ဒီနေ့ အသိတစ်ယောက်နဲ့စကားပြောဖြစ်တော့ သူမေးတာက Role Model က ဘယ်သူလဲတဲ့၊ ကျွန်တော့်ရဲ့ Role Model က Elon Musk တို့၊ Steve Jobs တို့ မဟုတ်ပါဘူး။ Lee Kuan Yew ပါ။
သူ့ကို အားကျတာက စင်ကာပူကို တည်ဆောက်ခဲ့လို့ ဆိုတာထက်၊ သူ့ရဲ့ Way of Thinkingကြောင့်ပါ။
လူငယ်တစ်ယောက်အနေနဲ့ အလုပ်တွေစလုပ်တုန်းက Passion က အဓိကလ်ို့ထင်ခဲ့တာ။
ဒါပေမဲ့ LKY ရဲ့ စကားတစ်ခွန်းကို ဖတ်မိပြီးတဲ့နောက်မှာ ကျွန်တော့်အမြင် ပြောင်းသွားတယ်။
"Poetry is a luxury we cannot afford..." (ကဗျာဆန်တာတွေက ကျွန်တော်တို့ မတတ်နိုင်တဲ့ ဇိမ်ခံပစ္စည်းတွေပါ) တဲ့။
ဒီစကားက ကျွန်တော့်ကို ပါးရိုက်လိုက်သလိုပါပဲ။
ကျွန်တော် သဘောပေါက်လိုက်တာက -
လောကကြီးမှာ "ငါ ဘယ်လောက် ခံစားချက်ပြင်းထန်လဲ" ဆိုတာက အရာမဝင်ပါဘူး။ "ငါ ဘယ်လောက် အလုပ်ဖြစ်အောင် လုပ်နိုင်လဲ" (Does it work?) ဆိုတာကပဲ အဆုံးအဖြတ် ဖြစ်နေတာပါ။
အဲဒီနေ့ကစပြီး...
ပြဿနာတစ်ခုတက်ရင် ဖြစ်လာတဲ့ပြသနာတွေကိုဘယ်သူမှားလဲ လို့ ခံစားချက်နဲ့ မရှာတော့ဘူး။ ဘယ်လိုဖြေရှင်းမလဲ လို့ နည်းလမ်းပဲ ရှာတော့တယ်။
အလုပ်တစ်ခုလုပ်ရင် ငါကြိုက်လား ထက် ဒါက လက်တွေ့ကျလား ကိုပဲ ဦးစားပေးတော့တယ်။
ရလဒ် (Result) ထွက်ဖို့ဆိုတာ စိတ်ကူးယဉ်နေရုံနဲ့ မရဘဲ၊ ခံစားချက်တွေကို ဘေးဖယ်ပြီး ရက်စက်တဲ့အထိ လက်တွေ့ကျမှ ရနိုင်မယ်ဆိုတာ... ကျွန်တော် လက်ခံလိုက်ရတဲ့ အမှန်တရားတစ်ခုပါ။
No comments:
Post a Comment