြောချင်တာကတော့ Premium quality တို့ First Copy ဆိုတဲ့ ဖိနပ်တွေဟာ အပြေးလောကမှာကတော့ အတုလို့ပဲခေါ်ပါတယ် လုံးဝ(လုံးဝ) ကိုမဝယ်ပါနဲ့…
အဆင်ပြေကြပါစေဗျ….
No comments:
Post a Comment