[English below]
မင်္ဂလာပါ။ ဆရာ၊ ဆရာမများအတွက် သတင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
“အလယ်တန်း အထူးပြု သမိုင်းဘာသာရပ် အဆင့်မြင့်သင်ကြားနည်း” သင်တန်းသစ်လေးကို တက်ရောက်ပြီး ဆရာဆရာမတို့ရဲ့ သင်ကြားရေး အရည်အသွေးကို မြှင့်တင်နိုင်ပါပြီ။
အလယ်တန်းသမိုင်းဘာသာရပ်ကို စနစ်တကျ သင်ကြားနိုင်ဖို့ ဒီသင်တန်းကိကို သင်ရိုးညွှန်းတမ်းနဲ့ သင်နည်းဗေဒကို ပေါင်းစပ်ပြီး ပြင်ဆင်ပေးထားပါတယ်။ ဆရာဆရာမများအနေနဲ့ အလယ်တန်းသမိုင်းဆိုင်ရာ အသိပညာတွေအပြင် ဘာသာရပ်နဲ့ သင့်လျော်တဲ့ သင်ကြားရေးချဉ်းကပ်နည်း၊ သင်ထောက်ကူရင်းမြစ်တွေနဲ့ စစ်ဆေးအကဲဖြတ်နည်းတွေကို သင်ယူရရှိနိုင်မှာဖြစ်ပြီး လူတိုင်းအကျုံးဝင်တဲ့ သင်ယူမှုဝန်းကျင်တစ်ခု ဖော်ဆောင်ရာမှာလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ယခုသင်တန်းမှာ သင်ယူရမဲ့ မော်ဂျူးတွေကတော့ –
• သမိုင်းဘာသာရပ်ကို မိတ်ဆက်သင်ကြားခြင်း
• သမိုင်းဘာသာရပ် သင်ကြားသင်ယူခြင်း
• မြန်မာ့သမိုင်း
• ကမ္ဘာ့သမိုင်း
• အုပ်စုငယ်ဖြင့် စမ်းသပ်သင်ကြားခြင်း
• သမိုင်းဘာသာရပ်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
အထူးအစီအစဉ်အနေနဲ့ ပထမဆုံး တက်ရောက်ပြီးစီးသူ (၃၀) ဦးအတွက် ဖုန်းငွေဖြည့်ကတ်များကို မေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်ပေးမှာဖြစ်တဲ့အတွက် အောက်ပါလင့်ခ်မှတစ်ဆင့် သင်တန်းတက်ရောက်ပြီး သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို ပေးပို့ပါဝင်နိုင်ပါတယ်။
ယနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ –https://shorturl.at/Z5Djd
လက်မှတ်ပေးပို့ရန် – training.myanmar@unesco.org
သင်တန်းမိတ်ဆက်ဗီဒီယို ကြည့်ရှုရန် – https://youtu.be/6zOshkm-1S0
သင်တန်းနှင့်ပတ်သက်သည့် ဗီဒီယိုလမ်းညွှန်များ –
Facebook: https://www.facebook.com/UNESCOMyanmar/videos/1412504626087677/
YouTube: https://www.youtube.com/@mtpunescomyanmar
အလယ်တန်းသမိုင်းဘာသာရပ်ကို အဆင့်မြင့် သင်ကြားနိုင်ဖို့အတွက် ဒီသင်တန်းက အခွင့်အလမ်းကောင်းတစ်ခုပဲ ဖြစ်တာကြောင့် လက်လွတ်မခံပါနဲ့နော်။
Mingalarbar! Great news for teachers!
You can now elevate your teaching skills by enrolling in a new course: "Mastering History Teaching for Middle School Specialisation Track."
This course is meticulously designed to help you teach Middle School History more effectively by blending the essential curriculum knowledge with the latest in pedagogy. You will gain knowledge of Middle School History content, appropriate teaching approaches, resources, and assessment techniques, which will also support you in fostering an inclusive learning environment.
The modules you'll explore in the course are:
• Introduction to History
• Teaching and Learning in History
• Myanmar History
• World History
• Micro-teaching
• Assessment in History
Special Offer
The first 30 participants who complete the course will receive a complimentary phone credit as a token of appreciation. To participate, attend the course and submit your certificate of completion using the link provided below.
Register today – https://shorturl.at/Z5Djd
Submit your certificate to – training.myanmar@unesco.org
Watch the course introduction video – https://youtu.be/6zOshkm-1S0
For additional course video guides –
Facebook: https://www.facebook.com/UNESCOMyanmar/videos/1412504626087677/
YouTube: https://www.youtube.com/@mtpunescomyanmar
This is an excellent opportunity to level up your Middle School History teaching, so don't miss out!
#TeacherEducation #FreeOnlineLearning #History #MasteringTeachingHistory #MiddleSchoolSpecialisationTrack #MyanmarTeacherPlatfrom #အလယ်တန်းအထူးပြုသမိုင်းဘာသာရပ်အဆင့်မြင့်သင်ကြားနည်း
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Tuesday, November 4, 2025
အလယ်တန်း အထူးပြု သမိုင်းဘာသာရပ် အဆင့်မြင့်သင်ကြားနည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment