Wednesday, December 10, 2025

အတော်ဆုံး စစ်သူကြီးဟာ စစ်မတိုက်ဘဲ စစ်နိုင်တဲ့သူပါ

ဒီနေ့ Sun Tzu ရဲ့ "The Art of War" အကြောင်း Video လေးတစ်ခု ပြန်ကြည့်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က စစ်သူကြီးတစ်ယောက် ရေးခဲ့တဲ့ စာအုပ်ဆိုပေမယ့် ဒီနေ့ခေတ် Business လုပ်နေတဲ့သူတွေ၊ Career တည်ဆောက်နေတဲ့ လူငယ်တွေအတွက် အရမ်းမှန်ကန်တဲ့ "Realization" တစ်ခုကို သွားတွေ့တယ်။

Sun Tzu ပြောတဲ့ အကျော်ကြားဆုံး စကားတစ်ခွန်းရှိတယ်။
"Supreme excellence consists of breaking the enemy's resistance without fighting."
(အထူးချွန်ဆုံးသော စစ်ဆင်ရေးဆိုတာ ရန်သူနဲ့ တိုက်ခိုက်နေစရာမလိုဘဲ အနိုင်ယူခြင်းပါပဲ)။
ခုနောက်ပိုင်းစာတွေတော်တော်လေးဖတ်ဖြစ်ပြီး ပြန်လည်းတွေးဖြစ်တယ်။ ဒီစကားကမှာ အတွေးတစ်ခုရလိုက်တယ်။​
ကျွန်တော်တို့ လူငယ်တွေ၊ လုပ်ငန်းလုပ်တဲ့သူတွေကတွေက "ပြိုင်ဆိုင်မှု" (Competition) ကို "တိုက်ပွဲ" လို သဘောထားကြတယ်။
သူများက ဈေးလျှော့ရင် ကိုယ်က လိုက်လျှော့တယ်။
သူများက Feature သစ်ထည့်ရင် ကိုယ်က လိုက်ထည့်တယ်။
ဒါက Sun Tzu အလိုအရဆိုရင် "မပြည့်စုံတဲ့ စစ်ဆင်ရေး" ပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ရောသူရော အထိနာလို့ပါ။
တကယ့် Strategy သမားက "စစ်မတိုက်ဘဲ" နိုင်အောင် ကြံစည်ပါတယ်။
Business မှာ: သူများတွေ လိုက်မလုပ်နိုင်တဲ့ ကိုယ်ပိုင်လမ်း (Unique Value) ကို ဖောက်ထွက်တာ။
Career မှာ: သူများတွေနဲ့ တူညီတဲ့ Skill တွေလိုက်ပြိုင်နေမယ့်အစား၊ ကိုယ်တစ်ယောက်တည်းသာ ကျွမ်းကျင်တဲ့ ရှားပါး Skill (Niche Skill) ကို မွေးမြူတာ။ ခုဆို AI မလုပ်နိုင်တဲ့ အပိုင်းတွေကို တာဝန်ယူနိုင်တာ။ ကျွန်တော့်အသိ Professional တွေဆိုလည်း တော်တော်လေး ထူးချွန်တဲ့ သာမာန်မဟုတ်တဲ့ နေရာတစ်ခုထိကို ရောက်အောင်လေ့လာသွားကြတာမျိုးပါ။
ပြိုင်ဘက်နဲ့ တိုက်ခိုက်နေရပြီဆိုကတည်းက ခင်ဗျားရဲ့ Strategy မှာ တစ်ခုခု လိုအပ်နေပါပြီ။ တကယ့်အနိုင်ရသူတော်တော်များများက "ပြိုင်ဘက်မရှိတဲ့ နေရာ" (Monopoly) ကို ဖန်တီးယူသူတွေပါ။
နောက်ထပ် စကားတစ်ခွန်းကတော့
"If you know the enemy and know yourself, you need not fear the result of a hundred battles."
(သူ့ကိုသိ၊ ကိုယ့်ကိုသိရင် စစ်ပွဲတစ်ရာတိုက်လည်း ရှုံးစရာမရှိဘူး)။
Know Yourself: ငါ့ရဲ့ အားသာချက်က ဘာလဲ? (Coding လား? Management လား?)
Know the Enemy: ဈေးကွက် (Market) က ဘာလိုချင်နေတာလဲ? Trend က ဘယ်ကိုသွားနေတာလဲ? ဘာတွေက အလုပ်ရများတာလဲ ?
ကိုယ့်ကိုကိုယ်သိပေမယ့် ဈေးကွက်ကို မသိရင် ရှုံးမယ်။
ဈေးကွက်ကို သိပေမယ့် ကိုယ့်Skill မမီရင်လည်း ရှုံးမှာပါပဲ။
ဒါကြောင့် "ကြိုးစားရင် ဖြစ်တယ်" ဆိုပြီး မျက်ကန်းတစ္ဆေမခြောက်ပါနဲ့။
Strategy ကောင်းကောင်းနဲ့ "သူ့ကိုသိ ကိုယ့်ကိုသိ" ပြင်ဆင်ပြီးမှ လောကထဲကို ဝင်ပါ။
စစ်တိုက်ကောင်းသူ မဖြစ်ပါစေနဲ့။
စစ်မတိုက်ဘဲ အနိုင်ယူတတ်တဲ့သူ ဖြစ်ပါစေဗျို့

No comments:

Post a Comment