ပထမဆုံး ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး
ချင်း - ၄ ပြား
နာနတ်ပွင့် - ၁ ပွင့်
သစ်ကြံပိုးခေါက် - လက်တဆစ်
ထည့်ပြီးမွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ မီးအားနည်းနည်းပဲ ထားပေးပါ။ မွှေးလာပြီဆိုရင် ကြက်ပေါင် တွေထည့်ပြီး အရောင်ပြောင်းတဲ့အထိ ကြော်ပေးရမှာဖြစ်ပါတယ်။ ကြက်အရေခွံတွေ အရောင်ပြောင်းမွှေးလာပြီဆိုရင်
ကြက်သွန်မြိတ် - ၂ ချောင်း
သကြားခဲ - ၆ ပွင့် (ရိုးရိုးသကြားသုံးရင် ၁ ဇွန်း စားပွဲတင်ဇွန်း ဆိုရင် ရပါတယ်)
ပဲငံပြာရည်အကြည် - ၄ ဇွန်း (စားပွဲတင်ဇွန်း)
ပဲငံပြာရည်အပျစ် - တဝက် (စားပွဲတင်ဇွန်း)
ထည့်ပေးပါ။ ရေကို ကြက်သားတဝက်လောက်မြှုပ်ရုံပဲထည့်ပေးပါ။ အဖုံးပိတ်ပြီး မီးအေးအေးနဲ့ မိနစ် ၂၀ လောက်ချက်ပေးပါ။ ဒယ်အိုးအောက်ခြေမှာ မကပ်စေဖို့တော့ မကြာခဏ မွှေပေးပါ။
ကြက်သွန်မြိတ်ကို ဆယ်ထုတ်ပေးပါ။
ပြီးရင် မီးအားမြှင့်ပြီး ရေခမ်းတဲ့အထိ ချက်ပေးပါ။
(မူရင်းချက်နည်းမှာ ရေခမ်းအောင်မတည်ဘဲ ရေအနည်းငယ်ရှိသေးတဲ့အထိ ချက်ပါတယ်)
ရေခမ်းပြီး ဆော့စ်ပျစ်ပျစ်လေးရပြီဆိုရင် သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
ပုံက ဂူဂယ်ကိုပြင်ခိုင်းထားတာပါခင်ဗျာ။
No comments:
Post a Comment