ထိုင်းက နာမည်ကြီး အဆိုတော်တစ်ယောက်ရဲ့ကလေး ကို ကြည့်ပြီး တွေးစရာရတာကို ရေးမှတ်ထားချင်ပါတယ် သင်ယူစရာရလို့။
ကလေးအပြုမူကိုကြည့်ပြီး မိဘအုပ်ထိန်းတဲ့သူက သူ့ကလေးကိုဘယ်လောက်ထိအချိန်ပေးလည်း ဆိုတာ ကလေးပြုတဲ့အပြုမူက ပြပါတယ်။ အထူးသဖြင့် public မှာ ပိုမြင်ရတယ်။
ကလေးက
သူ့အမေသူ့ကို လှည့်ကြည့်အောင် အတန်းရှင်းရှာတယ် အမေလှည့်ကြည့်စေချင်လို့ ဘာလုပ်ရ လုပ်ရ အမေရဲ့ စိတ်ဝင်စားမှု အရမ်းလိုအပ်တဲ့အရွယ်မို့ ကလေးကို အချိန်ပေးပေမဲ့ quality time ကို ရအောင် ဖန်တီးမတတ်တဲ့ မိဘတွေ ကြုံရမဲ့ အခြေနေပါ။ အလုပ်များတယ် မအားလို့ ကလေးကို သူများနဲ့ပေးထိန်းတဲ့မိဘတွေ ကြုံရနိုင်ပါတယ်။
ကလေးက အရုပ်ကို ဘိုထိုင်အိမ်သာထဲ ပြစ်ချတယ် သူ့အမေက ဘာလို့ လုပ်တာလဲ သူက Why သုံးတယ် ဘာကြောင့်လုပ်တာလဲ ဆိုတဲ့သဘော( ทำไมทำ) လို့ မေးရင် ကလေးက နောက်မလုပ်တော့ဘူး လို့ ဂတိပေးတယ် ပြီး ထပ်လုပ်တယ် (အမှန်က ကလေးကို အဲလို လုပ်ဖို့ ခွင့်မပြုကြောင်း လိုတိုရှင်းပြောရမှာပါ) ဒါကလည်း ကလေးအကြောင်း မလေ့လာတဲ့မိဘတွေ ကြုံရတတ်တာ။
ကလေးက မိဘရဲ့ အားနည်းချက်ကို အရမ်းမြင်တတ် သိတတ်ကြတယ် မိဘရဲ့အပြုမူကို အမြဲစောင့်ကြည့်နေကြလို့။
နောက်အပြုမူက
စားသောက်ဆိုင်မှာ ပလဲနေအောင်စားတာကို အဲတိုင်း ထိုင်ကြည့်တာ ကိုယ့်အိမ်မဟုတ်ပဲ လုပ်ခွင့်ပြုတယ် ပြီးရင် ဆော့တွေကို ဗူးထဲကနေ စားမကုန်သောက်မကုန် ညစ်ချတာ ပန်းကန်အပြည့် ဒီအပြုမူကို မတားဘူး လုပ်ခွင့်မပြုဘူး လို့ မပြောဘူး ယူပြီး ဖယ်လိုက်တာလဲ မလုပ်ဘူး အဲတိုင်းပဲ ဆူကိအိုးထဲ အရုပ်ပြစ်ထည့်တဲ့ ကလေးကို ဘာကြောင့် လုပ်တာလဲ မေးမြဲမေးတယ် ကလေးက နောက်မလုပ်တော့ဘူးပဲ ပြောတာ ပြီးတော့ အမေ့ကို ပြောင်ပြပြီး ထပ်လုပ်တယ်။
ဒါက ဘာကို ပြတာလဲမေးရင် အိမ်မှာ လုပ်ချင်တာ လုပ်ခွင့်ပြုထားတာ စည်း မရှိတာ ကလေးနဲ့ စကားပြောတဲ့အခါ အရေးမထား တာ eye contact မလုပ်ဘူး ဟိုဟာ မလုပ်နဲ့ ဒါမလုပ်နဲ့ပဲ တားမြစ်ပြီး ကလေးဘာလုပ်ရမှာလဲကို မပြောတာ လိုတိုရှင်း ပြောရမှာကို စကားလုံးရှည်တာ ကလေးမထိန်းတတ်တာကို ဆိုလိုတာ ကလေး ကို ဘယ်လို ဆက်ဆံရမလဲ နားမလည်ဘူး စာသင်ရင်ရပြီ စာသင်ဖို့ပဲ ဖိအားပေးတာ ကျန်တာ ဘာလုပ်လုပ် ရတယ်ဆိုပြီး လုပ်တတ်တဲ့ မိဘ တွေ အများဆုံး ကြုံရတာပေါ့ ။ ကလေးက 4နှစ် မဟုတ် ရင် 3နှစ်ကျော် လောက်ရှိမယ်ထင်တယ်။
