စစ်ပွဲတွေအနက် အပြင်းထန်ဆုံးနဲ့ အကျိုးဆက်အကြီးမားဆုံး စစ်ပွဲမျိုးကို Major War လို့ သတ်မှတ်ကြတယ်။ စစ်ပွဲအတွက် နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ် အကုန်ထုတ်သုံးရတယ်။ အရပ်သားပြည်သူတွေ အစုံလိုက်အပြုံလိုက် သေကြေရတယ်။ ကပ်ဘေးကြီးများ(ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယ) ကျရောက်တတ်တယ်။ စစ်ပွဲပြီးသွားရင်တောင်မှ နောက်ဆက်တွဲဆိုးကျိုးကို မျိုးဆက်နဲ့ချီပြီး ခံရတတ်တယ်။ မြန်မာ့ပြည်တွင်းစစ်ကို Major War အဖြစ် သတ်မှတ်ကြတာ တွေ့ရမယ်။
No comments:
Post a Comment