Friday, December 12, 2025

Awakening Stages

 ကိုယ်တိုင်လည်း သိချင်လို့ အမြဲ ရှာဖွေနေတဲ့ Awakening Stage တွေ အကြောင်း sharing လုပ်ပေးချင်ပါတယ်…


🌀 Level 1 (Personal Awakening) ကိုယ်ပိုင်နိုးထမှု

Awakening ရဲ့ ပထမဆုံး stage မှာတော့ Personal Awakening လို့ခေါ်တဲ့ ကိုယ်ပိုင် နိုးထမှု စဖြစ်ပါတယ်…

လက်ရှိအသက်အရွယ်တိုင်အောင် လူကြီး ဖြစ်လာတဲ့ ရှင်သန်လာတဲ့ ဖြစ်စဉ်တွေ၊ မိမိရဲ့ စိတ်ဒဏ်ရာတွေ၊ relationships တွေနဲ့ beliefs systems လို့ခေါ်တဲ့ ယုံကြည်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို စပီး မေးခွန်းတွေထုတ်လာတယ်…

အဲ့ဒီအချိန်ကနေစပီး Healing Journey က စတင်ပါတယ်… မိမိရဲ့ စိတ်ဒဏ်ရာတွေကို Healing လုပ်လာမယ်… Self reflect လို့ခေါ်တဲ့ မိမိကိုယ်ကိုသိရှိနားလည်မှုတွေနဲ့အတူ မိမိရဲ့ patterns တွေကို break လုပ်လာတဲ့ stage ပါ…

Story တစ်ခုရဲ့ အထဲမှာ နိုးထလာတာနဲ့ တူပါတယ်… ဒါပေမယ့် အဲ့ဒီ Story ထဲမှာပဲ ရှိနေတုန်းပါ…

🌀 Level 2 (System Awakening) စနစ်တစ်ခုနှိုးထမှု

Level 2 ဖြစ်တဲ့ System Awakening Stage မှာတော့ လူတွေ အခြင်းခြင်း ဆက်ဆံပုံတွေ၊ အဖွဲ့အစည်းစနစ်တွေနဲ့ social media တွေရဲ့ အပေါ်ယံအလွှာရဲ့ နောက်ကွယ်ကို စပီး နားလည်သိရှိလာတဲ့ stage ဖြစ်ပါတယ်…

အခြင်းခြင်း အပြန်အလှန် တိုက်ခိုက်နေကြတဲ့ အကြောင်းရဲ့နောက်ကွယ်ဟာ Game တစ်ခုရဲ့ ကစားကွက်တွေဆိုတာ စတင်သိရှိနားလည်သဘောပေါက်လာတဲ့ Story ကနေ စတင် နိုးထလာတဲ့ stage ပါ…

🌀 Level 3 ( Energetic Awakening) စွမ်းအင်နိုးထလာမှု

ဒီ Stage မှာတော့ Triggers တွေ, ငြင်းပယ်မှုတွေနဲ့ Emotional Manipulation တွေကို မြင်တတ်လာတဲ့ Stage
ပါ…

လူတွေပြောနေတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က Energy နဲ့ Frequency တွေကို ခံစားတတ်လာမယ်…

Story ရဲ့ အောက်ကနေ လွတ်မြောက်လာတဲ့ Stage ပါ …

🌀 Level 4 ( Consciousness Awakening) အသိဉာဏ်
ပညာနိုးထမှု

ဒီကမ္ဘာကြီးဆိုတာ တကယ်တော့ Symbolic Dream တစ်ခုပဲဆိုတာ နားလည်သွားတဲ့ stage …

3 D world ထဲက Drama တွေက ကိုယ့်ကို လာငြိတွယ်နေတယ်ဆိုတာ နားလည်လာတဲ့ stage ပါ …

အဲ့ဒီ နားလည်သဘောပေါက်မှုကနေ စပီးတော့ လူတွေနဲ့ ငြင်းခုန်မှုတွေ လျော့လာမယ်… တကယ်တော့ လူသားတွေရဲ့ ဖြစ်တည်မှုတွေဆိုတာ programs တွေ run နေတာပဲလို့ သဘောပေါက်လာတယ်…

