အင်္ဂလိပ်စာဆရာဆရာမများသိထားသင့်သည့် ဘာသာရပ်နယ်ပယ် ၃ ခု
အင်္ဂလိပ်စာဆရာ၊ဆရာမများအနေနဲ့ TESOL, CELTA, DELTA စတဲ့အင်္ဂလိပ်ဘာသာစကားသင်ကြားရေးဆိုင်ရာ အသိအမှတ်ပြုဘွဲ့လက်မှတ်တွေရရှိပြီးလက်တွေ့သင်ကြားရင်းနဲ့ သင်ကြားရေးအတွေ့အကြုံတွေကုံလုံကြွယ်ဝလာနိုင်ပါတယ်။ အဲဒါအပြင်အင်္ဂလိပ်စာဆရာ၊ဆရာမတိုင်း သိကျွမ်း
သင့်တဲ့ ဘာသာရပ်နယ်ပယ် ၃ ခုရှိပါသေးတယ်။ အဲဒီဘာသာရပ်နယ်ပယ်တွေကတော့
1) Linguistics ဘာသာဗေဒ
ဘာသာဗေဒဘာသာရပ်ကိုသိနားလည်ထားရင် မိမိရဲ့အင်္ဂလိပ်ဘာသာစကားသင်ကြားရေးဟာ ပိုထိရောက်အောင်မြင်လာပါလိမ့်မယ်။ ဘာသာဗေဒသုတေသနတွေကဘာသာစကားရဲ့သဘောသဘာဝတွေ၊ ပြောင်းလဲဖြစ်ပေါ်တိုးတက်မှုတွေကို အသေးစိတ်လေ့လာထားတာဖြစ်လို့ ဘာသာစကားသင်ကြားရေးအတွက် insight ထိုးထွင်းသိမြင်မှုကိုရရှိလာမှာဖြစ်ပါတယ်။
2) English Literature အင်္ဂလိပ်စာပေ
အင်္ဂလိပ်စာပေကို CIE မှာ EFL, EdExel မှာ English Literature သင်တဲ့ဆရာ၊ဆရာမတွေသာမက အင်္ဂလိပ်စာဆရာ၊ဆရာမတိုင်း အင်္ဂလိပ်စာပေကိုလေ့လာသင့်ပါတယ်။
အင်္ဂလိပ်စာပေကိုလေ့လာခြင်းအားဖြင့် မိမိသင်ကြားတဲ့ဘာသာစကားရဲ့နောက်ခံ ယဥ်ကျေးမှုကိုသိနားလည်လာသည်သာမက လူ့စရိုက်လူ့သဘာဝနဲ့လောကကြီးရဲ့သဘောသဘာဝကိုပါသိနားလည်လာပြီး emotional intelligence, emotional quotient တွေတိုးတက်လာနိုင်ပါတယ်။
3) World Englishes ကမ္ဘာ့အင်္ဂလိပ်ဘာသာစကားမူကွဲများ
ဒီနေ့ခေတ်မှာအင်္ဂလိပ်ဘာသာစကားကို အင်္ဂလိပ်လူမျိုးတွေသာ ပိုင်ဆိုင်တာမဟုတ်တော့ပါဘူး။ တကမ္ဘာလုံးမှာအင်္ဂလိပ်ဘာသာစကားကိုနယ်ပယ်အသီးသီးမှာအသုံးပြုကြပါတယ်။
အင်္ဂလိပ်ဘာသာစကားကိုတစ်ကမ္ဘာလုံးကအသုံးပြုရာမှာ မိခင်ဘာသာစကားတွေရဲ့ influence ကြောင့် အိန္ဒိယသားတွေရဲ့ဘာဘူ English, စင်ကာပူသားတွေရဲ့ Singlish, Aussie တွေရဲ့ English , New Zealand သားတွေရဲ့ English စတဲ့အင်္ဂလိပ်ဘာသာစကားမူကွဲတွေဟာ accent လေသံသာမက usage အသုံးအနှုန်းတွေပါကွဲပြားကြပါတယ်။
မတူကွဲပြားတဲ့ အင်္ဂလိပ်ဘာသာစကားမူကွဲတွေကိုသိနားလည်ထားရင် နိုင်ငံတကာတက္ကသိုလ်တွေမှာအင်္ဂလိပ်စာသင်ကြားရာမှာဖြစ်စေ၊ multinational corporation ကြီးတွေမှာအလုပ်လုပ်တဲ့အခါ မိမိအတွက် advantage အားသာချက်တစ်ရပ်ဖြစ်လာမှာပါ။ နိုင်ငံတကာသုံးအင်္ဂလိပ်ဘာသာစကားမူကွဲတွေကိုသိနားလည်ထားရင် အနည်းဆုံးတော့ narrow-minded အမြင်ကျဥ်းမြောင်းတာမျိုး၊ one-sided ငါ့စကားနွားရပြောတာမျိုး မဖြစ်တော့ဘူးပေါ့။
အဲဒီနယ်ပယ်တွေကိုလေ့လာခြင်းဖြင့် အင်္ဂလိပ်စာဆရာ၊ဆရာမတွေအမြင်ကျယ်ကြပါစေ။ Love to all. NWMoe
No comments:
Post a Comment