နဂါးနိုင်မင်းဆိုတာ အမေရိကန်မဟုတ်ပါဘူး။ တကယ့်နဂါးနိုင်မင်းအစစ်က ဂျပန်ပါ။
အမေရိကန်လို ကိုယ့်အတွက်အမြတ်ချည်းသီးသန့်ကျန်မှ ရင်းနှီးမြုပ်နှံတတ်တဲ့ နိုင်ငံက သူ့ရဲ့စီးပွားရေးကို
ထိခိုက်နိုင်တဲ့ စွန့်စားမှုကို ဘယ်တော့မှမလုပ်ပါဘူး။ ဂျပန်ဟာ
ခုလို သူ့ရဲ့ကျောင်းတော်က
ရန်စရှိသူတွေ
သူ့ထက်ငါ စစ်ရေးပါဝါတွေထုတ်ပြနေတဲ့အချိန် သူ့ရဲ့ဇာတိသွေး ဇာတိမာန်ကို ထုတ်ပြချင်နေပါတယ်။ဒါကြောင့် ဒုတိယကမ္ဘာစစ်အပြီးကတည်းက ထိမ်းချုပ်ခံထားရတဲ့သူ့စစ်တပ်ကို ပါဝါတင်ဖို့ တရုတ်ကို ခြိမ်းခြောက်သူအဖြစ်ပုံဖော်လာနေပါတယ်။ ဒါကပဲငွေရင်းရှိတဲ့သူဆီကအမြတ်ရဖို့အမြဲချောင်းနေတဲ့ အမေရိကန်ရဲ့ခွင် ဖြစ်လာနေပါတယ်။
ဂျပန်ကလည်း ဘာနေနေ သူ့ရဲ့စစ်တပ်မြှင့်တင်ရေးမှာ
အမျိုးသားရေးစိတ်ဓါတ်ကို ဆွပေးရာကနေ ကန့်ကွက်သူ
မရှိအောင် ကြိုးစားမှာပါ။
ဒါကပဲ သမိုင်းအဆက်ဆက် သူ့ငယ်နိုင်နဂါးမင်းတရုတ်ကိုမခံချိမခံသာ အသုံးတော်ခံဘဝရောက်စေမှာဖြစ်ပါတယ်။
ထိုင်းနဲ့ခမာ ပြသနာမှာလည်း
ခမာအုပ်စိုးသူတွေအနေနဲ့ သူ့စစ်တပ်ရဲ့ပါဝါကို မြှင့်ချင်လာတာကြောင့်
ထိုင်းကို မထိတထိရော ထိထိမိမိရော
ဆွပေးနေတာဖြစ်တယ်။ ခမာတွေကလည်း သူတို့ရဲ့ကြောက်စရာကောင်းတဲ့လူမျိုးတုန်းတတ်ဖတ်မှုကြီးကြောင့်
စစ်တပ်ချဲ့ထွင်မှုကို ပိတ်ပင်ခံထားရတာပါ။ အခုထိုင်း၊ခမာနယ်စပ်မှာ စစ်ဖြစ်ကြတော့ ခမာအုပ်စိုးသူတွေက
အမေရိကန်ကို အမိအရပြေးကပ်ပါတယ်။ တကယ်တမ်း ထိုင်းနိုင်ငံထဲကိုသူတို့ ပစ်ခတ်နေတာက တရုတ်လုပ်ပစ္စည်းတွေရယ် ၊ရုရှပစ္စည်းတွေနဲ့ချည်းပါပဲ။ တကယ်တမ်းကျတော့
ခမာတွေရဲ့စစ်ရေးရည်မှန်းချက်အမှန်က နယ်မြေပိုင်ဆိုင်မှုဆိုတာထပ်
သူတို့ရဲ့ဆရာကြီးတွေပြောလို့ တိုက်ပွဲရပ်ရချိန်မှာ ဒီစစ်ပွဲကိုအကြောင်းပြပြီး သူ့စစ်တပ် ချဲ့ထွင်ခွင့်ရဖို့ဖြစ်ပါတယ်။ ချဲ့ထွင်ခွင့်လည်း ရလာနိုင်ပါတယ်။ ဘာလို့ဆိုရင် နိုင်ငံတနိုင်ငံအနေနဲ့ သူ့နိုင်ငံကို ကာကွယ်ဖို့ခေါင်း
