Word Attack
Word Attack ကတော့ ကြိုက်စရာကောင်းပါတယ်။
word attack ဆိုတာ စကားလုံးတွေရဲ့အနက်ကို နားလည်ဖို့အတွက်တတ်မြောက်သင့်တဲ့ word skills တွေထဲက skill တစ်ခုဖြစ်ပါတယ်။
reading comprehension skill ( ဖတ်ရှုနားလည်နိုင်စွမ်း ) ကိုသင်ကြားတဲ့အခါ စကားလုံးကိုတွေရဲ့အနက်တွေကိုဘာသာ ပြန်မပြပဲ word attack နည်းနဲ့ သင်ကြားရင်စာသင်သားတွေ ကိုယ်တိုင် စကားလုံးအနက်ကိုနားလည်သွားရုံမက စွဲစွဲမြဲမြဲမှတ်မိသွားစေတဲ့အကျိုးကိုရရှိစေပါတယ်။
word attack နည်းနာနဲ့သင်ကြားတဲ့အခါ သိချင်တဲ့ word စကားလုံးတစ်လုံးကို အောက်ပါအတိုင်းသင်ကြားသင့်ပါတယ်။
1) Sounding out loud အသံထွက်ကြည့်ပါ
စကားလုံးကို syllable ( အသံစု ) တွေကို ခွဲခြမ်းကြည့်ပါ။
သာဓကအားဖြင့်
enjoyable ကို enjoy/able , en/ joy/ able
ဆိုပြီးခွဲခြမ်းကြည့်ပါ။ တစ်ခုချင်းအသံထွက်ကြည့်ပါ။ ပြီး
တော့ အသံစုတွေပြန်ပေါင်းပြီးရွတ်ဆိုခိုင်းပါ။ နောက်
တစ်ခါ enjoy နေရာမှာ deny ပြောင်းထည့်ကြည့်ခိုင်းပါ။
enjoyable နဲ့ spelling တူသေးလား အဘိဓါန်မှာ
ကြည့်ပါ။ ပထမပုံစံအတိုင်း syllable ခွဲတာ၊ ပြန်စုတာ
လုပ်ခိုင်းပါ။
2) Look for chunks in the word စကားလုံးထဲ
စကားလုံးအစိတ်အပိုင်းတေ့ကိုရှာဖွေပါ
ကိုယ်သိချင်တဲ့စကားလုံးရဲ့အစိတ်အပိုင်းတွေခွဲခြမ်းကြည့်
ပါ။ prefix , suffix တွေကို ခွဲ ကြည့်ပါ။ root , base
word တွေကိုရှာကြည့်ပါ။ သာဓကအားဖြင့်
inexhaustible ကို chunk တွေခွဲကြည့်ရင် in/
exhaust/ ible ဆိုပြီးရလာပါမယ်။ exhaust အနက်က
use up သုံးလို့ကုန်သည် exhaustible က သုံးလို့ကုန်
နိုင်သော၊ ရှေ့မှာprefix ထည့်လိုက်တော့ inexhaustible
က negative ဖြစ်သွားတယ်။ သုံးလို့မကုန်နိုင်သော လို့
အနက်ရပါတယ်။
3) Connect to a word you know
ကိုယ်မသိတဲ့စကားလုံးကိုယ်သိတဲ့စကားလုံးနဲ့ဆက်စပ်
ကြည့်ပါ။ သာဓကအားဖြင့်
outperform ဆိုတဲ့စကားလုံးကိုတွေ့တယ်ဆိုပါစို့။ ကိုယ်
သိတဲ့စကားလုံးက outdo ( ပိုလုပ်နိုင်သည် ) ဆိုရင်
စကားလုံးပုံစံတူနေတဲ့ outperform က ပိုမိုလုပ်ဆောင်
နိုင်သည် ဆိုတဲ့အနက်ဖြစ်မယ်လို့မှန်းဆနိုင်ပါတယ်။
Word Attack နည်းကို အတန်းငယ်တွေကနေ အတန်းကြီးတွေအထိသုံးလို့ရပါတယ်။ upper intermediate , advanced level ဆိုရင် Word Web တွေသုံးပြီးစကားလုံးတွေတစ်လုံးနဲ့တစ်လုံးဆက်နွှယ်ပုံတွေကိုပါ ဆက်ရှင်းပြနိုင်ပါတယ်။ SS ပုံတွေနဲ့ပြထားတာလေ့လာကြည့်ပါ။
အင်္ဂလိပ်စာသင်တဲ့အခါ ဘာသာပြန်တာထက် vocab နားလည်ဖို့ word attack နည်းတွေကို skimming, scanning နည်းတွေနဲ့တွဲပြီး text type သာမက metaphorical meaning အထိပါနားလည်အောင်သင်ကြားသင့်ပါတယ်။ Love to all. NWMoe
No comments:
Post a Comment