Thursday, September 18, 2025

မဟာဗျူဟာ မြင်နိုင်မှု သိမှုစွမ်းရည်

 စစ်တုရင်ကစားရာမှာ Beginner တွေဟာ

One move thinking ahead ခေါ်တဲ့
ပြိုင်ဘက်ရဲ့Counter Attack တစ်ကြိမ်ကိုသာ
မြင်နိုင်တဲ့အဆင့်ပဲရှိကြပါတယ်။
Intermediate Level မှာတော့ ပြိုင်ဘက်ရဲ့
သွားလမ်းနဲ့ ပြောင်းလဲနိုင်တဲ့ အခြေအနေဆိုတဲ့ နှစ်ခု
Two move thinking ahead ကို မြင်နိုင်ကြတယ်။
Advanced or Expert ကျွမ်းကျင်သူအဆင့်မှာတော့
3-4 move thinking ahead ဆိုတဲ့
သုံးလေးလှည့်ကို ကြိုမြင်နိုင်တဲ့ တွေးခေါ်မှုကိုရရှိကြပြီး
မိမိအတွက် အသင့်လျှော်ဆုံးလမ်းကြောင်းကို ရှာဖွေတတ်ကြတယ်။ တနည်းအားဖြင့် နည်းဗျူဟာကို စဉ်းစားနိုင်ပြီ။
5-6 more move thinking ahead ကိုမြင်နိုင်စွမ်းရှိသူတွေကိုတော့ Master အဆင့်လို့သတ်မှတ်ကြပါတယ်။
အဲ့ဒီအဆင့်မှာသာ မဟာဗျူဟာဆိုတာကို သုံးနိုင်ကြတာပါ။
အဲ့ဒီတော့ တစ်ဆင့်/တစ်ကွက်မြင်သူတွေဟာ မမှားဘူး။
သူ၏ မြင်နိုင်မှု သိမှုစွမ်းရည်သည် ဒီလောက်ပဲလို့
ကျွန်တော်တို့နားလည်ထားရမယ်။
ဒါပေမယ့်
အခု ကျွန်တော်ပြောနေတာတွေက
စစ်တုရင်ထိုးတဲ့ အကြောင်းတော့ မဟုတ်ဘူးပေါ့ဗျာ။
MT 9.15.25

No comments:

Post a Comment