Thursday, November 6, 2025

(A dog-eat-dog society) ကိုယ်‌အောင်မြင်ဖို့အတွက် သူတစ်ပါးကိုချနင်း တဲ့ လူ့အဖွဲ့အစည်းတစ်ခု

 

🔵🔴🟢(A dog-eat-dog society) ကိုယ်‌အောင်မြင်ဖို့အတွက် သူတစ်ပါးကိုချနင်း တဲ့ လူ့အဖွဲ့အစည်းတစ်ခု
➡️စာသင်သူ တွေကိုယ်တိုင်က (Social Platforms) မှာ အချင်းချင်း (Personal Attack) လုပ် ကြတာ တွေ တွေ့နေရတော့ (Teaching Field) ကို ဝင်လာတာမှားပြီလားပေါ့။
➡️ အရင်က (local and international companies) တွေမှာအလုပ်လုပ်ခဲ့တယ်။ (companies) တွေအချင်းချင်း ဈေးကွက်လု ကောက်ကျစ်ကြတာ သဘာဝပါပဲ ပေါ့ဆိုပြီးဒါတွေကိုမကြိုက်လို့ စာသင်တဲ့လောက ကိုပြောင်းလာတယ်‌ ပေါ့။ကိုယ်တိုင်ကလည်း စာသင်ရတာကို သဘောကျ ဝါသနာပါ ပါတယ်။
🎈🎈🎈Professional courtesy 🎈🎈🎈
➡️စာသင်တဲ့လောကမှာလဲ ထို့နည်းတူပဲ (social platforms)မှာ ဆရာအချင်းချင်း တိုက်ခိုက်‌နေကြတာ (professional courtesy) ဆိုတာလဲမရှိ ဘဝတူအချင်းချင်း ဇာတ်တူသားစားကြတာ တွေ့လာရတယ်။ကျွန်တော်တော့တိုက်ခိုက်ခံရတာ‌ တော့မရှိသေးပါဘူး။ ကိုယ်ကလည်း သူများသိပ်မသိသေးတာ ဖြစ်ပါလိမ့်မယ်။
🎈🎈🎈(Bully) လုပ်တာနဲ့တူတယ်🎈🎈🎈
အမြင်မတော်လို့ ကောင်းစေချင်လို့ ဆိုတဲ့ခေါင်းစဉ် အောက်မှာ တစ်ချို့က မိမိထက် (English level) နိမ့်တဲ့ဆရာ တွေကို (Private Channel) ကနေမပြောပဲ (public) မှာ (hero) လိုလို (villain) လိုလိုလုပ်တာက စာသင်တဲ့လောကမှာ တော့မသင့်လျော်ပါဘူး ရုပ်ပျက် တယ်လို့ ထင်မြင်မိပါတယ်။ ဆရာတစ် ယောက်ကို သူ့တပည့် တွေရှေ့မှာ စော်ကားလိုက်သလိုပါပဲလို့ကျွန်‌ တော်မြင်တယ်ပေါ့။
ဉပမာ-
👎 (C1/C2) ရှိတဲ့ ဆရာက (B1/B2 level) ရှိတဲ့ဆရာကို အမှားရှာပြီး public မှာ အရှက်ခွဲတဲ့ ပုံစံ‌ မျိုး လေးတွေပါ။
👎ဒါကို အား ပေးတဲ့ အမာခံပရိတ်သတ် တွေကလဲရှိပါတယ်။
🎈🎈🎈 Ecosystem ကိုမဖျက်စီးပါနဲ့🎈🎈🎈
"ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ"ပေါ့ ခင်ဗျာ။
➡️B1 level ရှိတဲ့ ဆရာက (A1 level) ရှိတဲ့ကျောင်းသားကို သင်လို့ရပါတယ်။ (C1 level) ရှိတဲ့ဆရာက B1 level ကျောင်းသားကိုသင်လို့ရပါတယ်။
➡️ ဖားကို မြွေကစားတယ်၊ မြွေကို သိန်းငှက်ကစားတဲ့ (Food Cycle) ကို ဉပမာယူလို့ရပါတယ်။ အဲ့တာကိုဖျက်စီးလျင် (ecosystem) ကပျက်စီးမှာပါ။
➡️ပိုရှင်း‌ ‌ အောင်ပြောရလျင် (B1 level) ဆရာတွေ က A1 level ကလေးတွေကို A2 ရောက်လာ‌ေအာင်သင် ပေးလို့ B2 level ဆရာ တွေမပင်ပန်းပဲ A2 level ကျောင်းသားတွေကို B1 level ရောက် အောင် အလွယ်တကူသင် ပေးနိုင်တာပါ။ ထိုနည်းတူပဲ (C1/C2 level) ဆရာ တွေက A B C D တော့ ဆင်းမသင်ချင်ကြပါဘူး။အခြေခံပါပြီး (B1/B2 level) ကျောင်းသားတွေကို တန်းသင်လို့ရတာပိုမ‌ ကောင်းဘူးလား။
➡️ ဒါကိုလက်မခံတဲ့ (C1/C2 level) ဆရာတွက (B1/B2 level) ဆရာ တွေမရှိ တော့တဲ့အခါ A B C D ကနေစသင် ပေးဖို့ အချိန်ရှိရဲ့လား ဆရာအင်အား အလုံအလောက်ရှိရဲ့ လား? English level နိမ့်‌ သော်လည်း စေတနာထားသင်တဲ့ ဆရာ တွေ လည်းအများကြီး ရှိကြတာ လည်း မြင်ရလို့ ဒီလို ဆရာ/မ များကိုလည်း အားမလျော့သွားရ‌ လေအောင်တန်ဖိုးထားကြရ‌ ‌ေအာင်ပါခင်ဗျာ။ ကျွန်‌ တော့်ရဲ့အမြင်လေးကို တင်ပြတာဖြစ်ပါတယ်ခင်ဗျာ။
⁉️English level နိမ့်သူတွေကို စာမသင် စေချင်တာလား?
⁉️ (C1/C2 level) ရှိတဲ့ ဆရာတွေပဲ စာသင်သင့်တာလား?
Comments ရေးသွား ပေးလို့လည်းရပါတယ်ခင်ဗျာ။
ကျွန်တော့ရဲ့ အမြင် တစ်ခုတည်းကိုသာ တင်ပြတာဖြစ်လို့ လွတ်လပ်စွာ သဘောာထားကွဲလွဲနိုင်ပါတယ်ခင်ဗျာ။ အမှားပါသွားခဲ့လျှင်လည်းသည်းခံဖတ်ပေးကြပါခင်ဗျာ။
လေးစားစွာဖြင့်
John

No comments:

Post a Comment