အင်္ဂလိပ်သုံ့ပန်းဖြစ်သွားရတဲ့ သီပေါမင်းရဲ့ဘ၀ကို
အထောက်ထားရေရာသေချာတဲ့ အေဒီ၁၁ရာစုကနေ
နောက်ဆုံးရှင်ဘုရင်အထိ အားလုံးကို စာရင်းလုပ်ရေ
တွက်စီစစ်တဲ့အခါ သီပေါဟာ ကံအကောင်းဆုံးဘုရင်
ဖြစ်ကြောင်း တွေ့ရှိရပါလိမ့်မယ်။
ကုန်းဘောင်ဆက် ၁၃၂နှစ်အတွင်းမှာ ရှင်ဘုရင်၁၁
ယောက်ဟာ အသီးသီးပျဉ်မျှခြင်းအားဖြင့်၁၂နှစ်စီအုပ်စိုးခဲ့ရာမှာ နန်းကျဘုရင်သီပေါဟာ ကံအကောင်းဆုံး
ဖြစ်ကြောင်း သူထက် ကံကောင်းသူ မြန်မာ့သမိုင်းရဲ့
ဘယ်ခေတ်မှာမှ မရှိခဲ့ကြောင်း တွေ့ရှိရပါလိမ့်တယ်။
သီပေါကိုအေဒီ၁၈၈၅ နိုဝင်ဘာ၂၉ရက်နေ့မှာ ဖမ်းဆီး
ပြီ ဂေါ်ဝိန်ဆိပ်ကနေ ရန်ကုန်ကိုခေါ်သွားတယ်။သီပေါနဲ့
အတူ ရန်ကုန်ကိုလိုက်ပါသွားသူတွေက သီပေါမယား
တွေဖြစ်တဲ့ စုဖုရားကြီး၊စုဖုရားလတ်၊စုဖုရားငယ်၊
ယောက္ခမ ဆင်ဖြူမရှင်၊၁၈၈၂ခုနှစ်မှာ မွေးတဲ့ သီပေါ
သမီးကြီးဖြစ်တဲ့ အရှင်ထိပ်စုမြတ်ဖုရားကြီး၊သမီးငယ်
အရှင်ထိပ်စုမြတ်ဖုရားလတ်၊နန်းတွင်းသူ၁၀ဦး၊မိန်းမ
ဖော်တွေနဲ့ ကလေး၅၀၊ ကင်းဝန်မင်း၊မြို့သစ်အတွင်းဝန်
၊ကျောက်မြောင်းအတွင်းဝန်အပါအဝင်မူးမတ်၈ဦးနဲ့မင်း
ယောက်ျား၅ဦး၊ စုစုပေါင်းအယောက်၈၀ပါသွားတယ်။
ဒီအဖွဲ့ဟာ ရန်ကုန်ကို ဒီဇင်ဘာ၅ရက်နေ့ ရောက်တယ်။
အဲဒီနောက် သီပေါဘုရင်ကိုပင်လယ်ကူးသင်္ဘောကန်နင်
(Canning)ပေါ်တင်ပြီး ဒီဇင်ဘာ၁၀ရက်နေ့မှာ ရန်ကုန်က
နေကာလကတ္တားကို ထွက်ခွာခဲ့ကြတယ်။ကာလကတ္တား
ကိုလိုက်ပါသွားသူတွေကတော့ သီပေါနဲ့ စုဖုရားလတ်၊စု
ဖုရားငယ် သမီးငယ်၂ယောက်၊နန်းတွင်းသူ၁၃ဦး၊ပုတိန်
ဝန်နဲ့ သူ့သားစုစုပေါင်းအယောက်၂၀ဖြစ်တယ်။အစောင့်
အရှောက်အနေနဲ့ Liverpool Regiment က တပ်ခွဲတစ်ခွဲ
လိုက်ပါပေးတယ်။ဆင်ဖြူမရှင် စုဖုရားကြီးနဲ့ နန်းတွင်း
သူ၁၂ယောက်ကိုအင်္ဂလိပ်အစိုးရက ထားဝယ်ကိုပို့ထား
လိုက်တယ်။ကင်းဝန်၊ကျောက်မြောင်းဝန်၊မြို့သစ်ဝန်တို့
ကတော့ မန္တလေးကိုပြန်လာတယ်။ သီပေါကိုသင်္ဘောနဲ့
မဒရပ်စ်(Madras)မပို့မီ ဘုရင်ခံချုပ်က ဒီဇင်ဘာ၆ရက်
နေ့ရက်စွဲနဲ့ သီပေါဘုရင်ကို လမ်းခရီးမှာ ဂုဏ်သရေရှိ
