သူမက သူ့ကိုထားခဲ့ပြီး ထွက်သွားမယ်ဆိုတော့
Pablo Picasso ဟာ သူမမျက်နှာကိုကြည့်ပြီး
လှောင်ရာယ် ရာယ်ကာ
“ Picasso ကို ဘယ်သူမှ မစွန့်ခွါရဘူး “
ဒါပေမဲ့ သူမ စွန့်ခွါခဲ့တယ်။
Françoise Gilot ဟာ သူ့ကိုစွန့်လွှတ်ပြီး ထွက်ခွါသွားတဲ့
တဦးတည်းသော မိန်းမသားပါ။
ဆယ်စုနှစ်များစွာ Picasso ဟာ
သူ့ရဲ့ကြမ်းတမ်းစွာဆက်ဆံတဲ့ပုံစံအတိုင်း
မိန်းမတိုင်းကို ဆက်ဆံခဲ့တယ်။
သူဟာ ငယ်ရွယ်ပြီး
ပါရမီရှိတဲ့အမျိုးသမီးတယောက်ကို ရှာတွေ့ပြီဆိုရင်
သူမကို လွှမ်းမိုးချုပ်ကိုင်တယ်
စိတ်ဒဏ်ရာပေးပြီး ဘဝကိုကြေကွဲစေတယ်
ပြီးရင် နောက်တယောက် ပြောင်းတယ်။
အချို့အမျိုးသမီးတွေ လုံးဝမရှင်သန်နိုင်တော့ဘူး။
Marie-Thérèse Walter ဆို
သူ့ကိုယ်သူ သတ်သေသွားတယ်၊
Dora Maar ဆို စိတ်ရောဂါကုသဆောင်မှာ
နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရတယ်။
Jacqueline Roque ဆိုလည်း Picasso ကွယ်လွန်ပြီးနောက်
၁၃ နှစ်အကြာမှာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ပြန်ပစ်ပြီး
သေဆုံးရပြန်တယ်။
Picasso က တကြိမ်မှာ ပြောဖူးတယ်။
မိန်းမတွေဟာ “ နတ်သမီး “ ဖြစ်ရင်ဖြစ်
ဒါမှမဟုတ်ရင်တော့ “ ခြေသုတ်ဖုံပဲ “ တဲ့။
အဲလိုနဲ့ သူဟာ Françoise နဲ့ ဆုံတွေ့ခဲ့တယ်။
၁၉၄၃ ခုနှစ်
ပဲရစ်မြို့ နာဇီလက်အောက်ရောက်နေတဲ့အချိန်၊
သူမဟာ ၂၁ နှစ်အရွယ် အနုပညာကျောင်းသူ၊
ထက်မြက်တဲ့အမြင်နဲ့ သံမဏိစိတ်ဓါတ် ရှိသူ။
Picasso က ပြောတယ် “ ငါ မင်းအဖေ ဖြစ်နိုင်တယ် “
သူမ ပြန်ပြောလိုက်တယ် “ မဖြစ်နိုင်ဘူး “
၁၀ နှစ်လုံးလုံး သူမဟာ သူ့နံဘေးမှာပဲ နေခဲ့တယ်။
သူနဲ့အတူ ပန်းချီဆွဲတယ်၊
သူ့အတွက် ကလေး ၂ ယောက် မွေးပေးခဲ့တယ်။
သူမဟာ အခြားအမျိုးသမီးတွေ
မပြောရဲကြတဲ့ အမှန်တရားကို မြင်ခဲ့တယ်။
သူဟာ သူချစ်တဲ့အရာတွေကို ဖျက်ဆီးခဲ့တယ်။
ဒီလိုနဲ့ နှစ်တွေညောင်းလာတော့
ကောင်းခြင်းမင်္ဂလာတွေ ပြိုအက်လာတယ်။
စကားပြောလိုက်တိုင်း အာဏာလုပွဲ ဖြစ်လာတယ်။
တိတ်ဆိတ်မှုတိုင်းဟာ စိတ်ပိုင်းဆိုင်ရာစစ်ပွဲအဖြစ်
ကူးပြောင်းလာတယ်။
သူဟာ သူမရဲ့အနုပညာကို အထင်သေးလာတယ်၊
သူမအချစ်ကို အခြားစုံတွဲတွေနဲ့ နှိုင်းယှဉ်လာတယ်၊
သူ့ကို အကြွင်းမဲ့သစ္စာရှ်ိဖို့ တောင်းဆိုလာတယ်။
အမျိုးသမီးအများစုဟာ
အဲလို ဝန်ထုပ်ဝန်ပိုးထမ်းလာရရင်
ပြိုကွဲပျက်စီးကြတယ်။
ဒါပေမဲ့ Françoise က အဲလိုမဟုတ်ခဲ့ဘူး။
၁၉၅၃ ခုနှစ် မနက်ခင်းတခုမှာ
ပင်ပမ်းနွမ်းနယ်ပြီး
အသက် ၃၂ နှစ်သာရှ်ိသေးတဲ့ သူမဟာ
ကိုယ်ပုံကို မှန်ထဲမှာ ပြန်ကြည့်လိုက်တယ်။
သူ့ရဲ့ပန်းချီကားတွေ ပတ်ပတ်လည်ဟာ
သူမကို ဝိုင်းကြည့်နေသလို ခံစားရတယ်။
သူမ Picasso ဖက်လှည့်ပြီး ပြောလိုက်တယ်။
“ ကျမ ထွက်သွားတော့မယ် “
Picasso က အေးစက်စက်နဲ့ မယုံကြည်သလို
ရာယ်မောပြီး
“ Picasso ကို ဘယ်သူမှ မစွန့်ခွါရဘူး “