Story ကနေ လွန်မြောက်လာတဲ့ stage …

🌀 Level 5 (Embodied Awakening)

ဘယ်ကိစ္စမှာ မဆို ပါဝင်ပတ်သက်သူအနေနဲ့ မဟုတ်တော့ဘဲ Observer view ကနေ စတင်နေထိုင်လာတဲ့ stage …

ဒီ stage ရောက်လာရင် ဘယ်လို အမြင်မတူမှုမျိုးမှာမဆို ငြင်းခုန်နေစရာမလို, အနိုင်ရဖို့ မလို, သက်သေပြစရာမလိုတော့တဲ့ စိတ်အခြေအနေဖြစ်လာပါပီ… ထင်ချင်သလိုထင် မြင်ချင်သလိုမြင် ကိုယ့်အတွက် ဘာမှ အရေးမပါတော့တဲ့ stage…

အခြားသူတွေကို တုန့်ပြန်တာမျိုး မဟုတ်တော့ဘဲ ကိုယ့်ကိုကိုယ် clarity ရှိမှုကနေ လာတဲ့ ပုံစံမျိုး ဖြစ်လာတယ်…

ဒီ stage မှာ ကိုယ့်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုက ကိုယ်ရဲ့ Power ဖြစ်လာပါတယ်…

🌿 လူအများစု သူတို့ကိုယ်သူတို့ Awaken ဖြစ်တယ်လို့ ထင်တဲ့ stage ဟာ Stage 1 နဲ့ 2 မှာ အများအားဖြင့် ရှိတတ်ကြတယ်… အဲ့ဒါကြောင့် သူတို့ဟာ သူတို့မှန်တယ်လို့ ထင်တဲ့ ဘက်ကနေ ငြင်းခုန်ကြတယ်… သူတို့ရဲ့ သိမှု, ယုံကြည်ချက်တွေကို ကာကွယ်ဖို့ ကြိုးစားကြတယ်…

🌿 တကယ် Awakening ဖြစ်လာတဲ့အခါမှာ “ငါမှန်တယ်” ဆိုတဲ့ဘက်ကနေ ရှိနေဖို့ မဟုတ်တော့ဘဲ ကိုယ်ဖြစ်နေတဲ့ စိတ်အခြေအနေကို အမှန်အတိုင်း Awareness ရှိနေခြင်းသာ ဖြစ်ပါတယ်…

ဘဝက Game တစ်ခုဆိုတာ သိလာမှတော့ ဘာလို့ ဝင်ကစားနေတော့မှာလဲ… ပွဲအပြင်မှာ ထွက်ပီး ရပ်ကြည့်နေလိုက်တော့မှာပေါ့ … 😇

လူတွေက သူတို့ရဲ့ ခံယူချက်တွေ အမြင်တွေကို ငြင်းနေကြတဲ့ အချိန်မှာ သင်ဟာ အပြင်ကနေ အဲ့ဒီ ငြင်းခုန်မှုကို ထိုင်ကြည့်နေသူနဲ့ တူပါတယ်…

တကယ်တော့ Awakening ဖြစ်တယ်ဆိုတာ ယုံကြည်မှု တစ်ခု မဟုတ်ပါဘူး…

လောကပေါ်မြင်တဲ့ အမြင်, လူတွေအပေါ်မြင်တဲ့ အမြင်, ပြဿနာတွေပေါ် မြင်တဲ့ အမြင်တွေ ပြောင်းလဲသွားမှုသာ ဖြစ်ပါတယ်…

ကိုယ့်ရဲ့ Awakening ဟာ မြင့်လာလေလေ ကိုယ့် soul ဟာ တိတ်ဆိတ်ပီး ပျော်ရွှင်လာလေလေပါပဲ…

လောကကြီးရဲ့ Game ကနေ လွန်မြောက်ကြပါစေ 🫶☘️

Hari Om 🙏

No comments:

Post a Comment