သော ပြုစုစောင့်ရှောက်ခြင်းနဲ့ခေါ်ဆောင်လာဖို့ အဲဒီ
ခေတ်က ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ သံကြိုးရိုက်ကာ
အမိန့်ပေးလို့သင်္ဘောပေါ်မှာ ကောင်းမွန်စွာပြုစုစောင့်
ရှောက်ခြင်းကိုခံယူရရှိခဲ့တယ်။သီပေါနဲ့အဖွဲ့ မဒရပ်စ်ကို
ဒီဇင်ဘာ၁၅ရက်နေ့ရောက်ရှိတော့ ရာဂျာ ဂါဂျပတ်တီ
ရာအို(Raja Gajapati Rao)ပိုင်တဲ့ The Mansion အမည်
ရှိတဲ့ စံအိမ်မှာကောင်းမွန်စွာထားတယ်။သီပေါကိုစောင့်
ရှောက်ကြည့်ရှုမယ့် တာဝန်ကိုတော့လက်ထောက်ပုလိပ်
ဗိုလ်ချုပ် လက်ဖ်တနင် ကာနယ် ကောင့်စ်(Lieut: Col: H.W.H Cox)က ယူရတယ်။လုံခြုံရေးအစောင့် ၁၇ဦးနဲ့
ပုလိပ်ရဲ ၂၇ယောက် က နေ့စဉ် စောင့်ရှောက်တယ်။
မဒရပ်စ်မှာရှိနေစဉ် ၁၈၈၆ မတ်လ၇ရက်နေ့မှာ စုဖုရား
လတ်က တတိယသမီးကိုမွေးတယ်။သီပေါဘုရင်ကို
Regulation III of 1818 အရ ဘုရင်ခံချုပ်က ဝရမ်း
(Warrant of Detention)ထုတ်ပြန်ပြီးအိန္ဒိယမှာထားတာ
ဖြစ်တယ်။ဒီဝရမ်းကို တစ်နှစ်တစ်ခါ ထုတ်ပြန်တယ်။
တရားဝင်ဖမ်းထားတယ်ဆိုတဲ့ သဘော။အဲဒီလိုမဒရပ်စ်
မှာရှိနေစဉ်မောင်သြဆိုသူကရောက်လာပြီးသီပေါနဲ့အဖွဲ့
မှာပါလာတဲ့ တောင်စင် မင်းသမီးဟာ သူ့မယားဖြစ်
ကြောင်း မြန်မာပြည်ကိုပြန်ခေါ်လိုကြောင်း၊တင်ပြတော့
သူ့တင်ပြချက်ကိုဘုရင်ခံချုပ်က ကာယကံရှင်ရဲ့ ဆန္ဒ
အတိုင်းဆောင်ရွက်နိုင်ကြောင်းပြန်ကြားတော့ တောင်
စင်မင်းသမီးလည်း မောင်သြနောက်အပြေးလိုက်သွား
ပါတယ်။သီပေါနဲ့ပါလာတဲ့လူတွေထဲက ကချင်အမျိုး
သမီး၇ဦးက မြန်မာပြည်ကိုပြန်လိုကြောင်းတင်ပြတော့
အင်္ဂလိပ်အစိုးရက S.S.Asia သင်္ဘောနဲ့ပြန်ပို့ပေးတယ်။
မဒရပ်စ်ကို လိုက်ပါခဲ့တဲ့ပုတိန်ဝန်ကလည်းသီပေါနဲ့
ရတ်နာဂီရိ(Ratnagiri=ရတနာဂီရိ)ကိုမလိုက်နိုင်ကြောင်း
တင်ပြပြီး မြန်မာပြည်ကိုပြန်လာခဲ့တယ်။ဒါ့ပြင်သီပေါနဲ့
အတူပါလာခဲ့တဲ့ မိုးညှင်းမင်းသမီးနဲ့ စကားပြန်ဖြစ်သူ
မောင်ကြီးတို့ ဇယားကပ်ပြီးကျူးကျူးလွန်လွန်တွေဖြစ်
ကုန်ကြတယ်။အဲဒီမှာသီပေါဟာ စိတ်ရှုပ်ပြီး လယ်ကိုင်း
ဝန်ကြီး၊မြို့သစ်အတွင်းဝန်နဲ့ကျောက်မြောင်းအတွင်းဝန်
