Wednesday, December 10, 2025

မြန်မာပြည်သားအများစုမှာ ထရော်မာရှိနေလား အပိုင်း(၂) 2

အညင်သာဆုံး‌ေ-သ-ဆုံးခွင့်၊

Euthanasia
အဲ့ဒိတုန်းကအမေရိကန်တွေက သူတို့နိုင်ငံ တွေမှာ ရရှိနေတဲ့ လူ့အဆင့်အတန်း နဲ့ ယှဉ်တွေးပြီး စဉ်းစားပုံရပါတယ်၊ သူတို့မပြောနဲ့ အဲ့ဒိကာလတွေတုန်းက ၊ တောင်ကိုရီးယား နိုင်ငံမှာ ၊လူတွေက ပြသနာအသေးအဖွဲ့လေးတွေကို မဖြေရှင်းနိုင်လို့ကိုယ့်ကိုကိုယ်သေကြောင်းကြံစီမှုတွေ လုပ်ပြီး ဖြေရှင်းနေကြတာတွေ အရမ်းမြင့်တက်လာတာကို သတင်းတွေမှာတွေ့ခဲ့ရတယ်။
နောက် အသက်ကြီးသူတွေ၊နာတာရှည်ရောဂါဝေဒနာသည်တွေ ၊ဒဏ်မခံနိုင်လို့ အညင်သာဆုံးသတ်သေခွင့်(
Euthanasia)တောင်းဆိုတာတွေ အထိ ဖြစ်လာခဲ့ရကြောင်းနဲ့ နောက်တော့
ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဆွစ်ဇာလန်) စတဲ့ နိုင်ငံ‌ေတွမှာ‌ေတာ့၊ဆရာဝန်တွေ၊ အတိုင်ပင်ခံတွေ ရဲ့ ခွင့်ပြု၊‌ေထာက်ခံချက်တွေ နဲ့သေဆုံးခွင့် ရသွားကြောင်းဖတ်ခဲ့ရပါတယ်။
ပြောချင်တာက သူတို့ က ဘဝမှာ Struggle ဆိုတာ သိပ်မရှိခဲ့တော့ တခုခု ဖြစ်လာရင်မရှင်းတက်တော့ဘူး၊
မရှင်းတက်၊ရင်မဆိုင်ရဲတော့၊ သေတဲ့နည်းနဲပဲ ဖြေရှင်းနေကြတာပေါ့။
ကိုယ်တွေ တိုင်းပြည်က လူအများစုကတော့ လူဖြစ်လာကထဲက Struggle,လုပ်ရုန်းကန် နေရတော့ အသားကြနေပြီ၊ကျင့်သားရနေပြီ၊ကျော်တက်နေပြီ။
ဒါကြောင့် ထောင်ထဲမှာ ဘယ်လို မသေအောင်နေရမလဲ ဆိုတာ ရအောင်ရှာဖွေနေတက်ပြီး ၊မရှာတတ်တဲ့(မရှင်းတက်တဲ့)သူတွေက ထောင်ထဲမှာ သေပြီးကျန်နေခဲ့ပြီ။
အဲ့ဒိသဘောကိုပြောတာ။
အဲ့ဒါကို သူတို့က နိုင်ကျဉ်းတွေကို စိတ်အနာရနေသူတွေ၊စိတ်ဒဏ်ရာရှိနေသူတွေ လို့ ခေါ်ပြီး၊သူတို့နိုင်ငံက စိတ်ရောဂါကု ဆရာဝန်တွေ၊စိတ်ကုပညာရှင်တွေနဲ့ ခေါ်တွေ့ပေးတော့ ၊သဘောမကျလှဘူး။
ဒါပေမဲ့ အဲ့ဒိနေ့က ကိုယ်တွေအထဲက လူတချို့ကတော့ အဲ့ဒါကို လက်ခံပြီး၊
"သူတို့ ညညဆို အိမ်မက်ဆိုးတွေ မက်နေကြောင်း၊ ညတွေဆို အိပ်မပျော်ကြောင်း၊အမြဲထိပ်လန့်နေကြောင်း၊နေလို့ထိုင်လို့အဆင်မပြေကြောင်း၊ အရိပ်အမဲကြီး တွေ က သူတို့နောက်ကိုလိုက်နေကြောင်း၊မြင်နေကြောင်း၊ညညဆို ချွေးစေး တွေပြန်နေကြောင်း၊ အိမ်ကမိသားစုတွေနဲ့ အမြဲ အဆင်မပြေ ဖြစ်နေကြောင်း "
