Monday, November 3, 2025

Magnesium ဗဟုသုတ

 

💥💥Magnesium ၃ မျိုး ဘာကွာလဲ မေးကြတယ် ထွေး ထင်တာကတော့ Malate -citrate -glycinate ကို မေးကြတာထင်တယ် magnesium တော်တော်များက အိပ်ပျော်စေတယ် အရိုးအတွက်ကောင်းတယ်

#Magnesium malate

Magnesium malate မှာ မက်ဂနီဆီယမ် နှင့် malic acid ပါဝင်တယ်ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်တယ် အရိုးအဆစ်နာကျင်ခြင်းတွေအတွက် သုံးကြတယ် အိပ်ယာထ ခြေဖဝါးနာကျင်တာ တော်ရုံ ဒူးနာတာတွေ အတွက်သုံးကြတယ်
Magnesium malate သည် ပရိုတင်းထုတ်လုပ်မှု၊ သွေးပေါင်ချိန်ထိန်းညှိမှု၊ သွေးတွင်းဂလူးကို့စ်ထိန်းချုပ်မှုနှင့် အခြားအရာများအပါအဝင် ဇီဝဗေဒဆိုင်ရာတုံ့ပြန်မှု ၃၀၀ ကျော်ကို ပံ့ပိုးပေးသည့် မဂ္ဂနီဆီယမ်ဓာတ်ပါ၀င်သော ဖြည့်စွက်စာဖြစ်သည်။

#Magnesium citrate

Magnesium citrate ကလဲ အသုံးပြုသူများပါတယ် Magnesium citrate ကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်တယ်
ဝမ်းချုပ်တဲ့သူတွေ အသုံးပြုကြတယ် ဝမ်းသွားစေတတ်သောအစွမ်းရှိတယ် သွေးပေါင်ချိန်ကျအောင် ကူညီပေးနိုင်ပါတယ်
အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချပေးသည်
ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းကို မြှင့်တင်နိုင်ပါစေ
စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပါတယ်
Migraine မဖြစ်အောင် ကူညီပေးနိုင်ပါတယ်
အရိုးကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်

#Magnesium glycinate

Magnesium glycinate သည် အာရုံကြောစနစ်နှင့် ကြွက်သားများကို ပြေလျော့စေသောကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေရန်အတွက် အထိရောက်ဆုံး မဂ္ဂနီဆီယမ်အမျိုးအစားပါ နှလုံးခုန်နှုန်းကိုထိန်းညှိပေးပါတယ် အမျိုး အစား 2 ဆီးချိုရောဂါဖြစ်ပွါးမှုကို ထိန်းပေးပါတယ် လေ့ကျင့်ခန်းစွမ်းဆောင်ရည်ကို မြှင့်ပေးပါတယ်

Htwe Htwe -09954291444/ 09766889456
#MDY


Magnesium အကြောင်း သိကောင်းစရာ ——-

Magnesium သတ္တုဓာတ် နည်းနေရင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

၁.ခြေသလုံး ကြွက်တက်/ ကြွက်သားတွေ တောင့်တင်းနေခြင်း
၂ နွမ်းလျပြီး ခွန်အားတွေ ဆုတ်ယုတ်နေခြင်း
၃.အရိုးတွေ ချိနဲ့နေခြင်း
၄.အိပ်ပျော်ဖို့ ခက်ခဲခြင်း
၅.ဝမ်းချုပ်ခြင်း
၆.ခေါင်းကိုက်ခြင်း
၇မျက်ခွံလှုပ်ခြင်း
၈.စိတ်ပူ စိတ်စော စိတ်ဆတ်နေတတ်ခြင်း
၈.အချို့ဆေးများဟာလည်း Magnesium လျော့နည်းစေသည်။
ဥပမာအချို့ ——
Acid blockers/ Antacids
၉.နှလုံးခုန် မမှန်ခြင်း (Arrhythmias)
၁၀.ကိုယ်ဝန်ဆိပ်တက်ခြင်း/ လ မစေ့သေးဘဲ မွေးခြင်း နဲ့လဲ ဆက်စပ်နေတတ်ပါတယ်။

၁၁.အရေးကြီးနဲ့ နောက်တစ်ချက်ကတော့ Vitamin D3 မှန်မှန် သောက်ပြီး တွဲဖက် Magnesium ပါ မသောက်ရင် Magnesium ဓာတ် ချို့တဲ့နေတတ်ပါတယ်”
Vitamin D3 ဟာ အလုပ်လုပ်နိုင်ဖို့ Magnesiumကို အသုံးချရပါတယ်။ ပြန် ဖြည့်မပေးနိုင်ရင် Magnesiumဓာတ် လျော့နည်းလာတတ်ပါတယ်။