တို့ကို သူ့ဆီစေလွှတ်ပေးဖို့အင်္ဂလိပ်အစိုးရကိုတင်ပြ
တော့ အစိုးရက သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့သဘောထားကို စုံစမ်းမေးမြန်းတဲ့အခါ အားလုံးက သီပေါဆီမသွား
လိုကြောင်းပြန်ကြားခဲ့ကြတာကြောင့် သီပေါခံစားခဲ့ရ
ပြန်တယ်။
အာဏာနဲ့ရိုသေမှု၊ချစ်ကြည်မှုတို့ကို တည်ဆောက်သူ
မှန်သမျှ အချိန်တန်ရင်ဒီပုံစံပဲပြန်လည်ခံစားကြရမယ်
ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။
စုဖုရားလတ်သမီးမျက်နှာမြင်ပြီးတဲ့နောက် သီပေါနဲ့
အဖွဲ့ကို ကပ္ပတိန်ပါ၀ဲလ်(Capt.Powell)ကိုယ်တိုင်မောင်း
နှင်တဲ့ S.S.Olive သင်္ဘောနဲ့ မဒရပ်စ်ကနေ ၁၈၈၆ခုနှစ်
ဧပြီ၁၀ရက်နေ့မှာ ထွက်ခွာလာခဲ့ရာ ရတ်နာဂီရိကို ဧပြီ
၁၆ရက်နေ့မှာရောက်ရှိကြတယ်။သီပေါနဲ့အဖွဲ့ကို
တောင်ပိုင်းတိုင်း မင်းကြီး ပရောပါ့တ်(W.H.Propert)
ကကြိုဆိုပြီး အသင့်ငှားထားတဲ့ Outram Hall အမည်ရှိ
အဆောက်အဦးနဲ့ Baker's Bungalow အမည်ရှိတဲ့
အဆောက်အဦးမှာ နေရာချပေးလိုက်တယ်။
ရတ်နာဂီရိမှာ သီပေါရဲ့လုံခြုံရေးအရာရှိက Fanshawe
ဆိုသူဖြစ်တယ်။အဲဒီလိုနေစဉ် ၁၈၈၈ခုနှစ်မှာ ထားဝယ်
မှာ ပုန်ကန်မှုဖြစ်ပေါ်လို့ထားဝယ်မှာရှိနေတဲ့ဆင်ဖြူမရှင်
စုဖုရားကြီးနဲ့ ကောလင်းမင်းသမီးတို့ကိုအင်္ဂလိပ်အစိုးရ
က ကာလကတ္တားကို တင်ပို့လိုက်တယ်။သူတို့ စနက်ကြောင့် ပုန်ကန်မှုဖြစ်မယ်ထင်ရတယ်။သူတို့ဟာ ကာလ
ကတ္တားကို ဒီဇင်ဘာ၁၀ရက်နေ့မှာရောက်ပြီး အဲဒီကနေ ရထားနဲ့ ဘုံဘေကို၊ဘုံဘေကနေ မော်တော်နဲ့ ရတ်နာဂီရိ
ကို ပို့တယ်။ဒါပေမဲ့ သီပေါလင်မယားနဲ့ ရေရှည်နေထိုင်
လို့မဖြစ်တာကြောင့် မြန်မာပြည်ကိုပြန်ခွင့်တောင်းတော့
အစိုးရကလိုက်လျောပြီး ဆင်ဖြူမရှင်တို့မြန်မာပြည်ကို
ပြန်လာတော့ဘောင်ဒရီလမ်းမှာနေထိုင်ကြတယ်။၁၉၀၀
ပြည့်နှစ်မှာတော့ မြန်မာ့သမိုင်းရဲ့ကုန်းဘောင်ဖွားစောလို့
ခေါ်ဆိုရလောက်အောင် ဆင်ဖြူမရှင် အအနိစ္စရောက်
သွားခဲ့တယ်။သီပေါ အိန္ဒိယမှာရှိနေစဉ်ကာလအတွင်းမှာ
သီပေါဆီက အကြွေးရလိုကြောင်း အင်္ဂလိပ်အစိုးရကိုတင်ပြတဲ့ အမှုပေါင်း၉၈မှုရှိခဲ့တာမှာ ၉၅မှုကမန္တလေးက
