ရေပေါ်မှာပေါလောပေါ်နေတာက ဆီ
" ရေပေါ်ဆီ " ပေါ့....ရေပေါ်ဆီပေါ်မှာက ပုရွက်ဆိတ်နှစ်ကောင်
သူတို့အခြေအနေကို ရေနစ်နေတဲ့ပုရွက်ဆိတ်တွေကလှမ်းကြည့်ပြီး သနားကြ စိုးရိမ်ကြ စိတ်ပူကြ
အမှန်အမှားဆုံးဖြတ်ကြနဲ့လုပ်နေကြတာ
ရေပေါ်ဆီပေါ်က ပုရွက်ဆိတ်တွေက
အချိန်တန် ဖန်ခွက်နှုတ်ခမ်းပေါ်ပြန်တက်ပြီး
သူ့အလုပ်သူဆက်လုပ်ကြမှာ
ရေနစ်နေတဲ့ပုရွက်ဆိတ်တွေကတော့
ကြည့်ရင်းနစ် ၊ နစ်ရင်းကြည့်ပေါ့....
No comments:
Post a Comment