Thursday, September 18, 2025

Air Fryer နဲ့ Beefsteak medium လုပ်နည်း

 Air Fryer နဲ့ Beefsteak medium လုပ်နည်း။ အလွယ်တကူ 6-6-6 method လို့မှတ်တယ်။

အမဲသားကို ရေပြောင်အောင်သုတ်။
ဆား/ ငရုတ်ကောင်းမှုန့်နဲ့ နှံ့အောင်နယ်။ Air Fryer ထဲကို အမဲသားထည့် အမဲသားပေါ် Butterတင်
ကြက်သွန်နီ/ ကြက်သွန်ဖြူ/ မုန်လာဥနီ/ ကညွတ်တို့လို့ တွဲစားချင်တဲ့ အသီးအနှံတွေထည့်။
အပူချိန် ၂၀၀ နဲ့ ၆မိနစ်ကင်
အမဲသားကို တဖက်လှန် အပူချိန် ၂၀၀ နဲ့ ၆မိနစ်ကင်
ပြီးရင်ထုတ်ပြီး ၆မိနစ်အအေးခံပြီး လှီး။ အာရှဆန်ဆန် အမဲသားကို ထမင်းဖြူနဲ့ပဲ တွဲစားတယ်။ အမဲသားကနေပိုတဲ့ Butter တွေကိုဆားထည့်ပြီး ထမင်းနဲ့နယ်။ အမဲသားနဲ့ တွဲစားဖို့ Seafood Sauceနဲ့။
ကြက်ဥအနှစ်ကို ပဲငံပြာရည်စိမ်ထားတာရှိရင် ထည့်စားတာပိုကောင်းတယ်။

No comments:

Post a Comment