ဖြစ်နေတယ်။ဒီအကြွေးကေစ့်ကိုစစ်ဆေးဖို့အစိုးရက
W.W.Drew .I.C.S Colletor of Ratnagiri
V.V.Wagle First Class Subordinate Jude H.Deighton နဲ့ သီပေါလုံခြုံ ရေးတာဝန်ယူရတဲ့အဖွဲ့တို့
ပူးပေါင်းစစ်ဆေးတော့ ၉၈မှုမှာ ၁မှုပဲ တရားဝင်ဖြစ်ပြီး
ကျန်၉၇မှုကို တရားမဝင်လို့အဖွဲ့ကပယ်ချလိုက်တယ်။
ဖရက်ဒရစ် အဂ်လိုး(Frrederick Edgelow)ဆိုသူက
သီပေါဆီမှာ ငွေ၁သိန်းရလိုကြောင်းအမှုတစ်ခုကိုကြား
နာပြီး ၁သိန်းအစား ၇၂၀၀၀ကျပ်ရခွင့်ရှိကြောင်းဆုံး
ဖြတ်ပြီး ပထမပေးပြီးဖြစ်တဲ့ ၁၇၀၀၀နဲ့ နောက်ထပ်
အိန္ဒိယအစိုးရက ၅၅၀၀၀ကျပ်ပေးချေပြီးအပြီးသတ်
လိုက်တယ်။
အဲဒီလိုသီပေါဆီကအကြွေးရလိုကြောင်းပြဿနာတွေ
ကြောင့်အစိုးရဟာ Ex.King Thibaw's Act 1895 ကို
အတည်ပြုပြီး ရရန်ရှိတဲ့အကြွေးတွေကို၆လအတွင်း
တောင်းခံကြဖို့ထုတ်ပြန်ခဲ့တယ်။သီပေါကိုလစဉ်သုံးငွေ
သုံးသောင်းအသုံးစရိတ်ပေးပြီး ၁၈၉၆ဇန်နဝါရီလက
စပြီး သီပေါကို သူ့အိမ်ထောင်စုကိုအုပ်ချုပ်ခွင့်ပေးခဲ့
တယ်။
၁၉၀၆ သြဂုတ်လမှာ သီပေါဘုရင်အကုန်အကျအားလုံး
သုံးစွဲဖို့ နှစ်စဉ်ငွေ ၁သိန်းခွင့်ပြုခဲ့ပြီးသီပေါအတွက် အိမ်
သစ်ဆောက်ဖို့ ငွေ ၁၂၅၇၁၁ ကျပ်ခွင့်ပြုခဲ့တယ်။မြန်မာ
ပြည်နဲ့ စာသံကြိုး အဆက်သွယ်ပြုခွင့်ပေးတယ်။၁၉၀၆
နိုဝင်ဘာ၂၆ရက်နေ့မှာ သီပေါသမီးထိပ်စုမြတ်ဖုရားကြီး
က သီပေါအိမ်တံခါးမှူး အိန္ဒိယသား ဟာဗဲလ်ဒါ ဂိုပလ်
ဘဟာရို စ၀မ့်(Halvalder Gopal Bhaurao Sawant) နဲ့
ယူလိုက်ပြီး သုသု သို့မဟုတ် Tu Tu ခေါ် ဘာစူး(Baisu)
ဆိုတဲ့သမီး မျက်နှာမြင်တယ်။၁၉၁၂ ဇန်နဝါရီမှာစုဖုရား
လေး ကွယ်လွန်ပြီး ၁၉၁၆ အောက်တိုဘာ၁၀ရက်နေ့မှာ
အရှင်ထိပ်စုမြတ်ဖုရားလတ်က ခင်မောင်လတ်ဆိုတဲ့
သီပေါအစေးအပါးနဲ့ ခိုးရာလိုက်ပြေးတယ်။သီပေါဟာ
လည်း အဲဒီစိတ်နဲ့ပဲ ၁၉၁၆ ဒီဇင်ဘာ၁၅ရက်နေ့ညသန်း
ခေါင်မှာ နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တယ်။သုံပမ်းသက်
တမ်း၃၁နှစ်နဲ့၁၇ရက်အကြာမှာကွယ်လွန်ခဲ့တယ်လို့ဆို
နိုင်ပါတယ်။သူ့အသက် ၅၇နှစ်ပြည့်ဖို့ ၁၇ရက်ခန့်အလို
