Wednesday, December 10, 2025

မြန်မာပြည်သားအများစုမှာ ထရော်မာရှိနေလား။ 1

 မြန်မာပြည်သားအများစုမှာ ထရော်မာရှိနေလား။

((မြန်မာပြည်ကလူတွေမှာ ထရော်မှာ ရှိနေတယ်ဆိုတဲ့ခေတ်သစ် ဆိုင်ကို(Psycho) လို့ ပြောလို့ ရတဲ့ အခြေအနေတွေ ပြောပြခြင်လို့။))
မဆလ ခေတ်တွေတုံးက၊အစိုးရဝန်ထမ်း၊အများစုနဲ့ လူချမ်းသာအနဲငယ်ပဲရှိကြတော့၊
ကျန်တဲ့ လူများစုက ဆင်းရဲသား၊နဲ့ တနေ့လုပ်တနေ့စား တွေ၊ တောဖက်မှာတော့၊စာရင်းငှားတောင်သူတွေ ၊က အများစုလို့ပြောလို့ရမယ်ထင်ပါတယ်။
သူတို့မှာ ပိုင်ဆိုင်မှုဆိုတာ ဘာမှ မယ်မယ်ရရမရှိကြပေမဲ့ ၊ခလေးတွေတော့ များများမွေးနိုင်ကြပါတယ်။
အိမ်မှာ စက်ဘီးတစီးလောက်ဝယ်နိုင်ရင်ကို၊ သူတို့ကိုယ်သူတို့ ပတ်ဝန်းကျင်အမြင်မှာ ချမ်းသာတဲ့သူလို့အထင်ခံရအောင် ကြွားဝါကြပါတယ်။
မိသားစုက များတာကြောင့်၊ သားသမီးတွေ ကို မိဘက ချစ်ခင်ကျင်နာယုယတယ်ဆိုတာ ဝတ္ထုတွေ၊ရုပ်ရှင်တွေ ထဲမှာပဲ တွေ့ရတာ ပါ။
တကဲ့အပြင်မှာက.............
" ဒီနေ့လဲ ကန်စွမ်းရွက်ပဲလား။ တခါတလေ အသားဟင်းလေးဘာလေးချက်ပါအုံး"
" ကြက်ဥ ကတယောက်တခြမ်းပဲ နော်၊ နင့်အဖေ အတွက် အခြမ်းကြီးတာလေး ချန်ထားလိုက်အုံး၊ အကြီးမ လဲမစားရသေးဘူး၊ အခြမ်းပိုမရှိဘူး၊ လူအရေအတွက်နဲ့ ချက်ထားတာ "
" လမ်းထိပ်က ချစ်တီးဆိုင်က ပဲဟင်း ငါးမူးဖိုး သွားဝယ်အုံး၊ အဖတ်လေးတွေ ပို့ထည့် လို့ ပြော။
အဲ့၊ဒိပဲဟင်းနဲ့ ၊အမေကြက်ဥ ကျော် ထားတယ်၊တယောက် တပိုင်း ယူစား၊"
"ကြက်စာ ထဲက ငါး‌ေခြာက် အကောင်ကြီးတာလေးတွေ ရွေးပြီး ၊ငရုပ်သီး လေးနဲ့ ကျော် ထားလိုက်၊ငါပြန်လာရင် ပဲဟင်းဝယ်လာမယ် "
စသဖြင့် ပေါ့..........
အဲ့ဒိ လို ဘဝ‌ေတွကို ဖြတ်သန်းနေရစဉ်မှာ သားသမီးတွေ မလိမ္မာရင်၊ မိဘတွေ အများစုက ရိုက်ပြီး ဆုံးမကြပါတယ်။
မနက်မိုးလင်းကနေ ညအထိ နေပူ၊မိုးရွာထဲမှာ စီးပွားရှာရ‌ တဲ့ အထဲ သားငယ်က ကျောင်း‌မတက်တာ ၃ ရက်ရှိပြီ ဆိုပြီး တိုင်စာ ရော က်လာတော့၊
အဖေလုပ်သူက အလုပ်က ပင်ပန်းလာလို့ နားရမလား ဆိုပြီး လုပ်နေတုံး ၊အဲ့ဒိသတင်း ဝင်လာတော့၊ ဘယ်အဖေက စိတ်ရှည်ပါ့မလဲ။
အဲ့ကောင်ဘယ်မလဲ....,,ဘာညာ......?
" အငယ်မ အခုထိ ကျောင်းကပြန်မလာသေးဘူး၊မှောင်နေပြီ လိုက်ပါအုံး...
အရင်အပတ်ကလဲ ကျောင်းပြေးလို့ တိုင်စာလဲ‌ေရာက်ထားတာ "
ဆိုတာ ကတမျိုး။
အလုပ်ကလဲ ပင်ပန်း၊အဆင်မပြေ တဲ့အထဲ ဒီ သော က်
ခလေးက တမှောင့် ဆိုပြီး တွေ့တာနဲ့ လှော်ခတ်တော့တာပေါ့။
တခါတလေ ရိုက်စရာမရှိရင် အနီးဆုံးမှာရှိတဲ့ တံမျက်စည်း၊က ရိုက်စရာဒုတ်ပဲပေါ့။
တချို့ အဖေတွေ ဆို အနားရှိတာနဲ့ ကောက်ပေါက် လိုက်တာမျိုး၊ လက်နဲ့ပဲ ထုရိုက်တာမျိုး လုပ်လေ့ရှိပါတယ်။
