( ၁၈+တချို့ပါပါတယ်ခင်မျာ)
ထောင်ထဲမှာ နှစ်ရှည်နေခဲ့ရပြီး၊ပြန်လွတ်လာခဲ့ရင်အပြင်က လူတွေ နဲ့ အဆင်မပြေကြဘူး။
ထောင်ထဲမှာက နေ့စဉ် မနက်မိုးလင်းတာနဲ့၊တခုခု ဘာဖြစ်တော့မယ်၊ဘာဖြစ်အုံးမလဲ၊ ဆိုတဲ့ အတွေး နဲ့ စရတာပါ၊တခုခုတော့ဖြစ်တော့မယ် ဆိုတာကလဲ စိတ်ကအမြဲပြင်ဆင်ထားရပါတယ်။
တခုမဟုတ်တခု အမြဲဖြစ်နေသလို၊အမြဲပဲပြောင်းလဲနေတတ်တာကလဲ၊ထောင်ထဲက နေ့စဉ်အခြေအနေပါ။
ပုံမှန် အေးအေးဆေးဆေးနဲ့ နေ့တနေ့ ပြီးသွားတယ်လို့ မရှိသလောက်အောင်ပါပဲ။
အဲ့ဒိအပြင်၊နေ့ဝင်ထမ်းတွေ တာဝန်ထမ်းဆောင်ဖို့၊ထောင်ထဲဝင်လာပြီဆိုတာနဲ့ ၊အပြင်မှာ ဘာထူးလဲ ဆိုတာသိခြင်နေပြီ၊မေးလို့ရမဲ့သူကတဆင့်မေးရတာ၊
နောက် ထောင်ဝင်စာသွားတွေ့သူတွေ ပြန်လာရင်၊တခါ၊အပြင်မှာ ဘာထူးသလဲပေါ့။
တချို့နှစ်ကြီးေထာင်ကျခံထားရတဲ့၊သူတွေ၊သေဒဏ်ကျခံထားရသူတွေ ဆို စိတ်ခံစားမှုကပိုပြီး ပြင်းထန်တပ်ပါတယ်။
ဒီတသက် ပြန်မှ လွှတ်ပါတော့မလား၊ထောင်ထဲမှာ ငါသေသွားမှာလား၊ ဆိုတဲ့အေတွးက အဆိုင်အခဲကြီးဖြစ်လာရင်၊ သော်၎င်း။သေမထူးနေမထူး ဆိုတဲ့ စိတ်က ခိုင်မာလာခဲ့ရင်သော်၎င်း၊
အဲ့လိုဖြစ်လာရင် ထောင်ထဲမှာ လူသတ်ဖို့လဲ ဝန်မလေးကျတော့ဘူး။
တချို့ဆို ထောင်ပြင်ပ ကို ခဏလေးထွက်ကြည့်ခြင်တဲ့စိတ် တခု ထဲနဲ့ကို ၊ထောင်ထဲ မှာ လူသတ်ကြတာတွေ ရှိပါတယ်။
အဲ့လို သတ်လိုက်ရင် အပြင်တရားရုံးကို ရုံးချိမ်းထွက်ရတာကိုး။
အဲ့ဒါတွေက သူတို့ရဲ့ ထရော်မာတွေလို့ ပြောလို့ရလား။
တယောက် ဆိုရင်၊ အပြင်မှာတုံးက၊ကျောင်း ဆရာမ တယောက် နဲ့ ဆရာမသမီး ၂ ယောက်လုံးကို မဒိမ်းလဲ ကျင့် ၊သတ် လဲ သတ်လိုက်လို့ ထောင်ကျလာ တဲ့ သူတယောက် ဆိုရင်၊ ထောင်ထဲမှာ သမီးမွေးတယ်၊ လိမ်တူဆက်ဆံတယ်။
သူက သေဒဏ်ကျထားတဲ့ သူဆိုတော့၊ထောင်ထဲမှာ တန်းစီး ဖြစ်တော့၊အဆောင်တဆောင်ရဲ့ လူကြီးဖြစ်တာပေါ့။
အဲ့ဒီတော့ သာမန် ပြစ်မှုေသးေသးလေးတွေနဲ့ ထောင်ထဲ ရောက်လာတဲ့ ငယ်ရွယ်သူတွေ ကို အ
သူ့အနားမှာ ခေါ်ထားပြီး၊မိလ္လာမထမ်းရအောင်၊အလုပ်ကြီးတွေ မလုပ်ရအောင်၊ ဘာကျေး၊ညာကြေးတွေ ကင်းလွတ်အောင်၊မိလ္လာသွားတဲ့နေရာမှာ မအိပ်စေရအောင်အရာရာ ကူညီပေးထားပြီး၊ကယ်တင်ထားတယ်။
အစားအသောက်ကအစ၊ထောင်ထဲမှာ သူကအပြန်စား ၊စားရတာ၊သူစားရသလို လဲ သူ့အနားမှာခေါ်ထားတဲ့၊လူငယ် ကိုရှယ်ကြွေးတာ။
သူ့ဘေးမှာပဲ အိပ်ရတယ်၊ သေနပ်ခါးတို့ဘာတို့ လိမ်းရတယ်၊အဲ့ဒိကနေ စပြီးစည်းရုံးတာပေါ့။
