Saturday, February 1, 2025

ကောင်းမွန်စွာ အစာချေဖို့- To A Better Health

 အကြံကောင်းတစ်ခု

ဖြည့်စွက်စာတွေ ဈေးကြီးနေသည့်အခါမှာ ကိုယ်တွေ့အကြံလေး ပေးပါဦးမယ်။
အကြံပေးနေတာပါနော်။ မိမိတို့ သဘောအတိုင်းပါ။
အစာစားသည့်အခါ ကောင်းမွန်စွာ အစာချေဖို့ လိုအပ်တာကြောင့် အရင်ကဆိုရင် Ox bile/ digestive enzyme/ Betaine HCL with Pepsin ကို မှန်မှန်သောက်လေ့ ရှိပါတယ်။
ဈေးတွေကလဲ တရိပ်ရိပ်နဲ့ တက်လာတာကြောင့် ပြန်စဉ်းစားကြည့်မိပါတယ်။
ဘာကို မသောက်ဘဲနေရင် ရမလဲပေါ့။
အစာ မစားခင် ပန်းသီး ရှာလကာရည်ကို ရေနဲ့ရောပြီး “မှန်မှန်သောက်ကြည့်တာ” အခြားဘာမှ သောက်စရာ မလိုတော့တာကို တွေ့ရပါတယ်။
စမ်းသပ်ကြည့်တာပါ။
ရေ၈အောင်စ + ပန်းသီးရှာလကာရည် ထမင်းစား၂ ဇွန်း ဆိုရင် ရပါပြီ။
Organic apple cider vinegar with the mother ဖြစ်ရပါမယ်။
1 cup = 8 fluid oz = ရေတစ်ဖန်ခွက်
ကိုယ်တွေ့ စမ်းသပ်ကြည့်နေတာ တစ်လနီးပါး ရှိနေပါပြီ။
အတော်လေးကို အဆင်ပြေနေတာကို လက်တွေ့ကျကျ တွေ့နေရပါတယ်။
အစာကြေပြီး နေလို့ထိုင်လို့ အလွန်အဆင်ပြေနေပါတယ်။
မကုန်သင့်တဲ့နေရာမှာ မကုန်ရအောင်ပါ။
တစ်ယောက်နဲ့ တစ်ယောက်ဟာလဲ မတူကြတာမို့ မိမိတို့ အဆင်ပြေသလိုသာ —-

No comments:

Post a Comment