Thursday, November 6, 2025

ဝက်သားတုတ်ထိုး

ပိတ်ရက်မှာ မိသားစုနဲ့အတူ ဝက်သားတုတ်ထိုးလုပ်စားချင်သူတွေအတွက် 👇🏻
ဝက်သားတုတ်ထိုး လုပ်နည်း
အရသာရော အရောင်ရော လှတဲ့ ဝက်သားတုတ်ထိုးကိုလုပ်မယ်ဆို စိတ်ရှည်ရပါမယ်…
🍢ထည့်မယ့်ကလီစာတွေ ကို ရှာလကာရည် ၊ ဆား တို့နဲ့ နှစ်ခါ သုံးခါ ဆေးမယ်
🍢ရေနွေးအိုးတည်ထားပြီး ဆေးပီးသားတွေကို ၅ မိနစ်လောက်ပြုတ်ပီး ပြန်ဆယ် ရေဆေးပါမယ်…
🍢ပြီးရင် ဒယ်အိုးထဲကို နာနတ်ပွင့် သစ်ဂျပိုး ကရဝေး ဖာလာ နဲ့ သကြားအညို (သို့) သကြားခဲ တို့ကို ဆီပူပေးပြီး တုတ်ထိုးလုပ်မယ့် အသားတွေ ထည့်ကြော်ပါမယ်….
🍢သကြားအရောင်ကြောင့် အသားတွေ နီရဲရဲလေးဖြစ်လာမှ ရေထည့်ပြီး ပဲငံပြာရည် အနောက် အကျဲ ခရုဆီ ဆား ကြက်သွန်ဖြူ ဂျင်း တို့ကို ထည့်ပြိး နူးအောင် ပြုတ် ပါမယ်
🍢ကလီစာတွေက ကျက်တဲ့အချိန် မတူတဲ့အတွက် အရင်ကျက်တဲ့ အပိုင်းတွေကို ဖယ်ထုတ်ထားပါ
ဝက်အသည်းကို10-15 min ဆိုဆယ်ပါ
ဝက်အစာအိမ်ဆို တော်တော်ကိုကြာကြာပြုတ်မှရတယ်
ကျန်တာတွေကတော့ အနည်းဆုံး 30-45min လောက်ပြုတ်ရပါတယ်…
နောက်ဆုံး ရေတော်တော်ခမ်း မှ အစုံပြန်ထည့်ပြီး 5min လောက် အတူတူပြန်ပြုတ်ပေးလိုက်ရင် ရပါပြီ

No comments:

Post a Comment