ကြိုးစားရင် လူတိုင်းအောင်မြင်နိုင်သလားဆိုတော့ မထင်ဘူးဗျ။ အခြေခံ အထောက်အပံ့ အခြေအနေတွေကလဲ လိုသေးတယ်လို.ထင်သဗျ။ ဗုဒ္ဓဘာသာအရဆိုရင်တော့ ကံ၊ ဉာဏ်၊ ဝီီရိယပေါ့ ။ ကြိုးစားတာက ဝီီရိယပေါ့။
ဥပမာ အာဖရိကလိုနိုင်ငံလို နေရာမျိုးစစ် ဖြစ်တဲ့နေရလိုမျိုးမှာ အိုင်စတိုင်းလောက် နီးပါး ဉာဏ်ကောင်းလှပါတယ်ဆိုတဲ့ ကလေးတွေ မွေးလာတယ်ဆိုပါစို.ဗျာ။ အဲ့ကလေးသည် ခုနက အိုင်းစတိုင်းရတဲ့ ပညာသင်ခွင့်မျိုးရမှာမဟုတ်ဘူး ။ အဲ့ကျရင် အိုင်းစတိုင်းလို ဘဝမျိုးဖြစ်လာမှာမဟုတ်ဘူး။ ကံမကောင်းရင် ငယ်ငယ်ရွယ်ရွယ်နဲ.တောင် စစ်ထဲပါသွားနိုင်သေးတယ်။
အဲ့လိုပဲ တချို.လူတွေ ဘဝတွေမှာ ဘယ်လောက်ကြိုးစားပေမဲ့ အခြေအနေ ဆိုတဲ့ ကံမပေးရင် အခွင့်အရေးလေး မရရင် ဘယ်လောက်ကြိုးစားစေကာမူ အရာမထင်တာ ဖြစ်မြောက်ဖို.ခဲယဉ်းတာမျိုးရှိမယ်။ ကြိုးစားလို.သူ.နဂိုအခြေအနေထက်တော့ပိုကောင်းလာနိုင်မယ်။ တခြားသူတွေလောက်တိုးတက်ဖို.မလွယ်ဘူးကိုပြောတာ။
ဥပမာ လုပ်ခနည်းနည်းပဲရတဲ့ လက်လုပ်လက်စားလူစားမျိုးပေါ့ ဒါမျိုးတွေသည် ဘယ်လောက်ကြိုးစားကြိုးစား အခြေအနေဘောင်အရ သိပ်မလွယ်လှဘူး။
တချို.က ဒါကို နားမလည်နိုင်ဘူး ဆင်းရဲတာ မချမ်းသာတာလောက်ကို မကြိုးစားလို.လို.ထင်နေကြတာ။ တချို.ဘဝတွေက အခွင့်အရေးကိုမရှိတာ ၊ကိုယ်က အခွင့်အရေးရခဲ့တာ အထောက်ပံ့ကောင်း မိတ်ဆွေကောင်း အစရှိသဖြင့်ရထားတာ တနည်း ကံကောင်းနေတာဆိုတာကိုသဘောမပေါက်ကြဘူး။
ကိုယ်ကအပေါ်ရောက်နေတာဆိုလဲ သိပ်တော့ထူးခြားလှတာမဟုတ်ဘူး အထောက်ပံ့ကောင်း အခွင့်ရေးကောင်းရခဲ့လို.
သူများတွေ အောက်မှာရှိနေလဲ သူတို.မကြိုးစားလို. လို.ဆိုတာတခုတည်းယူဆလို.မရနိုင်ဘူး။ (တချို.အတွက်တွေလောက်ပဲမှန်မယ်)
No comments:
Post a Comment