မှာ သူသေခဲ့တယ်။နန်းစံကာလအဖြစ်၇နှစ် ၁လနဲ့၂၇
ရက်ရှိခဲ့ပြီး သုံးပမ်းအဖြစ်(ဘုရင်ဖြစ်လို့ လေးစားသမှု
နဲ့ နန်းကျဘုရင်လို့သုံး)၃၁နှစ်ကျော်နေခဲ့ရတယ်။တ
ကယ်တော့ သီပေါဟာ ပုဂံခေတ်က တရုတ်ပြေးမင်း
ခေါ်တဲ့ နရပတေ့လို ကြိုးကိုင်ခြယ်လှယ်တဲ့အုပ်စုရဲ့
ရုပ်သေးအဖြစ်ကပြဖို့ ခေါ်ယူအသုံးတော်ခံခဲ့ရတဲ့ဘုရင်
တစ်ဦးဖြစ်ခဲ့ပြီးသူ့နန်းစံကာလ၇နှစ်ဟာအပင်းဆို့ရသ
လို ခါးသီးလွန်းပါတယ်။နရပတေ့ကိုကြိုးကိုင်တဲ့အုပ်စုကခြယ်လှယ်နန်းတင်ခဲ့ပေမယ့် နရပတေ့ရဲ့ပြန်ကိုင်ခြင်း
ကိုခံရပြီး ပုဂံပြည်ဇတ်သိမ်းသွားတဲ့ဥပမာအတိုင်းပဲဖြစ်
ခဲ့ပေမယ့် သီပေါကတော့ အနည်းငယ်ကွဲလွဲပါတယ်။
ကြိုးကိုင်တဲ့အုပ်စုကသတ်ဖြတ်ကာအာဏာသိမ်းပိုက်
နိုင်ခဲ့ပေမယ့် သီပေါရဲ့မယား စုဖုရားလတ်ကအားလုံးကို
ကြိုးကိုင်ကြိမ်တို့သွားတာကြောင့် အဆုံးမှာ တိုင်းပြည်
ရော လူမျိုးပါချောက်ခပ်နက်နက်ထဲကို ဆင်းသက်သွား
ခဲ့ရပါတယ်။
အာဏာ၊ရမ္မက်နဲ့ စည်းစိမ်အမျိုးမျိုးတို့နားခိုရာ ရွှေနန်း
တော်ကြီးထဲမှာ ဖြစ်ပျက်ခဲ့သမျှသော သြဇာလု၊အာဏာ
လု၊မယားလုကြတဲ့အဖြစ်သနစ်တွေရဲ့ရှည်လျားလွန်းတဲ့
ဇာတ်ထုတ်တစ်ခုဖြစ်ပါတယ်။နန်းတွင်းရေးဆိုတာနိုင်ငံ
ရေးပါ။အဲဒါကိုနိုင်ငံရေးအမြင်နဲ့မကြည့်ဘဲ အမျိုးသား
ရေးအမြင်နဲ့သွားကြည့်ရင်မှားနိုင်တယ်။
မရွယ်ဘဲ စော်ကဲဖြစ်ရတဲ့ အရည်အချင်းမရှိသူတစ်ဦး
ကို ပြစ်တင်မယ့်အစား စနစ်ကြီးနဲ့စနစ်ကြီးကိုယခုအထိ
လက်ခံထားနေတဲ့ အသိဥာဏ်နဲ့ စိတ်ဓါတ်ကိုအရင်ဆန်း
စစ်ဖို့အရေးကြီးပါတယ်။
အင်္ဂလိပ်က တိုက်ခိုက်သိမ်းပိုက်သူဖြစ်လို့ သူ့ရဲ့ကျွန်
စနစ်အတွက် ကာဗာယူတဲ့အနေနဲ့ ဗမာဘုရင်တွေညံ့
ကြောင်း၊နိမ့်ကြောင်း ရေးမှာပဲ။ဒါဟာ အာရဗ်၊အာဖရိ
က၊အာရှ၊ အမေရိကနဲ့တစ်ကမ္ဘာလုံးမှာသူတို့လုပ်ခဲ့တဲ့
အစဥ်အလာအလုပ်တစ်ခုဖြစ်လို့မဆန်းဘူး။အင်္ဂလိပ်
အမြင်ကို အမျိုးသားရေးအမြင်နဲ့ ချေပတာက မှားပါ
တယ်။ယူစရာသင်ခန်းစာ ပျောက်ဆုံးသွားနိုင်လောက်
အောင် ပြင်းထန်စွာဖန်တီးထားတဲ့အမျိုးသားရေးအမြင်
နဲ့ ရေးတဲ့သမိုင်းတွေက တိုင်းပြည်အတွက်အကျိုးမရှိ
