တွေးမလား သေမလား
(၂၃၂)
သမားရိုးကျသင်ရိုးညွှန်းတမ်းတွေ ထုံးတမ်းစဥ်လာတွေဆိုတာ
ပါရမီရှင်တွေ ဖောက်ထွက်ဖို့ နဲ့
သာမာန်လူတွေလိုက်နာကြဖို့ ဖြစ်တယ်
( ၂၃၃)
ဟစ်တလာလို
အာရိယန်စိတ်ကြီးဝင်နေသူတယောက်ကို
ရွေးကောက်တင်မြှောက်ခဲ့ကြတာလည်း
ဂျာမန်တွေရဲ့ ဇာတိပုညဂုဏ်မာနကြောင့်ပဲ
သွေးထွက်သံယိုမရှိပဲ
နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းနိုင်ခဲ့တာလည်း
သူတို့လူမျိုးတွေရဲ့ ဇာတိပုညဂုဏ်မာနကြောင့်ပဲ
(၂၃၄)
အနှစ်သာရအားဖြင့်
မျိုးဆက်သစ်အခေါ်ခံထိုက်သူအများစုဟာ
မျိုးဆက်ဟောင်းက မွေးထုတ်ခဲ့တာမဟုတ်ဘူး
မျိုးဆက်ဟောင်းရဲ့ဗိုက်ကိုဖောက်ထွက်လာကြတာ
No comments:
Post a Comment