ဒါ့အပြင်။
သားသမီးကို ထားမဲ့ကျောင်းကိုတောင် ၊အရိုက်ကြမ်းတဲ့ ဆရာရဲ့ကျောင်းကို ရွေး အပ်ကြပါတယ်။
" ဆရာ အရိုးနဲ့ အရည်ပဲ ကျန်ရင် ကျန်ပါစေ၊ အတန်း အောင်ရင်(ဂုဏ်ထူးထွက်ရင်)တော်ပြီ "
ဆိုပြီး ကျောင်းအပ်‌ကြတာမျိုးလဲ တွေ့ရပါတယ်။
ရိုက်မှ၊ကြောက်မှ စာတပ်မယ်၊၁၀ တန်းအောင်မယ်၊ဘွဲ့ရမယ်၊အလုပ်ကောင်းကောင်းရမယ်၊ ဘဝ နောင်ရေးကောင်းမယ်၊ ဆိုတာက မြန်မာပြည်ရဲ့ တခေတ်တခါ က ဂွင်ဆင်းတွေပေါ့။
အဲ့ဒိကာလ နှောင်းပိုင်းမှာ၊ကိုယ်တွေ ထောင် ၇ နှစ်ကျတော့၊ စစ်ကျောရေးမှာ နိုပ်ဆက်ခံရ၊မသေအောင် ရိုက်နှက်ခံရ၊
နောက်ထောင်ထဲမှာ လဲ အလားတူပေါ့။
ဒါပေမဲ့ မသေအောင် ဘယ်လို နေရမလဲဆိုတာ သိတဲ့ လူတွေကတော့၊နှစ်ပြည့် လို့ သူတို့လွှတ်ပေးတဲ့အခါမှာ ၊အသက်ရှင်လျှက် လွှတ်မြောက်ခဲ့သူတွေပေါ့။
ဒါပေမဲ့ မခံနိုင်သူတွေကတော့ စစ်ကျောရေးမှာသေဆုံးသွားခဲ့သူရှိသလို၊ထောင်ထဲ မှာ သေဆုံးသွားသူတွေလဲ ရှိပါတယ်။
နောက် ကိုယ်တွေလဲ‌ေထာင်က လွတ်လာခဲ့ရောပေါ့။
အဲ့ဒိနောက် တော့
ထောင်ထွက်တွေ ကို ဘယ်သူကမှ ဆေးဖက်ကျော်ဖေါိ မလုပ်နေတဲ့အခြေအနေမှာ။
အမေရိကန် အစိုးရက ၊နိုင်ငံရေး ထောင်ထွက်တွေ က၊စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ထားပြီး၊သူတို့ကို ပြန်လည်ကုစားပေးဖို့ လိုအပ်တယ်ဆိုပြီး၊နိုင်ကျဉ်းတွေ ကို ခေါ်ယူတွေ့ခဲ့တာပေါ့။
သူတို့က၊......
ဗိုလ်သန်းရွှေ နဲ့ သိန်းစိန် အစိုးရ လက်ထက်မှာ ‌ထောင်ထဲက နေ လွှတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ က ၊
စစ်ကျောရေး Torture ဒဏ်၊ထောင်ဒဏ်တွေကြောင့် လူတွေက ထရော်မါ ဖြစ် နေတယ် လို့ ယူစပြီး၊ အမေရိကန်သံရုံးအရာရှိတွေက ခေါ်ယူတွေ့ဆုံပြီး၊အင်တာဗျုး လုပ်တော့တာပေါ့။
သူတို့ လှမ်းခေါ်တုံးက အဲ့ဒိကိစ္စအတွက် ‌မေးမြန်းဖို့ နဲ့အမေရိကန် အစိုးရက ကူညီ မယ်ဆိုတာကြောင့် သာ ကိုယ်တွေ လဲ သွားတွေ့ ခဲ့ရတာ။
စိတ်ထဲ ဘဝင်သိပ်မကျလှပေမဲ့၊
ငါတို့လို ထောင်ထွက်တွေကို လက်ရှိအစိုးရကလဲ သောက်ဂရုမစိုက်၊တဲ့အချိန်အခါမျိုးမှာ ၊ကမ္ဘာ့ တိုင်ကွန် ကြီးဖြစ်တဲ့ ၊အမေရိကန် နိုင်ငံက လူရာသွင်းပြီး ခေါ်ယူတွေ့တယ်ဆိုတော့ အတိုင်းထပ်အလွန်ပေါ့။
ဒါပေမဲ့ ၊အဲ့ဒိအစီအစဉ် က တမနက် နဲ့ ပဲ ကိုယ်‌ေကြ င့် ပျက်သွားခဲ့ရပါတယ်။
(ရေးရမှာ ရှည်လို့ နောက်နေ့ဆက်ရေးပါ့မယ်ခင်မျာ)
05Dec2025Minnyo
ပုံကတော့......
((ကိုယ့်တိုင်းပြည် မှာကွကို ထောင်ကျသူတဲ့၊သုများ နိုင်ငံကနေ လာပြီး ထောင်အကျခံသူ ပေါ့))
#usa #political prisoners

No comments:

Post a Comment