လိုအပ်နေတဲ့ Magnesium ကို ပြန်ဖြည့်ပေးဖို့ ကျတော့
အစားအသောက်ကဆိုရင် Magnesium rich food ကတော့ Almond ဖြစ်ပါတယ်။
1 oz of Almond= 71mg Magnesium
6 အောင်စ စားမှ လိုအပ်သည့် ပမာဏကို ရနိုင်မှာ ဖြစ်ပါတယ်။

Magnesium ဟာ ခန္ဓာကိုယ်ဇီဝဓာတုဖြစ်စဉ် အမျိုးပေါင်း ၃၀၀ ကျော်မှာ မရှိ မဖြစ်ပါ။

ဗဟုသုတကဏ္ဍ——-

Vitamin D ကို သဘာဝအားဖြင့် ခန္ဓာကိုယ်တွင်း ထုတ်လုပ်ရေးမှာ Magnesium ဟာ သော့ချက်ပါ။

နေပူခံပြီး ultraviolet ray နဲ့ အရေပြားရှိ cholesterol တွေ့ထိပြီးနောက် Vitamin D ထုတ်လုပ်ရေးအဆင့်ဆင့် ဇီဝဖြစ်စဉ်မှာ မရှိမဖြစ် အကူဓာတ် cofactor အနေနဲ့ Magnesiumဟာ ပါဝင်ရပါတယ်။

Magnesium ဓာတ် နည်းနေရင် ချို့တဲ့နေရင် နေပူခံပါသော်လည်း Vitamin D ထုတ်လုပ်ရေးမှာ ပြဿနာ ရှိနေပါတယ်။

ထုတ်လုပ်ရေးသာမက ကလာပ်စည်းတွေထဲမှာ Vitamin D နဲ့ အတူ ဆိုင်ရာအလုပ်တွေ လုပ်ဖို့ Magnesiumဟာ vitamin D ရဲ့ လက်တွဲဖော် ဖြစ်နေပါတယ်။

ခန္ဓာကိုယ်ကတော့ လိုအပ်သလို ရှိတာကို အသုံးချသွားမှာ ဖြစ်ပါတယ်။
ယခုခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် Magnesium ဓာတ် လျော့ပါးလာနေတာက တစ်ကြောင်း ဗဟုသုတတွေ ရလာကြပြီး vitamin D တွေ စတင် သောက်သုံးကြတာက တစ်ကြောင်း Magnesiumဓာတ်တွေ လျော့နည်းလာတတ်ပါတယ်။

Magnesium လျော့နည်းလာတဲ့ လက္ခဏာ အချို့ကတော့
ပျို့အန်ခြင်း
အစာစားချင်စိတ် မရှိခြင်း
ခေါင်းကိုက်ခြင်း
ခြေလက် ထုန်ကျင်ခြင်း
ကြွက်တက်ခြင်း
ကြွက်သားတွေ အားမရှိခြင်း
နှလုံးခုန်နှုံး မမှန်ခြင်း စသည်တို့ ဖြစ်ပါတယ်။

Vitamin D သွေးထဲမှာ များနေသူများသတိပြုရမဲ့အချက်ဖြစ်နေလို့ ဗဟုသုတ အနေနဲ့ တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။

Vitamin D များနေလို့ သောက်နေတာကို ရပ်လိုက်မယ်ဆိုရင် ၂ ပတ်အတွင်းတစ်ဝက်လျော့ကျ သွားနိုင်ပါတယ်၊
Half life of vitamin D about 15 days ပါတဲ့။
Magnesium သောက်ဖို့တော့ မမေ့နဲ့ပေါ့။

Vitamin D blood level ကောင်းနေပေမဲ့ တခါတရံ ကိုယ်လိုချင်တဲ့ အာနိသင် မရနိုင်တဲ့ အကြောင်းတစ်ပါး ဖြစ်နေပါတယ်။

မိမိကိုယ်ကို စောင့်ရှောက်တတ်သူ / စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေ။

#CrdToAbetterHealth
#magnesium
#HealthPlus

#crdဒေါက်တာဒေါ်ခင်နွယ်ဝင်း 

No comments:

Post a Comment