မိဘတွေကို သတိပေးချင်တာက public မှာ ကျမတို့ကလေးတွေက လူတိုင်းအတွက် ချစ်စရာမကောင်းတာကို လက်ခံဖို့ပါ။ ကျမကလေးတွေ လည်း လူကြားထဲ အရုပ်ဆိုင်ထဲ ကြမ်းပြင်ပေါ် လိုတာ မရလို့ ရလိုရငြား သောင်းကျန်းတာ မျိုး ကြုံရတယ် ကျမက ပြတ်သားတယ် ရှက်လို့ ဝယ်ပေးလိုက်ရတာ မရှိဘူး ကိုယ့်စကားက တစ်ခွန်းပဲ ပြောထားတဲ့အတိုင်း လုပ်ပြရတယ် မဝယ်ပေးဘူးဆို မဝယ်တာ အမေက ဘယ်လို လုပ်လုပ် မရဘူး ဆိုရင် မရကြောင်း ကလေးသိနားလည်တဲ့အထိ ကြင်နာပေမဲ့ ပြတ်သာပေးရမှာပါ။ ဝယ်ပေးမယ်ဆိုရင် ပြောတဲ့အတိုင်းလုပ်ပါ။ ဒါမှ ကလေးက မိဘကို နာခံလာပါမယ်။
ကလေးက ထိန်းရခက်တာ မဟုတ်ပါဘူး။ ကလေးကို ဘယ်လို ထိန်းရမလဲ အိမ်မှာ စည်းကမ်းပေးထားရင် အပြင်ရောက်တဲ့ အခါမခက်ပါဘူး။
အခုရေးတာကလည်း သူများသားသမီး ထက် ကိုယ့်သားသမီးထက်ပိုကောင်း တယ်လို့ မဆိုလိုရပါ။ မိဘတွေ ကလေးကို နားလည်စေချင်တဲ့ ရည်ရွယ်ချက်ပါ။ ကလေး ကို အိမ်မှာ စည်းကမ်း ထားမှ လုပ်ရမှာကို သင်ထားမှ မလုပ်သင့်တာကို လုပ်ခွင့်မပြုကြောင်း ပြတ်သားထားမှ public ရောက်တဲ့အခါ တော်ကာကျတာပါ။
ကလေးက စကားနဲ့ သင်လို့မရပါဘူး မိဘက ပြုမူပြောဆိုမှုကို ချပြပါ။ လုပ်လို့ရတာ သိပါစေ လုပ်လို့ မရတာ နားလည်ပါစေ။
ဒါမှ ကလေးကို လူကြားသူကြားထဲ ခေါ်ထုတ်တဲ့အခါ လူ့ကျင့်ဝတ် လူ့စည်းကမ်း သိနားလည်မှာပါ။ ကာလဒေသ ကြည့်တတ်တဲ့ ကလေးရစေချင်ရင် ကာလဒေသမှာ လုပ်လို့ရတာ ပြောပေးပါလို့ ရေးသားအကြံပြုပါတယ်။
ကျမ လည်း နေ့တိုင်း ပြုပြင် သင်ယူပါတယ်။
လေးစားစွာနဲ့ မေတ္တာများစွာဖြင့် Mommy of 3
#mothersportmother
#foreverydaybymommyof3
#motivationforlife
#motherhoodbymommyof3
#မိဘတွေကြုံတွေ့ရတဲ့ဖြစ်ရပ်မှန်
#mommyof3
No comments:
Post a Comment