နောက်တော့ နိုပ်ခိုင်းတာတို့ ဘာတို့ကနေ စပြီးသွေးတိုးစမ်းတာပေါ့၊ကောင်လေးက ကလန်ကဆန်လုပ်ရင်တော့၊သူတို့အမြဲဆောင်ထားတပ်တဲ့ ၊ချွတ် တို့ တံပွတ်တန်ကို လူသတ်လက်နှက်အဖြစ် ပြောင်းလဲထားတဲ့ လက်နှက်တို့ ဘာတိုနဲ့ ထောက်ပြီး အဓမ္မကြံစည် တော့တာပေါ့။
အသတ်ခံရမှာ စိုးတာကြောင့် နောက်ဆုံးမှာ သမီးဘဝရောက်ခဲ့ရတဲ့သူတွေ ဒုနဲ့ဒေးပဲ။
အဲ့ဒိ လူရဲ့ ထူးခြားချက်က၊သူ့မျက်နှာမှာ နှာဖူးတည့်တည့်မှာ ကြက်ခြေခတ် အမဲ ကြီးတခု ကို သေရာပါအောင် ထိုးထားပြီး သူ့သွင်ပြင်က
အလွန်ရွံစရာ၊ေကြာက်စရာကောင်းတဲ့ ပုံစံ ဖြစ်နေတာ ပေါ့။
နောက် သူက ထောင်ထဲ မကြာခဏ၊ ရာဇဝတ်မှုတွေ ထပ်ထပ်ပြီးကျူးလွန် တာကြောင့် လူတွေက သူ့ကိုကြောက်လဲကြောက်ကြပါတယ်။
သူ့နာမယ်အရင်းကိုတော့ မသိတော့ပါဘူး၊အားလုံးက မျက်နှာက ဆေးမှင်ကြောင် Cross အမှတ်ကြောင့်၊သူ့ကို ခရော့ လို့ပဲခေါ်ကြပါတယ်။
အဲ့ဒိ လူ က ထောင်ထဲ မှာ နှစ်အတော်ကြာနေပြီး ကျန်းမာရေး ချို့ယွင်းလာပြီး၊ ဂိလာပါတော့ နော က်ဆုံး ထောင်ဆေးရုံ မှာ တင်ထားရတယ် လို့ နောက်သတင်းကြားရပြီး၊နော က် သူ့တင်းတွေ ခဏ ပျောက်သွားပြန်ရော။
နောက် တခါ ထောင်ဆေးရုံသွားတက်ပြီး၊ပြန်လာတဲ့ နိုင်ကျဉ်းတချို့ ထောင်ဆေးရုံးမှာ ခရော့စ် ကိုတွေ့လာခဲ့ ပြီး၊သူ့ သတင်းတွေ သယ်လာပြန်ရော။
အဲ့ဒါက .....
ခရော့စ်က၊အရင်လို သူငယ်မမွေးတော့ဘူးတဲ့၊သူကိုယ်တိုင် သူငယ်ဖြစ်သွားလို့တဲ့၊ အရင်က သူက အဓမ္မကျင့်ခဲ့တာ၊အခုက သူကိုယ်တိုင် အဓမ္မ အကျင့်ခံခြင်လို့ သူကတပြန် ပြန်ပြီး စည်းရုံးေရးဆင်းေနတယ်ဆိုပဲ။
ခက်တာက သူက ရုပ်စိုးပြီးအကျဉ်းတန်တော့၊ သူ့ကို ဘယ်သူကမှ ဟိုဟာမလုပ်ခြင်ကြဘူးလေ။
နောက်ပြီး ခက်တာက သူက ကျန်းမာရေးမကောင်းတဲ့ဒဏ်၊နဲ့ ကျချိန် ရောက်နေပြီ ဆိုတော့၊ သူ့အရှိန်အဝါက မရှိတော့၊ ဖေါက်သည်မရတော့ဘူးပေါ့။
ဒီတော့ သူက ဟိုဟာလဲ အပြုခံမယ်၊ မုန့်လဲကြွေးပါ့မယ်ဆိုတဲ့ အပေါက် လုပ်ရတော့တာပေါ့၊
ထောင်ထဲမှာက ထောင်ဝင်စာမလာလို့ ငတ်နေတဲ့သူေတွရယ်။
မိန်းမ နဲ့အတူမနေရလို့ ငတ်နေတဲ့ သူေတွရယ်ကတော့ သူ့ကို အားအေးကြတာပေါ့။
နောက်တော့ ထောင်ထဲမှာပဲ သူသေသွားတယ်။AIDS နဲ့ ။
တကယ်တော့၊ ခရောစ့်က အရင်က လိင်စိတ် အရမ်းပြင်းထန် သူတယောက် လို့ သိထားခဲ့တာ၊
နောက် သူ Back ဆုတ် သွားတာ ဘယ်လိုဖြစ်ရတာလဲပေါ့။
အဲ့ဒါကကော Trauma ပဲလား မသိ။
(နောက်တနေ့ ဆက်ရေးပါ့မယ်)
09Dec2025Minnyo
No comments:
Post a Comment