တတ်ဘူး။
သီပေါနဲ့ သူ့ရဲ့ဒုတိယမယား စုဖုရားငယ်တို့ရဲ့အခေါင်း
တွေကို ၁၉၁၉ မတ်လ၂၁ရက်နေ့ ရတ်နာဂီရိမှာ ဂူသွင်း
မြုပ်နှံ့ခဲ့တယ်။သီပေါကွယ်လွန်ပြီးနောက်ပိုင်း စုဖုရား
လတ်နဲ့အဖွဲ့ကို သင်္ဘောနဲ့ ဘုံဘေကိုပို့ပြီး၊ဘုံဘေကနေ
တစ်ဆင့် မီးရထားနဲ့ကာလကတ္တားကိုပို့တယ်။ ကာလကတ္တားကနေ R.M.S(Royal Matchent Steamer)
Arankola သင်္ဘောနဲ့ ရန်ကုန်ကို ၁၉၁၉ ဧပြီလ၁၈ရက်
နေ့ရောက်ခဲ့ကြတယ်။
(ကြည့် - Deposed King Tibaw page,63)
အင်္ဂလိပ်အစိုးရဟာ သီပေါကို ဘုရင်မင်းမြတ် -
His Majstey ဆိုတဲ့အတိုင်း ထိုက်တန်တဲ့ဂုဏ်ပေးပြီး
အကောင်းဆုံးဆက်ဆံခဲ့ပါတယ်။ဒီအချက်ကိုပိုရှင်း
လင်းချင်ရင်တော့ သီပေါကိုအာဏာသိမ်းတာ သူ့ညီ
သို့မဟုတ် အစ်ကို သို့မဟုတ် ဦးလေး သို့မဟုတ် မောင်ဘွား စသဖြင့် တစ်ယောက်ယောက်သာဖြစ်ခဲ့မယ်ဆိုရင်
တွေးသာ ကြည့်ပေတော့ပေါ့။မြန်မာသမိုင်းမှာ ဘယ်နန်း
ကျဘုရင်မှ မရခဲ့ဖူးတဲ့ အစဉ်အလာလည်းမရှိဖူးတဲ့ ပြုစု
စောင့်ရှောက်ခံဘဝနဲ့ အာဏာရှင်အထီးရော အမကြီးပါ
သေတဲ့အချိန်ထိ မဟေသီ မာနမချဘဲ သေခွင့်ရသွားခဲ့
တာဖြစ်ပါတယ်။အထောက်ထားရေရာသေချာတဲ့ အေဒီ
၁၁ရာစုကနေ ကုန်းဘောင်နောက်ဆုံးရှင်ဘုရင် သီပေါ
အထိ အာဏာသိမ်းလာခဲ့သမျှထဲမှာ အခုလိုပြုစုစောင့်
ရှောက်မှုမျိုးမပြောနဲ့ အသက်ခန္ဓာ တည်မြဲခွင့်ဟာ ၁၀
ဂဏန်းပြည့်တဲ့ သာဓကမရှိခဲ့ဘူး။ အာဏာသိမ်းခံသူနဲ့
ဘယ်လိုမှမပက်သက်တဲ့ လူမမယ် ကလေးငယ်ကိုပါ
ချမ်းသာမပေးဘဲ အမျိုးသားရှင်ဘုရင်တွေကိုယ်တိုင်
သတ်ဖြတ်ခဲ့ကြတာဟာ သမိုင်းငုပ်တုပ်ကျန်နေသေးတဲ့
အတွက် အားလုံးကိုချိန်ထိုးစစ်ဆေးပြီး စာရင်းပြုစုရင်
မြန်မာ့သမိုင်းမှာနန်းကျဘုရင်တစ်ပါးအဖြစ်စံချိန်ချိုးရ
လောက်အောင်ပြုစုစောင့်ရှောက်ခံဘဝနဲ့သေသည်အထိ
နေထိုင်သွားခဲ့ရတဲ့ ကံအကောင်းဆုံးမင်းဟာ သီပေါမင်း
သာဖြစ်ပါကြောင်းတင်ပြရင်း..............
ရတ်နာဂီရိမြို့ ရှီဗာဂျီးနာဂရ် (Shivajinagar)မှာရှိနေ
တဲ့သီပေါနေအိမ်(ပြတိုက်)နဲ့သူနဲ့သူဇနီးအုတ်ဂူပုံ။
No comments:
Post a Comment