သူ အဲလိုပြောဆိုနေပေမဲ့ Françoise ဟာ
သူမရဲ့ ကလေးတွေကို ခေါ်
အဝတ်တွေ သေတ္တာထဲထည့်ပြီး ထွက်ခွါသွားခဲ့တယ်။
အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်ပဲ
ထွက်ခွါသွားခဲ့တယ်။
နောက်ပြန် တချက်လေးတောင် လှည့်မကြည့်တော့ဘူး။
သူမ ကိုယ့်ဘဝ ကိုယ်ပြန်တည်ဆောက်ခဲ့တယ်။
မနားတမ်း ပန်းချီကားတွေချည်း ရေးဆွဲခဲ့တယ်။
သားသမီးတွေကို ကိုယ်အားကိုယ်မွေး ပျိုးထောင်ခဲ့တယ်။
ဒီလိုနဲ့ ၁၉၆၄ ခုနှစ်မှာ
Life with Picasso ဆိုတဲ့
မကွယ်မဝှက် အမှန်အတိုင်း ရေးသားထားတဲ့
သူမတို့ရဲ့အတ္တုပတ္တိစာအုပ်ကို ထုတ်ဝေခဲ့တယ်။
အဲဒီစာအုပ်ဟာ အနုပညာလောကကြီး တခုလုံးကို
တုန်လှုပ်စေခဲ့တယ်။
Picasso က တားမြစ်ဖို့ ကြိုးစားခဲ့ပေမဲ့
သူ မအောင်မြင်ခဲ့ဘူး။
Françoise က ဒီစာအုပ်ကို ရေးခဲ့တဲ့အကြောင်းရင်းတခု
ရှိတယ် လို့ပြောခဲ့တယ်။
“ သူ့ကို ထားပစ်နိုင်တယ်၊ သူ့ရန်က လွတ်မြောက်နိုင်တယ်
ဆိုတာ အမျိုးသမီးတွေ သိစေချင်လို့ပါ “
နောက်ပိုင်းမှာတော့ Françoise ဟာ
ပိုလီယိုကာကွယ်ဆေးကို ရှာဖွေတီထွင်ခဲ့တဲ့
သိပ္ပံပညာရှင် Jonas Salk နဲ့အတူ
အချစ်သစ် ပြန်လည်မွေးဖွါးခဲ့တယ်။
“ Picasso က ကမ္ဘာကြီးကို လွှမ်းမိုးချင်တာ “
“ Jonas ကတော့ ကမ္ဘာကြီးကို ကုသပေးချင်တာ “
လို့ Françoise ကဆိုတယ်။
သူမရဲ့အနုပညာဟာ တောက်ပလာခဲ့တယ်။
သူမရဲ့ လက်ရာတွေထဲက
Met, MoMA, Pompidou တို့ဟာ ချိတ်ဆွဲပြသခံခဲ့ရတယ်။
Picasso ကြောက်တဲ့အတိုင်း စိုးရိမ်တဲ့အတိုင်း
သူမ ဖြစ်လာတယ်။
သူ့ရဲ့အရိပ်အောက်မှာ မနေပဲနဲ့
သူမဟာ သူ့ဒူးသူချွန်ပြီး တောက်ပလာတဲ့
အနုပညာသမားတယောက် ဖြစ်တယ်။
Picasso ဟာ အသက် ၉၁ အရွယ်
၁၉၇၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်။
သူဟာ ချမ်းသာတယ် အာဏာရှ်ိတယ်
ဒါပေမဲ့ အထီးကျန်ခဲ့တယ်။
Françoise ကတော့
အသက် ၁၀၁ နှစ်အရွယ်ထိ နေခဲ့တယ်။
Picasso ကွယ်လွန်ပြီးနောက်
နှစ် ၅၀ ကြာအထိ အသက်ရှင်ခဲ့တယ်။
အဲဒီနှစ် ၅၀ လုံးလုံး
ပန်းချီဆွဲခြင်း သင်ကြားပို့ချခြင်း လှုံ့ဆော်ပေးခြင်း
တို့ကို ဆက်လက်လုပ်ကိုင်ခဲ့တယ်။
သူမဟာ ကိုယ့်ဘဝ ကိုယ်ဖန်တီးသူ ဖြစ်တယ်။
သူမဘဝရဲ့ နောက်ဆုံးအချိန်မှာ
Picasso ကို စွန့်ခွါနိုင်ဖို့သတ္တိ ဘယ်လိုရှာတွေ့ခဲ့လဲ
လို့အမေးခံခဲ့ရတယ်။
သူမက ပြုံးရင်းပြန်ဖြေခဲ့တယ်။
“ ဘာလို့လဲဆိုတော့ လွတ်လပ်မှုကသာ
ထိန်းသိမ်းထားသင့်တဲ့
တခုတည်းသော ချစ်ခြင်းမေတ္တာမို့လို့ပဲ ”
Pablo Picasso ဟာ
သူ ထိတွေ့ခဲ့တဲ့ အမျိုးသမီးတိုင်းကို ဖျက်ဆီးခဲ့တယ်။
ဒီတယောက်က လွဲလို့ပေါ့။
Françoise Gilot ဟာ
သူ့လက်ကနေ လွတ်မြောက်ရှင်သန်ရုံသာမက —
သူ့ထက် ပိုအသက်ရှည်ခဲ့တယ်၊
သူ့ထက် ပိုကြီးထွားလာခဲ့တယ်၊
ပြီးတော့ သူ့ထက် ပိုတောက်ပခဲ့တယ်။
No comments:
Post a Comment