စဥ်အောက်မှာ တရားဝင်ရုန်းကန်ခွင့်ရှိတာကြောင့်ပါ။အဲ့တာကြောင့် စစ်ပွဲစကတည်းက တရုတ်ကိုကျော်ပြီး
အမေရိကန်ရဲ့ ဖုန်းတစ်ကောကို လက်ခံခဲ့တာပါ။ တရုတ်နဲ့ရုရှက နဂိုကတည်းက သူ့ကိုလက်နက်ရောင်းနေပြီဖြစ်တာကြောင့် သူ့စစ်တပ်ချဲ့ထွင်ရင် အော်တို လက်ခံမယ့်နိုင်ငံတွေပါ။
လက်မခံဘဲ ကန့်ကွက်မယ့်သူက
အမေရိကန်ပဲရှိပါတယ်။ဒါကြောင့်
အမေရိကန်ဆီ ခေါင်းလေးပြေးဝှေ့
ပြီး ငိုပြနေကြတာပါ။ အမေရိကန်ကလည်း ခုချိန်မှာ ဝင်ငွေကိုပဲကြည့်တော့တဲ့ နိုင်ငံဆိုတော့ သူတို့ ပွဲပြီးရင်
ခမာတို့ စစ်တပ်ချဲ့ထွင်ရေး အိုခေပြီး
ထိုင်းတို့လည်း စိတ်လက်ချမ်းသာစွာ
နယ်စပ် စည်းရိုးခတ်ခွင့်ရသွားမယ်လို့
မြင်မိပါတယ်။
ဘာနေနေစစ်ပွဲတွေ ဖြစ်လာရင်တော့
တကယ်ထိခိုက် ဒုက္ခဖြစ်ကြရတာကတော့ ပြည်သူလူထုပါပဲ။
ကျနော်တို့လည်း တော်လှန်ရေးကို အပြီးသတ်ဖို့ နာကျင်ရမှာတွေလက်ကျန်ရှိနေပါ သေးတယ်။
မနေ့ကဆိုရင် ရခိုင်က ဆေးရုံကို ဗုံးကြဲခံရလို့ လသားကလေးအပါအဝင် လူ ၃၀ ကျော်သေဆုံးခဲ့ပါတယ်။ နိုင်ငံချင်းစစ်နဲ့ ပြည်တွင်းတော်လှန်စစ်က ပုံစံမတူ ဝေါဟာရမတူတာကြောင့် ကျနော်တို့မှာတော့
တရုတ်၊ရုရှ ၊အိန္ဒိယလိုနိုင်ငံကြီးတွေ
ကျောထောက်နောက်ခံပေးထားတဲ့
မအလစစ်တပ်နဲ့ယှဥ်ရင် မီးကျိုးမောင်းပြတ် အဆင့်ပဲ ရှိပါတယ်။
ဒါကြောင့်ပေးစရာလည်း ငွေမရှိ ၊ပြေးစရာလည်းမြေမရှိတဲ့ အခြေအနေမှာဥာဏ်ပညာကသာ အကောင်းဆုံး လက်နက်ပါပဲ။ ဒါကြောင့် ကျနော်တို့ရဲ့အခြေအနေနဲ့ ကျနော်တို့ရဲ့
ရေမြေကို ကာကွယ်ဖို့ အသက်တွေကို
လိုတာထပ်ပိုရင်း နေကြရတာပါ။
ဒါကြောင့်ပဲ ကျနော်တို့ဟာ ကျနော်တို့လိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးရဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားနေကြပါတယ်။ဒါကြောင့်
ကျေးဇူးပြုပြီး
စိတ်ဓာတ်ကျစရာ စကားတွေနဲ့
ဝေးဝေးနေပါရစေလို့ အသိပေးနှိုးဆော်အပ်ပါတယ်။
မဟာချို
No comments:
Post a Comment