စစ်တပ်ဟာ မြောက်ဦးဆေးရုံပေါ်ကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချပြီးတော့ သူ့ရဲ့ လူမဆန်တဲ့ ရက်စက်မှုကို မိုက်ရိုင်းရဲ တင်းစွာ ထပ်ပြလိုက်ပါတယ်။
ဆေးရုံတရုံအပေါ်ကို ဒီလိုဗုံးကြဲချတယ်ဆိုတာ တော်ရုံတန် ရုံလူဆိုရင် စဉ်းတောင် စဉ်းစားဝံ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မ လုပ်ရဲတာဘာမှမရှိဘူးလို့ကြွေးကြော်ထားကြတဲ့ လူဆိုး၊ လူ မိုက် စစ်ရာဇဝတ်ဂိုဏ်းကတော့ ဒါမျိုးလူမဆန်တဲ့ရက်စက် ယုတ်မာမှုတွေကို မြိန်ရေရှက်ရေနဲ့လုပ်ခဲ့၊ လုပ်မြဲ။ လုပ်နေဦးမှာပဲ။
ဒါပေမဲ့ ဒီမှတ်တမ်းတွေက ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ပါဘူး။ ပြည်သူတွေသွေးနဲ့ရေးထားရတဲ့မှတ်တမ်း တွေပါ။
နောက်ပြီး
ဒီဖြစ်ရပ်တွေက ဘာကိုအထင်အရှားပြနေလဲဆိုတော့ စစ် အာဏာရှင်တွေဟာ အဖြူ၊ အမည်း၊ ဗမာ၊ အညာ၊ ရခိုင်၊ ကရင်၊ ကချင် ဘယ်သူ့ကိုမှ ချမ်းသာပေးမှာ မဟုတ်ပါဘူး။ သူတို့ မပြိုမချင်းကတော့ ဒါမျိုးတွေ ဆက်ကြုံနေရမှာပဲ။ ဘယ်နေရာမှလဲ လွတ်မြောက်မှု၊ လွတ်လပ်မှု အစစ်အမှန်ကို ရမှာ မဟုတ်ပါဘူး။
စစ်ရေးပညာရှင်တယောက်ရေးခဲ့ဖူးတဲ့ စကားလေးတခုကို မှတ်စုထုတ်ထားဖူးတယ်။
“Liberating territoy is strategy; liberating a nation is freedom.”
နယ်မြေလွတ်မြောက်မှုဆိုတာ မဟာဗျူဟာပါ၊ နိုင်ငံ လွတ်မြောက်မှပဲ တကယ့်လွတိလပ်မှုဆိုတာရလာမှာပါတဲ့။
No comments:
Post a Comment