Sunday, November 9, 2025

စစ်တပ်ကို ပြိုလဲစေနိုင်တဲ့အကြောင်းအရာ ၂ ချက်

 တော်လှန်​ရေးကို အလှည့်အပြောင်းဖြစ်စေနိုင်ပြီး စစ်တပ်ကို ပြိုလဲစေနိုင်တဲ့အကြောင်းအရာ ၂ ချက်ကို မြင်မိတယ်

ပထမတချက်က တောင်တန်း ပြည်မ ညီညွှတ်သော တပ်ပေါင်းစုတွေ ဖြစ်လာပြီး နေရှင်းဝှိုက်စစ်ရေးဖြစ်စေ တိုင်းဒေသကြီးတခုခြင်းလိုက် မဟာဗျူဟာကျစစ်ရေးတွေ ပေါ်ပေါက်လာဖို့ဖြစ်တယ်
ဒုတိယတချက်ကတော့ စစ်လ_က်နက်နည်းပညာပိုင်း တိုးတက်မြင့်မားလာဖို့ဖြစ်တယ် အဲဒီထဲမှာမှ ဒရုန်းနည်းပညာပိုင်း အဆင့်မြင့်တင်နိုင်ခြင်းဟာ တော်လှန်ရေးကို ရုတ်ခြည်း အဆုံးအဖြတ်ဖြစ်စေနိုင်ပါတယ်
ဒီအကြောင်းအရာ ၂ ခုလုံးက ခဏ ခဏ ရေးပြဖူးပါတယ် NUG ကိုရော EROs တွေကိုရော ဒရုန်းနဲ့ လ_က်နက်ကြီးနည်းပညာပိုင်း မြင့်တင်နိုင်ဖို့ တို_က်တွန်းစေချင်တယ်
စစ်ပွဲတွေဟာ သမာရိုးကျပုံစံအတိုင်း သွားနေမယ်ဆို စစ်တပ်အမြစ်ပြ_တ်ဖို့ အချိန်တခုယူနေရမှာဖြစ်ပြီး ဟိုဖက် ဒီဖက် မျှခြေဖြစ် အကြ_မ်းဖက်ခံရမှုတွေတိုးလာပြီး တော်လှန်ရေးဟာ အီလည်လည် ဖြစ်မှာကို မြင်နေမိတယ်
ငွေရှာ လ_က်နက်စု ဗျူဟာဆွဲ စစ်ဆင်ရေးစ တပ်ရင်းတွေသိမ်း မြို့သိမ်း တို_က်ပွဲတွေဟာ ဒေသတခုလုံး တနိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့အထိ တပြိုင်တည်းစစ်ရေး မစတင်နိုင်သရွေ့ တော်လှန်ရေးဟာ အကုန်အကျများနေမှာဖြစ်ပြီး ရင်းနှီးရမှာတွေ များနေမှာဖြစ်တယ်
အနည်းဆုံးတော့ ပြည်မ ဗမာတိုင်းဒေသကြီးတွေဟာ တိုင်းဒေသတခုခြင်းစီအလိုက် ကြားကာလအစိုးရတခုခြင်းစီ ပေါ်ပေါက်လာပြီး တိုင်းဒေသကြီးတခုခြင်းအလိုက် မဟာဗျူဟာကျစစ်ရေးတွေ ​ပေါ်ပေါက်လာဖို့ အချိန်တန်ပြီဖြစ်တယ်
မဟာမိတ်စစ်ရေး တိုင်းဒေသကြီးအလိုက်စစ်ရေးတွေက တော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေနိုင်သလို တဖက်မှာ ဒရုန်းနဲ့ လ_က်နက်ကြီးနည်းပညာတွေကလည်း တော်လှန်ရေးကို အဆုံးသ_တ်ရောက်ဖို့ မြန်​စေနိုင်ပါတယ်
ဒါကြောင့် NUG EROs တွေအနေနဲ့ ဒရုန်းနည်းပညာပိုင်း ပိုမိုရင်းနှီးမြုပ်နှံဖို့ ပိုပြီးအားစိုက်ဖို့ အချိန်တခုယူ စနစ်ကျကျ ပြင်ဆင်ဖို့ တို_က်တွန်းချင်မိတယ်
ဒီပို့စ်နဲ့ဆက်စပ်ပြောရမယ်ဆိုရင် တော်လှန်ရေးအတွက် ဒရုန်းနဲ့ပတ်သက် အားကိုးရတဲ့ Federal Wings ကနေ သူတို့ရဲ့ ထုတ်လုပ်ရေးနဲ့ Research & Development လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ တလ ၅ သောင်းနဲ့ တနှစ်ဆက်တိုက်ထောက်ပို့ပေးနိုင်မယ့် Wingman ထောက်ပို့တပ်သား တထောင် ခေါ်ယူနေတာတွေ့လို့ Wingman အဖြစ် တတပ်တအား အားဖြည့်ပါဝင်ထားတယ်
@@

No comments:

Post a Comment