မော်ရင်ဟိုဆိုတာ တစ်ချိန်ကဘာကာနည်းပြဘော်ဘီရော်ဆင်ရဲ့စကားပြန် ၊ ဘာဘော်လုံးမှ မကန်တတ်ဘူး ဒါပေမဲ့ သူ့အသင်းသားတွေက တော်တော်တန်တန် သူ့ဆဲမရဘူး ဘာသာစကား၆မျိုးတတ်တယ် ...
သူ့ဘဝမှာဘော်လုံးနဲ့ပတ်သက်လို့ ထူးထူးချွန်ချွန်ဆိုလို့ မူလတန်းကျောင်းသားဘဝက ကိုယ့်ဂိုးကိုယ် သွင်းဖူးတာပဲရှိတယ်
ဒီလိုလူက ကမ္ဘာ့ဘော်လုံးလောကကို ကိုင်လှုပ်သွားတယ် စပါယ်ရှယ်ဝမ်းတစ်ကယ်ဖြစ်ခဲ့တယ် ၊ သူက အိမ်ကျယ်လေကြီး ဖာဂူဆန် အာဆင်ဝင်ဂါးတို့လို့ တစ်သင်းတည်းကျောက်ချ လစာ လိမ်စားနေတဲ့သူမဟုတ်ဘူး ၊ မတူညီတဲ့ နိုင်ငံလိဂ်တွေမှာ ဆုဖလားပေါင်းစုံယူပြခဲ့တဲ့ တကယ့်စပါယ်ရှယ်ဝမ်း ...
ဒီလူက ဘာအကယ်ဒမီထွက်မှလဲမဟုတ်ပြန်ဘူး ဒါပေမဲ့ဟိုအကယ်ဒမီထွက် ဒီအကယ်ဒမီထွက် ကလပ်ထွက်တွေကို ဖျင်စုတ်အောင်ဆော်သွားတာ ။ ဘော်လုံးဆိုတာလဲ ဂိုးလဲမပေးရဘူး အနိုင်လဲကန်မှ ဆုဖလားရတာ ၊ တစ်ချို့ပွဲတွေမှာ သူက ခံစစ်အသေပိတ်ကစားတယ် အရုပ်ဆိုးလွန်းတယ် ဒါပေမဲ့သူ့ရည်မှန်းချက်အောင်မြင်တယ် ။ တစ်ချို့ကဝေဖန်ကြတယ် ဘော်လုံးရသပျက်တယ်ပေါ့လေ ၊ ဘော်လုံးရသကောင်းပြီးရှုံးသွားရင် ဘယ်သူတာဝန်ယူပြီး ဖျင်ခံမလဲဗျာ ကျုပ်ပြောတာ မဟုတ်ဘူးလား
ရသခံစားချင်ရင် ဘဲလေးအကကြည့်ပေါ့ ...
ကိုယ်တွေဆီကလူတွေကြည့်လိုက် ဆင်ခြေအမျိုးမျိုးပေးနေတာ နည်းပြကလဲချာ ကစားသမားတွေကလဲချာနဲ့ဗျာ ၊ မြန်မာတွေကအမှတ်သည်းချေတော့ သိပ်မရှိဘူး ဘယ်လောက်ရှုံးရှုံး ဆဲဆိုပြီးခဏငြိမ်သွားတယ် ၊ ဘာပွဲညာပွဲရှိပြန်ပြီဆို မြန်မာနိုင်ပြီသီချင်းကဆိုချင်သေးတာ ။ ဒါပေမဲ့ ကန်တဲ့သူတွေကလဲ ကိုသာဆိုးချည်းပဲ သိကြားမင်းဆင်းနည်းပြလဲမရဘူး ၊ နည်းပြတွေကြည့်ပြန်တော့လဲ လူရိုသေရှင်ရိုသေ နည်းပြမငှားနိုင်ဘူး
မော်ရင်ဟိုကြီး အမရပူရ တောင်သမန်တံတားလာလည်တုန်းက မြန်မာနိုင်ပြီသီချင်းကို မယ်ဒလင်လေးနဲ့ ဖျော်ဖြေခဲ့တဲ့ပုံလေးနဲ့ တင်ဆက်လိုက်ပါတယ်
No comments:
Post a Comment