စတာတွေ ကို ရှေ့ဆုံးတန်းမှာ ထိုင်ပြီးအလုအယက် ပြောဆိုနေကြတာ။
ပိုပြီး အံ့ဩမိတာက အဲ့ ဒိလိုပြောတဲ့အထဲမှာ နာမယ်ကြီး၊နှစ်ကြီးကျ၊ ရန်ကုန်တမြို့လုံး က တချိန်တုန်းကသိမ့်သိမ့်တုန်အောင်‌ေကြာက်ခဲ့ရတဲ့လူမိုက်ကြီးတ‌ေယာက်ပါနေတာ။
အဲ့ဒိ လူမိုက်ကြီးအကြောင်းကိုပြောပြရရင်..........
အင်းစိန်ထောင်မှာ ထောင်ထဲကို ထောင်ပိုင်ကြီး ဝင်လာရင် အကျဉ်းသားတွေက တွေ့တဲ့နေရာမှာပဲ အရေးပေါ်ပုံစံ ဆိုပြီး၊ပုံစံထိုင်ရလေ့ရှိပါတယ်။
ပုံစံ ထိုင်ရတယ်ဆိုတာတော့ အများစု နားလည်ပါလိမ့်မယ်။
အရေးပေါ်ပုံစံ ဆိုတာက ရောက်တဲ့ နေရာမှာ ပဲ၊ ရောက်နေတဲ့ ပုံစံအတိုင်း ကို အနီးမှာ နံရံတခုခုရှိနေရင် နံရံကို မျက်နှာကပ်၊လက်နှက်ဖက်ကိုရှေ့ဖက်ယှက်၊ကပ် ပြီး ငြိမ်သက်စွာ နေရတာမျိုး(ဒါမှမဟုတ်) ငုတ်တုပ် ထိုင်ချ လိုက်ရပြီး၊ ခေါင်းကို အနိုမ့်ဆုံး ကို ရနိုင် သမျှနှိမ့်ပြီး၊မျက်စေ့ က မြေကြီး ကြည့်နေရတဲ့ ပုံစံမျိုး နေပေးရတာ။
အဲ့ဒါက ထောင် ပိုင် လာရင် နေပေးရတာ။
ခုနက လူမိုက်ကြီးက၊ အဲ့ဒိ ၁၉၈၀ နောက်ပိုင်းကာလတွေ တုန်းက ရန်ကုန်တမြို့လုံးရဲ့ လူမိုက်ဖြစ်ရုံမက ၊သူ့မှာက လူသတ်မှု ၊ရိုက်မှု၊ အပါအဝင် တခြား ရာဇဝတ်မှု ပေါင်း ၈၀ ကျော်လောက်နဲ့ အမြဲတန်း ဝရမ်းပြေး တယောက် ပေါ့။
တခါတလေ သူကိုအမှုတခု အတွက် ရဲစခန်းတခု မှာ ဖမ်းမိ လိုက်ပြီဆိုတာ နဲ့ ၊အဲ့ဒိသတင်းက ထောင်ထဲကို အရင်တန်းရောက်လာတာပဲ။
အဲ့လိုရောက်လာတာနဲ့၊ ထောင်က တန်းစီးချုပ် ဖြစ်နေသူက ချက်ခြင်း သူ့ရာထုး ကိုသူ့ဟာသူ (Suspended) လုပ်လိုက်ပြီး၊ညနေ ကို ၊ထောင်ထဲ ရောက်ရှိလာ‌ေတာ့မဲ့ ၊လူမိုက်ကြီးအတွက် နေရာကြိုဖယ်ပေးထားလိုက်တယ်။
သဘောက သူတောင် ရောက်မလာသေးဘူး၊(တ‌ေထာင်လုံးတန်းစီးချုပ်) ရာထူးက ကြိုရနေပြီ၊ဆိုတဲ့သဘော။
အဲ့လောက်အထိ ရန်ကုန်မြို့က တခြားလူမိုက်တွေ အားလုံးက ကြောက်နေရသလို၊‌ေထာင်ထဲ‌ေရာက်‌ေနပြီးသား လူဆိုးလူမိုက်တွေအားလုံးက ကြောက်နေရတာ။
နော က်တခုက၊ အင်းစိန်ထောင် သမိုင်းမှာ ထောင်ပိုင် လာရင်ပဲ ပုံစံထိုင်ရတာ၊တခြား ဘယ်ဝန်ထမ်း လာလာ ပုံစံ မထိုင်ရဘူး။
