ကန်စွန်းရွက်ကြော်ချင်းတူရင်တောင် ကိုယ်ကြော်တဲ့
ကန်စွန်းရွက်ကြော်က ပိုစားကောင်းစေတဲ့ ကြော်နည်းကိုမေ က မေကြော်တဲ့နည်းအတိုင်း မျှဝေပေးပါမယ်ရှင် ။
အရင်ဆုံးကန်စွန်းရွက်တွေကို ခြွေပါမယ်
ခြွေတဲ့အခါ အရိုးသပ်သပ်အရွက်သပ်သပ်ထား
အရွက်တွေကြီးရင် နှစ်ပိုင်းပိုင်းပါ
အရိုးကိုတော့ မေ က ငရုပ်ဆုံလုံးလေးနဲ့ မွမွလေး
ဖြစ်နေအောင်ထုပါတယ် ဓားပြားရိုက်တာထက်
ဆုံလုံးနဲ့ထု့ပြီး ကြော်တဲ့ ကန်စွန်းရိုးက မှိုနည်းတူ
အိ့ ပါတယ် ။ မှိုပါထည့်မယ်ဆ်ုရင် မှိုလေးတွေကိုသန့်စင်ပြီး ကန်စွန်းရွက်ကော မှိုလေးတွေကော ဆားရေစိမ်ပါ
အရိုးနဲ့အရွက်မရောပါနဲ့
ကြော်မယ် ဆိုရင် ကြက်သွန်ဖြူ တစ်ပြားရိုက်ထား
အိုးကို ပူနေအောင်အပူပေးမယ်
ဆီထည့်မယ် ဆီပူရင် မှိုထည့်မယ်
မှိုနူးလောက်ပြီဆို ကန်စွန်းရိုးကို ထည့်ကြော်မယ်
ကန်စွန်းရိုးလေးတွေ နူးအိ့ပြီ ဆိုရင် အရွက်ထည့်ပါ
အရသာမှုန့် ကြက်သားမှုန့် ဆား ဟင်းချိုမှုန့်ထည့်ပြီး
ကြက်သွန်ဖြူ ထည့်ပါ ကန်စွန်းရွက်စိမ်းဖို့ဆို အဖုံးလုံးဝမအုပ်ဘဲကြော်ပေးပါနော် ။
ကန်စွန်းရွက်ထည့်ပြီးမှ ကြက်သွန်ဖြူထည့်တာက
အနံ့ကိုပိုမွှေးစေပြီး ဆိုင်ကြော်အရသာအတိုင်းရပါတယ်
ကော်ရည် ငရုပ်သီးစိမ်းကြိုက်ရင် ချခါနီးထည့်ပါ ။
ဆီသပ်ပြီးကြော်တာထက် ပိုကောင်းတယ်
မေ ပြောတဲ့နည်းလေးနဲ့ကြော်ကြည့်ပါ
အဆင်ပြေနိုင်ကြပါစေရှင်
#ကန်စွန်းရွက်ကြော်နည်း
#မြန်မာဟင်းချက်နည်းများ
#ဟင်းချက်
#FoodsVlog
No comments:
Post a Comment