Thursday, November 6, 2025

မိမိကိုယ်ကိုအချိန်တိုင်းကာကွယ်ဖို့တာဝန်ရှိတယ်

ဒီ US နိုင်ငံမှာ ဥပဒေက လက်တစ်လုံးကြား လုပ်လို့ရတဲ့ အပေါက်တွေ အများကြီး ရှိတယ်ဆိုတာ သိလိုက်ရတယ်!

ကိုယ်နဲ့ မဆိုင်ပေမည့် ရဲစခန်းမှာ ၁နာရီလောက် စောင့်ပြီး ရှေ့လူတွေကိစ္စတွေကို ကြည့်လိုက်ရတာ ဒီက ဥပဒေဆိုတာကြီးကို တရားရသွားတယ်ဗျ!

#ကိုယ်ဖြစ်ကိုယ်ခံပဲ မိတ်ဆွေ

ဒါကြောင့် #မိမိကိုယ်ကိုအချိန်တိုင်းကာကွယ်ဖို့တာဝန်ရှိတယ် ဖြစ်လာရင် ဘယ်သူမှ ကိုယ်ဖက်မှာမရှိဘူးနော်! အားလုံးက Movie ထဲကလို သေမှကျိုးမှ အကုန်ကုန်ပြီဆိုမှ ​ရဲတွေ ရောက်လာမည့် အနေအထားနော်! အားလုံးက ဒီမှာ အပြအနေနဲ့တော့ အရမ်းကောင်းတယ်! Display Value ​မြင့်တယ် Real Value အရမ်းနည်းတယ်!

#အားတိုင်း_စိတ်ကူးပေါက်တိုင်း_တရားဆွဲနေတဲ့တိုင်းပြည်ဆိုတော့ လူတွေလည်း ထုံနေပြီဗျ! ဖြစ်နေကြလိုဖြစ်ပြီး လက်ယဥ်သွားပြီ ရင်မခုန်တော့ဘူး!

တစ်ကယ့် မေးခွန်းက တစ်ကယ် ဒီမှာ အလုပ်လုပ်ကြရဲ့လား? Effective ဖြစ်ရဲ့လား?

‼️လက်ရှိ US မှာ နစ်ချီနေနေသူအနေနဲ့ ပြောရရင် NO ပါဗျ! ဒါ​ကြောင့် ဘာဖြစ်ဖြစ် ကိုယ်ဟာကို လုံနေအောင်လုပ်ထား မလုပ်နိုင်ရင် ကိုယ်ခံရမယ် ဒါပဲ!

US System ပဲ! ကျန်တာအပြတွေပဲ ကိုယ်နောက်မှ ဘာမှမရှိဘူး!

ဒါကြောင့်လည်း ဒီလောက် စီစစ် ရဲတွေများနေတဲ့ကြားက ကျူးလွန်သူတွေ များနေတာပဲ! ဘာအဖြစ်မှမရှိသလောက်ပဲ!

US က အသက်ကြီးတဲ့အချိန် စိတ်အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် Work Life Balance တစ်ခုနဲ့ အေးအေးဆေးဆေးနဲ့ အသက်ထွက်လို့ကောင်းမည့် နိုင်​ငံ​တော့ ပိုသိလာလေ ပိုမထင်လေပါပဲ!

ဒီမှာ Financial and Education Structure တစ်ခု တည်ဆောက်ပြီး ဒီကရတဲ့ Stable Income Stream နဲ့ ဒီထက်ပိုပြီး Safe & Reliable ဖြစ်တဲ့တိုင်းပြည် ဘဝဆန်တဲ့ တိုင်းပြည်မှာ အသက်ကြီးတဲ့ အချိန် ၆၀ ၆၅ လောက်စပြီး နေဖို့ကြိုးစားတာက အများကြီး More Safer than US ဖြစ်ပါလိမ့်မယ်!

ကိုယ်တွေပဲ ဒီလိုမြင်နေတာလားဆို NO ပါ သူတို့ Citizen တွေ US နဲ့ တစ်သားတည်း ဖြစ်နေတဲ့ အမဲလူမျိုးတွေတောင် အရင်ကလို မဟုတ်တော့ဘူးလို့ အဆိုးတွေအရမ်းများတယ် မလိုအပ်တဲ့ စရိတ်တွေ အရမ်းကြီးလို့ တစ်​ခြားနိုင်ငံပြောင်နေဖို့ ခံယူလာကြတယ်!

(ကျွန်တော် အခု US Visa တွေ ခဏ နားထားချိန်မှာ Canada နဲ့ Schengen Visa တွေ အကုန် Profile စစ်ပြီး ဖြစ်နိုင်တယ်ဆို အတူတူ ကြိုးစားပေးနေပါတယ်!)

#kyawkyawaung
#worklifebalance

#LifeInUSA 

No comments:

Post a Comment