ဒါပေမဲ့ ခုနကပြောတဲ့ လူမိုက်ကြီး တန်းစီးချုပ် ဘဝမှာတုန်းကတော့၊သူလာရင် အကျဉ်းသားတွေက ထောင်ပိုင် လို ပုံစံထိုင်ပေးရတယ်။ အကျဉ်းသားအချင်းချင်း ပုံစံထိုင်ပေးရတဲ့သဘောပေါ့။
ဘယ်တန်းစီးချုပ် ခေတ်မှ အဲ့လိုမျိုး၊ ပုံစံ ထိုင်ပေးရတာမရှိခဲ့ပေမဲ့၊ သူ့ကိုတော့ ထိုင်ပေးရတဲ့အထိ အရှိန်အဟုန် ကြီးတယ်။
နောက်တော့ ရှစ်လေးလုံး အရေးတော်ပုံမှာ ၊ထောက်လှမ်းရေး လွှတ်ထားတဲ့ ဒလန်တွေ၊ရေကန်တွေ ကိုအဆိပ်ခတ်တဲ့သူ‌ေတွကိုမိရင်၊ထောက်လှန်းရေး အင်ဖေါ်မာတွေကို မိရင်။ လူထု က သည်းမခံ နိုင်အောင်ဖြစ်ပြီး ပထမတော့ ဝိုင်းရိုက်နှက်ရင်း လက်လွန် ခြေလွန်တွေ စဖြစ် လာ၊နောက်တော့၊
နော က်မလုပ်ရဲအောင်၊နောက် လုပ်မဲ့သူမရှိတော့အောင် ဆိုပြီး၊‌ေ-ခါ-င်းဖြ-တ် သ-တ် တာတွေအထိ လုပ်လာတာကြားဖူးကြမှာပါ။
အဲ့ဒါတွေကို ခုနက အပေါ်က လူမိုက်ကြီးတို့က စလုပ်ခဲ့ကြတာပေါ့။
နောက် အာဏာသိမ်းတော့ သူလဲ တခြားနိုင်ငံ‌ေရးသမားတွေ၊ကျောင်းသားတွေလို တောခို ၊ထွက်ပြေးရတာပေါ့။
နောက်ဆုံး မိသွားတော့ သူက အရင် တုန်းက ရာဇဝတ်မှုတွေ၊ဝရမ်းပြေးအမှုတွေအပြင်၊ ရှစ်လေးလုံးမှာ လူ-သ-တ်မှုတွေ၊‌ေ-ခါ-င်းဖြ-တ် သ-တ် မှုတွေ၊အပြင် နိုင်ငံရေးမှု တွေ ပါတပ်ပြီး။
သူ့ကို သေဒဏ်၊၊ကျွန်းဒဏ်‌ေတွအပြင်နှစ် ရာချီပြီး ထောင်ချပြစ်လိုက်တာပေါ့။
ဒါပေမဲ့ သူဒီတခေါက်ထောင်ထဲ ရောက်လာတာက ၊နိုင်ငံရေးပုဒ်မ ပါတဲ့အတွက်၊သူက တထောင်လုံးတန်းစီချုပ်တို့ဘာတို့တော့မဖြစ်တော့တဲ့အပြင်၊သူလဲ ရေကြည်အိုင်စစ်ကျောရေးမှာ တခြား နိုင်ကျဉ်းတွေ လို နှိပ်ဆက် ရိုက်နှက်ခံရ၊ထောင်ထဲရော က်တော့လဲ ၊တိုက်ခန်းကျဉ်းကျဉ်းလေးမှာ တခြားနိုင်ကျဉ်းတွေ လိုပဲ ဒုက္ခတွေရောက်ခဲ့ရတာပေါ့။
နောက်တော့ ထောင်ထဲ မှာ နှစ်အကြာကြီးနေခဲ့ရပြီး၊အစိုးရအ‌ေပြာင်းအလဲနဲ့ ၊လွှတ်ငြိမ်းချမ်းသာ ရပြီး လွှတ်လာခဲ့သူပေါ့။
ကိုယ်တွေထောင်ထဲတုန်းက သူ့ကို အရမ်းအထင်ကြီးခဲ့ရသူပေါ့။
ဒါပေမဲ့ ၊အခု အမေရိကန် သံရုံးက ဝန်ထမ်းတွေရှေ့မှာတော့၊ မျက်ရည်စမ်းစမ်း နဲ့ အကူအညီမဲ့ နေတဲ့သူပုံစံ နဲ့ တွေ့ လိုက်ရတော့၊စိတ်မသက်မသာ ဖြစ်ပြီး၊စိတ်ပျက်မိတာပေါ့။
(နောက်တနေ့ဆက်ပါမယ်)ဏ္ဌ
07Dec2025,Minnyo

No comments:

Post a Comment