ရန်သူသတ်၍ သေသူ သေရ၏။
ရန်သူကိုတိုက်ရင်း သေရသူလည်း ရှိ၏။
တချို့ ကိုယ့်အချင်းချင်း သတ်၍ သေရပြန်၏။
မြန်မာပြည်ရှိ လူသုံးယောက်တွင် တစ်ယောက်နှုန်း ဆာလောင်မွတ်သိပ်စွာ အိပ်ယာဝင်နေကြရသည်ဟု ဆိုသည်။ ငတ်၍ သေသူ မရှိ နေပါမည်လား။
ငတ်၍သေအောင် သတ်ဖြတ်နေသူတရားခံများကိုလည်း အရေးယူနိုင်အောင် ကြိုးစားသင့်ပါ၏။
ငတ်နေသူ၊ ငတ်၍သေသွားသူများကိုလည်း လှည့်ကြည်ရန် လိုပါသည်။ အငတ်ဘေးဖြင့် ထပ်မသေအောင် ကယ်တင်ကြဖို့ လိုပါမည်။
No comments:
Post a Comment