❝ Motivation မရှိတဲ့အခါ Discipline ပြောင်းပေးပါ ❞
ကျွန်တော်တို့တွေက အမြဲတမ်း တစ်ခုခုကိုလုပ်ဖို့ Motivation အချိန်ပြည့်မရှိနေနိုင်ပါဘူး။ ဥပမာ - Gym ဆော့တယ်ဆိုပါစို့ .. မဆော့ခင် Gym အပ်တဲ့အချိန်ဖြစ်ဖြစ်၊ ဆော့ကာစ ၂ ရက်လောက်ထိပဲဖြစ်ဖြစ် Motivated ဖြစ်နေနိုင်ပေမဲ့ ကြာလာရင် ပျင်းလို့မဆော့ဖြစ်တော့တွေ၊ အကြောင်းပြချက်မျိုးစုံနဲ့ Gym မသွားဖြစ်တော့တာမျိုးတွေက လူတိုင်းဖြစ်လေ့ဖြစ်ထရှိသလိုပေါ့။
ဒီလို Motivation မရှိတဲ့ရက်မှာ Motivation ရတဲ့အထိစောင့်နေမယ့်အစား Discipline ကိုပြောင်းပြီးကျင့်သုံးပေးသင့်ပါတယ်။
ဆိုတော့ Discipline ရှိအောင်ဘယ်လိုလုပ်ကြမလဲ
Discipline ရှိဖို့ဆိုရင်
・Self-Control
・Consistency
・Commitment ဒီအချက်တွေကို အရင်ဆုံးနားလည်ထားဖို့လိုပါတယ်။
ဒီအချက် ၃ ချက်ပေါင်းလိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် Discipline ကောင်းကောင်းရှိလာနိုင်မှာပါ။
ရှင်းရှင်းပြောရရင်တော့ Motivation ဆိုတာက စိတ်သီးသန့်ဖြစ်ပြီးတော့ Discipline ဆိုတာက အကျင့် Habit ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အလုပ်သေးသေးလေးကစလို့ ဘယ်အလုပ်အတွက်မဆို မိမိကိုယ်တိုင် Discipline ကောင်းကောင်းရှိထားဖို့က အရေးကြီးပါတယ်နော်။
#KhantKoKoHtet #MarketingCapsule #Knowledgesharing #discipline #motivation
No comments:
Post a Comment