မြန်မာနိုင်ငံသားကို တရုပ်ခေါ် သေဒဏ်ပေးတာ မြန်မာအချုပ်အခြာအာဏာကို နိုင်ငံတကာမှာ လက်ခလယ်ထောင်ပြတာပဲ။ သူတို့ မှာ မြန်မာနိုင်ငံသားကဒ်ရှိပါတယ်။ မြန်မာဥပဒေမှာ နှစ်နိုင်ငံသား ခံယူခွင့်မရှိပါ။ ဒါကြောင့် သူတို့ဟာ တရုပ်နိုင်ငံသား မဟုတ်ပါဘူး
သူတို့ဟာ ကြံဖွတ်ပါတီဝင်တွေပါ။
သူတို့ဟာ လွှတ်တော်အမတ်ဟောင်းတွေပါ။
သူတို့ဟာ တပ်မတော် နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် ညွန်ကြားရေးဌာန လက်အောက်ခံ တရားဝင် တပ်မတော်သားတွေပါ။
တပ်မတော်သားတွေနေ့စဉ် သစ္စာဓိဌာန်ပြုတဲ့အခါ "ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြု"ဆိုရင် သူတို့လည်း ပါဝင်နေမှာပါ။
မြန်မာစစ်တပ်အနေနဲ့ သူတို့ ဆေးထိုးစီရင်ခံရတဲ့ နေရာကို သွားရောက်ပြီး ပြန်တမ်းဖတ်ပေးသင့်ပါတယ်။ မိမိသစ္စာခံ တွေကို ပစ်ပယ်မထားသင့်ပါ။ မဟုတ်ရင် သရဲဖြစ်ပြီး နေပြည်တော်အထိ လာရောက်နှောက်ယှက်နိုင်ပါတယ်
( ဟောဒီမှာ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ယနေ့ (မအလရဲ့ တရားမဝင် UEC ဥက္ကဌ) သိန်းစိုး လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ကြည့်ပါ)
Credit
No comments:
Post a Comment